သိချင်တာလေး ရှိတယ်

ဆူးOctober 17, 20101min17810

အနောက်တိုင်း ရုပ်ရှင်တွေမှာ ဆင်ဆာ ဆိုတာ ရှိသလားဟင်.. မြန်မာပြည်မှာ လို အဖော် အချွှတ်တွေ ဆင်ဆာ လုပ်တာမျိုး… ဘာညာကွိကွ ဆင်ဆာ လုပ်တာမျိုး ကော ရှိလား အဲဒါလေး သိချင်တယ်.. အဖော်အချှတ်ကတော့ ဆင်ဆာ မရှိဘူးထင်ပါတယ် ရုပ်ရှင်တွေမှာ ပါနေတာ အထူးအလေးပေးထားတာတွေ ရှိနေတာဘဲ ဆိုတော့.. ပထမ ပြောတာ ဥပမာ ကိုပြောတာပါ ကိုယ်နဲ့ လက်လှမ်းမှီတဲ့ ဥပမာ ကို ဆွဲထုတ်ပြောတာ.. သိချင်တာကတော့ ဆင်ဆာရှိလား သို့တည်းမဟုတ်.. ကန့်သတ်ချက် တားမြစ်တဲ့ဟာမျိုး ရှိသလား သိချင်ပါတယ်။
တရုတ်ပြည်မှာတော့ ဆင်ဆာ ရှိတယ်လို့ ထင်တယ် avatar ရုပ်ရှင်တောင် ပိတ်တယ်လို့ သတင်းကြားတော့.. သူ့နည်း သူ့ဟန်နဲ့ တားမြစ် ကန့်သတ်ချက် ရှိမယ်ထင်တယ်။ သိတဲ့ လူဖြေပေးပေါ့။ လွတ်လပ်တဲ့ တိုင်းပြည်မှာကော ဘယ်လို ကိစ္စတွေ ကန့်သတ်တာမျိုး ရှိလဲ သိချင်သေးတယ်။
မနက်ပိုင်း နဲ့ နေ့လည် ပိုင်း အထိ ဆိုက်က ကျန်းမာရေး မကောင်းဖြစ်နေလို့ အကောင့်က ဝင်လိုက်လည်း အလိုလို ပြန်ထွက်ထွက်သွားတာ ကြုံနေရလို့.. အခုမှ စိတ်ကူးပေါက်တာ ထမေးကြည့်တာ.. အခုတော့ နေကောင်းနေပြီထင်ပါရဲ့.. အက်ဒမင်နဲ့ လူကြီးများ.. ကျန်းမာရေး ကောင်းအောင် လုပ်ကြပါအုန်း နေ့စဉ် ကွန်ပြူတာ ရှေ့ထိုင်တာနဲ့ ဒီဆိုက်မှာဘဲ အားရပါးရ စိတ်ရှိတိုင်း ရေးနေတာ ဆိုတော့ ဆိုက်ကလေး နေမကောင်းဖြစ်နေရင် ဟာတာတာကြီး.. ဘာပဲ ပြောပြော သံယောဇဉ်ဖြစ်နေလို့လား မသိဘူး.. မဝင်ရရင် မနေနိုင်သလို ဝင်ပြီးရင်လည်း တခုမကျန် မလွတ်တမ်း ဖတ်နေတာ.. ပိုစ် တော်တော် များများမှာ ဆူးနာမည်ပါနေတာ အားလုံးလည်း သိကြမှာပါ..
Do & Don’t ပိုစ်မှာ ဒီဆိုက်ကလေးကို ဖိုရမ် လို သဘောထားဖို့ ရေးထားတော့ စာတွေ တင်တာ ကမန့်တွေ ပေးတာ အတွက် ပိုပြီး စိတ်ပေါ့ လက်ပေါ့ ရှိသလို ခံစားရတယ်။

10 comments

  • kai

    October 17, 2010 at 10:27 am

    ဆင်ဆာရှိပါတယ်..။
    ဘယ်လိုလဲဆိုတော့ Rating သတ်မှတ်တာပါ။ အဲဒါကြောင့်ရုပ်ရှင်ပြရင်… ပြပြချင်း အစိမ်းရောင်အကွက်နဲ့ ဘာအဆင့်လဲစာတန်းထိုးပါတယ်..။
    ( ဒီဗီဒီ။ ဘလူးရေးဘူးတွေမှာလည်း တွေ့ဖူးမျာပေါ့..အဲဒီအဆင့်လေးတွေ..)
    ဥပမာ.. ဆိုရင် R သတ်မှတ်လိုက်တယ်ဆိုပါတော့..။ အဲဒါကလေးတွေကြည့်လို့မရပါဘူး။ ရုပ်ရှင်ရုံသွားရင်… မသင်္ကာရင်အိုင်ဒီ၊ ကျောင်းသားကဒ်တောင်းပြိး .. အသက်မပြည့်ရင်ပေးမကြည့်ပါဘူး..။ ဒါကိုလုပ်နေမနေသိဖို ့..အစိုးရက အန်ဒါကာဗာလွတ်ပြီး ဝင်ဝင်စစ်တတ်တာမို ့.. တော်ရုံနဲ့ ကလေးတွေမသွင်းရဲပါဘူး..။
    ယူအက်စ်ရဲ ့ဆင်ဆာစံနစ်က … လုပ်ချင်တာလုပ်..လွှတ်ပေးထားပြီးမှ… ဖေါက်ဖျက်ရင် ဒဏ်ငွေဆောင်ခိုင်းတာပါပဲ..။
    အတင်းကြီးလိုက်ပိတ်နေတာရယ်တော့မဟုတ်ပါဘူး..။
    ဆိုတော့..
    တီဗီရှေ ့ထိုင်ပြီး… ကလေးတွေမအိပ်သေးတဲ့အချိန်မှာ .. အမျိုးသမီးရင်သားအလုံးစုံအထိတော့ တီဗီမှာမြင်ရမယ်မထင်ပါနဲ့..။
    လုံးဝကိုပိတ်ထားပါတယ်..။

    အဲဒီ ရှုပ်ရှက်ခတ်နေတဲ့ ဥပဒေတွေနားလည်ဖို့ အင်မတန်ခက်ပါတယ်။ ကျောင်းတက်ပြိး ကျောင်းပြီးမှ သိတာပါ။ အဲလိုလူတွေမာစတာအဆင့်တွေက ..ကိုယ့်ကားကိုယ် မထုတ်ခင် ..ဥပဒေပညာရှင်တွေနဲ့တိုင်ပင်ပြီး ကြိုဆင်ဆာလုပ်ကြတာပါ။
    ===========
    http://en.wikipedia.org/wiki/Motion_Picture_Association_of_America_film_rating_system
    G- General Audiences
    All ages admitted
    (1968-present)
    PG- Parental Guidance Suggested
    Some material may not be suitable for children
    (1972-present)
    PG-13- Parents Strongly Cautioned
    Some material may be inappropriate for children under 13
    (1984-present)
    R- Restricted
    Under 17 requires accompanying parent or adult guardian
    (1968-present)
    NC-17- No Children Under 17 Admitted (1990–present)
    ==
    http://www.fcc.gov/eb/oip/RateBlock.html

  • tunaung

    October 17, 2010 at 10:29 am

    ဟုတ်ပ နေ့လည်ကအကောင့်ဝင်လို့မရဖြစ်နေတာ ကိုယ့်ကွန်ပြူတာဖြစ်တယ်ထင်နေတယ်ထင်လို့ ဆူးပြောမှသူတို့ဖြစ်မှန်းသိတာ….

  • ဆူး

    October 17, 2010 at 10:48 am

    ဆရာ ကေအေအိုင် ပြောသလို ဆိုရင် သူက သတ်မှတ်ချက်နဲ့ လွတ်လပ်ခွင့်ပေးတာမျိုးဖြစ်နေတာပေါ့နော်.. ကလေးတွေ မိသွားရင် ဒဏ်ငွေ ဆောင်ရတယ် ဆိုတော့ ကလေးတွေကိုကော ဘယ်လို အရေးယူလဲဟင်။ အသက်မပြည့်သေးသူတွေ အတွက် စိတ်ပိုင်းဆိုင်ရာ အတွေးတွေ မဟုတ်တာတွေ မဝင်အောင် တားမြစ်ချက် ဥပဒေတွေ သီးသန့် ရှိတာမျိုးကိုပြောတာ ထင်ပါတယ်။ အင်တာနက် ကိုကော ဘယ်လိုမျိုး သတ်မှတ်ချက်ထားလဲ ဆိုတာ သိချင်ပါတယ်။ ဆူး အသိ အဒေါ်ကြီးက သူကလေး က ဘေးအိမ်က အင်တာနက်ရှိလို့ သွားဆော့ခိုင်းပြီး ပြန်လာတော့.. သူ့အမေကို ပြောတယ် အမေ မိုးဟေကို ကိုယ်တုံးလုံးကြီး ဆိုပြီး ပြောလို့ အမေ လုပ်တဲ့ လူတွေက ကလေးကို အိမ်မှာ ငြိမ်အောင် ဂိမ်းဝယ်ပေးပြီး ကလေး အင်တာနက်ရှိတဲ့ အိမ်မသွားခို်င်းတော့ဘူး စသဖြင့်ပေါ့လေ.. သိချင်တာလေး ထပ်မေးလိုက်ပါသည်။

    • kai

      October 19, 2010 at 5:58 am

      ဒီလိုကိစ္စမျိုးမှာ ကလေးကို အရေးမယူပါဘူး..။
      သူတို့ကို ရုံသွင်းပြီး ရုပ်ရှင်ပြလိုက်တဲ့ လက်မှတ်ရောင်းကို အရေးယူတာပဲတွေ့ဖူးတယ်။
      အန်ဒါကာဗာရဲက ဖမ်းတာ..။ နောက်တော့ တစ်ကက်လို့ခေါ်တဲ့ ဒဏ်ငွေဆောင်လက်မှတ်ပေးလိုက်ပြီး အဲဒီလူမှတ်ပုံတင်(ဆိုရှယ်)မှာ မှတ်ချက်တသက်စာရေးပေးထားလိုက်တယ်.။ ဆိုတော့ …နောက်အလုပ်အကိုင်ရဖို့ ခက်သွားတယ်ပေါ့။
      လက်ငင်းအလုပ်လဲ ပြုတ်မှာပဲလေ..။
      ကလေးတွေကိုတော့ မိဘတွေဆီခေါ်ပြီးပြန်အပ်ပါတယ်။ မိဘတွေကိုလည်း လူမှုဖူလုံရေးရုံးက တပါတ်လောက်ခေါ်ပြီး ကလေးထိန်းနည်းသင်တန်းပြန်ပေးတတ်ပါတယ်။ မိဘတွေအလုပ်ပျက်အကိုင်ပျက်ပေါ့။

      ယူအက်စ်က မြန်မာပြည်ကပုံရိပ်ဖေါ်ထားသလောက်မလွတ်လပ်ပါဘူး။ စည်းကမ်းရှိကြတယ်ပဲထားပါတော့..။
      ပြောရရင် ကျုပ်နိုင်ငံတော်တော်များများရောက်ဖူးပါတယ်.။ XXXအဆင့်ပုံတွေ လွယ်လွယ်အမြင်ရအခက်ဆုံးတိုင်းပြည်က ယူအက်စ်ပဲ..။

  • asiamasters

    October 17, 2010 at 10:59 am

    အနောက်နိုင်ငံလို့ခေါ်တဲ့ အထဲမှာပါတဲ့ အမေရိကန်နိုင်ငံ ဟောလီးဝုဒ် ရုပ်ရှင်ကားတွေမှာ ရုပ်ရှင်ရိုက်ကူးသူဟာ ကြိုက်တာကို ရိုက်ခွင့်ရှိပါတယ်။ ဆင်ဆာမရှိပါ။ သို့သော် အများပြည်သူကို ပြသတဲ့နေရမှာတော့ လူမှုရေးနဲ့ စာရိတ္တပိုင်းဆိုင်ရာတို့ အတွက် အသက်အရွယ်နဲ့ ကြည့်နိုင်အောင် Rating ဆိုပြီးလုပ်ထားတာရှိပါတယ်။ ဒါပေမဲ့ သိပ်မထူးပါဘူး။ အမေရိကန်နိုင်ငံက Date လုပ်ခွင့်ရှိတဲ့ အသက်အရွယ် ဟာ ၁၃ နှစ်ဖြစ်တဲ့အတွက် မြန်မာတွေက ညစ်ညမ်းတယ်လို့ယူဆတဲ့ ဇာတ်ကားတွေဟာ သူတို့ အတွက် သိပ်အရေးမကြီးပါဘူး။ ပြီးတော့ အင်တာနက်မှာ ဘာဆင်ဆာမှ မရှိတဲ့အတွက် အလွန်ဆိုးရွားတဲ့ Porn တွေက တစ်ပုံတပင်ရှိပါတယ်။ ကန့်သတ်မှုတွေက သိပ်တော့ မထိရောက်တော့ပါဘူး။ Technology က အလွန်လွယ်သွားတော့ ဥပဒေလုပ်ဖို့မလွယ်တော့ပါဘူး။ ဒီကမ္ဘာပေါ်မှာ ရုပ်ရှင်အများဆုံးရိုက်ကူးတာက India က Bollywood ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ကတော့ Hollywood ဆိုတာ ရှိပါတယ်။ အခုတော့ Kleidoscopic လို့ခေါ်တဲ့ ဇတ်လမ်းတွဲတွေမှာ Korea တွေနေရာရလာပါတယ်။ ရုပ်ရှင်လွတ်လပ်ခွင့် ဆိုတာက ပိတ်ကားပေါ်မှာ ရုပ်ရှင်မင်းသားနဲ့ မင်းသမီး နမ်းရှုပ်တာကို ခွင့်ပြုမလားဆိုတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နမ်းခွင့်မပြုပါ။ မြန်မာရုပ်ရှင် ကားများ ဟာ Cheap Thrillers များသာ ဖြစ်တဲ့အတွက် မကြည့်ပါနဲ့…..

  • pwint pwint

    October 17, 2010 at 12:51 pm

    ဆင်ဆာရှိပါတယ်။ MPAA (Motion Picture Association of America) လို ့ခေါ်တဲ့ non-profit business and trade association က volunteer တွေကနေ Rate သတ်မှတ်ပေးပါတယ်။
    အဖွဲ ့ဝင်အများစုဖြစ်တဲ့ မိဘတွေက ကြည့်ပြီး Rate ဆုံးဖြတ်ပေးတယ်လို ့ဆိုပါတယ်။ http://www.mpaa.org/faq

  • etone

    October 19, 2010 at 5:03 am

    မြန်မာနိုင်ငံက ရုပ်ရှင်တွေက ဆင်ဆာရှိပေမဲ့ ရုပ်ရှင်ရုံတွေမှာ ဆင်ဆာမဲ့လုပ်ရပ်မျိုးလုပ်နေကြတာတွေ့ရပါတယ် ။ ဆင်ဆာမဲ့ဆိုတာ မြင်မကောင်းလောက်အောင်နေထိုင်နေကြတာပါ ။ ဒီလောက်တောင်ဖြစ်နေကြရင်လည်း private ဖြစ်တဲ့တည်းခိုခန်းတို့ ၊ ဟိုတယ်တို့သွားပါ သူများကိုလည်းအနှောက်ယှက်ပေးရာမရောက်တော့ဘူးပေါ့ … အခုတော့ဖြင့် ဘေးက ထိုင်နေသူတွေကိုပါ အားမနာ အာကာသထဲရောက်နေသလားမှတ်ရတော့တယ် ။ ဟိုတနေ့ကမှ ruby မတ်နားသွားတော့… ရုပ်ရှင်ရုံထဲအတွဲလေးတွေ ဝင်ဝင်သွားပါတယ် တွေ့ပြီး စပ်စုလိုက်တော့… တစ်တွဲကို ငါးထောင်ပါတဲ့… တနေ့လုံး ဒီဗွီဒီကားတွေ ခြောက်ကားနဲ့အထက်ဖွင့်ထားပေးမှာဖြစ်ပြီး အမိုးနဲ့ဘေးအကာပါတဲ့ခံနဲ့ကြည့်ရမှာပါတဲ့… ။ ရုပ်ရှင်ယုံ က နှစ်ထပ်ပါ အောက်ထပ်မှာ တစ်ကားပြတယ် ။ အပေါ်ထပ်မှာ တစ်ကားပြတဲ့ရုပ်ရှင်ရုံပါ ။ နာမည်တော့ထည့်မရေးတော့ပါဘူး ။ အောက်ထပ်မှာတစ်ကားပြတယ်ဆိုပေမဲ့ … ဘေးက အခန်းမှာ ဒီဗွီဒီခြောက်ကား အတွဲခန်းလဲရှိပါတယ် ။ လာတဲ့အဆင်စုံအတွဲလေးတွေကတော့ 15 နှစ်လောက်ကနေစပြီး 23 လောက် 24လောက်အထိ အရွယ်ငယ်ငယ်လေးတွေပါ ။ ဒါကိုရုံကလည်း အထူးတလည်ပွမျိုးလုပ်ထားပေးတယ်ထင်ပါတယ် ။

  • ဆူး

    October 19, 2010 at 6:35 am

    သိချင်တာတွေကို စိတ်ရှည်လက်ရှည်နဲ့ စေတနာ ရှေ့ထားဖြေပေးတဲ့ လူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

  • doekalay

    October 19, 2010 at 8:34 am

    ဆင်ဆာတွေကတော ့တော်တော်များများမှာ
    တွေ ့နေရတာပဲ။မြန်မာနိုင်ငံရဲ ့ဆင်ဆာကတော်တော်ကိုစိုးပါတယ်။ဘာမှ
    မဟုတ်တာကိုပဲလိုက်ဖြတ်နေကြတယ်။သူတို့ ့ပြချင်တဲ ့ဟာကျတော ့အကုန်ပြတယ်။

  • Editor

    October 19, 2010 at 8:42 am

    ဒီအကြောင်းကို သေသေချာချာ ဆောင်းပါးတခုလိုရေးနိုင်ရင်ကောင်းမယ်..။
    တကယ်လို့ မြန်မာပြည်တွင်းက စုံစမ်းလိုက်နိုင်သူတယောက်ယောက်က သတင်းဆောင်းပါးရေးပေးနိုင်ရင် သတင်းစာမှာ ပုံနှိပ်သုံးဖို့ဝယ်လိုပါကြောင်း..။
    ဆက်သွယ်ပါခင်ဗျား.
    (Editor@myanmargazette.net)

Leave a Reply