တူမယ်မထင်နဲ့ဒါမြန်မာပြည်ကွ :)

alien on the planet earthOctober 17, 20101min17712

FWD  mail ကို Share ခြင်းဖြစ်သည်.

🙂

မြန်မာနိုင်ငံရှိ ပုဂ္ဂလိက အရောင်းဆင်တာတစ်ခုတွင်ဖြစ်သည်…။

လုံခြုံရေးဝန်ထမ်းတစ်ဦးမှာ စတိုးဆိုင်ပိုင်ရှင်သူဌေးတစ်ဦးနှင့်အတူ
ဓာတ်လှေခါးထဲတွင် မီးပျက်၍ ပိတ်မိနေ၏။  နောက်ဆုံး
ပြန်သူများဖြစ်သောကြောင့် အကူအညီတောင်းရန်မလွယ်ကူပေ။ နောက်ရက်မှစ၍
အရောင်းဆင်တာ တစ်ခုလုံး သီတင်းကျွတ် ၅ရက် ပိတ်မည်ဖြစ်သည်။
အရေးပေါ်ခလုပ်ကို နှိပ်သော်လည်း အလုပ်မလုပ်သဖြင့် စိတ်ဓာတ်ကျသွား၏။
ဤအခြေအနေတွင် အောက်စီဂျင်အခဲအခက်ကြောင့် ၂ ရက် ၃ ရက်လောက်ကြာလျှင်
အသက်ပါသေဆုံးနိုင်သည်။

၂ ယောက်စလုံး မထင်မှတ်ဘဲ လတ်တလောဖြစ်ပွားခဲ့သော
ချီလီနိုင်ငံမိုင်းတွင်းပိတ်မိသော လုပ်သမားများအဖြစ်အပျက်ကို တွေးမိပြီး
မဆီမဆိုင်ပျော်ရွှင်သွားသည်။

နောက် ၂ ၊ ၃  ရက်အကြာ ကယ်ဆယ်ရေးဝန်ထမ်းများ သူတို့ကိုလာကယ်မည်…

သူတို့လွတ်မြောက်လာသောအခါ လူတကာက ဝိုင်းဝန်း ကြိုဆိုဂုဏ်ပြုကြမည်…

လူတကာမှပေးသော အကျိုးခံစားခွင့်များရမည်…

စသဖြင့်တွေးရင်း အရေးပေါ်ကယ်တင်ရေးကို ဆက်သွယ်နိုင်လျှင် အဆင်ပြေပြီဟု
စဉ်းစားပြီး ဆက်သွယ်ရေးအတွက် တိုင်ပင်ကြသည်။

သူဌေးက လက်ထဲရှိ GSM ဖုန်းကိုကြည့်လိုက်သည်…

Service Signal လုံးဝမမိ။

ဟန်မပျက်ဘဲ ခါးကြားတွင်ချိတ်ထားသော ၅သိန်းတန် ဖုန်းကိုထုတ်၍ ကြည့်လိုက်သည်..

service signal အပြည့်။ လုံခြုံရေးဝန်ထမ်းကို မချိပြုံးပြုံးပြလိုက်ပြီး
မီးသတ်ကို ဖုန်းလှမ်းခေါ်သည်

“လူကြီးမင်း၏ ဖုန်းသည် သတ်မှတ်ဧရိယာကျော်လွန်နေသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်”

စိတ်ဓာတ်မကျသေးဘဲ နောက်ထပ် ကန်းရိုးတန်းဖုန်းကို ထပ်ထုတ်ပြီးခေါ်သည်…

လိုင်းဝင်သည်။ သူပြောတာ ကိုယ်မကြား၊ ကိုယ်ပြောတာလည်း သူကြားပုံမရ။
“မကြားရဘူး”ဟုပြောလိုက်သော အသံတစ်ခုသာ ကောင်းကောင်းကြားလိုက်ရပြီး
ဖုန်းကျသွားသည်။

ထို့နောက် ဖုန်းလိုင်းလုံးဝမဝင်တော့။ မက်ဆေ့ချ်ပို့ဖို့လည်း မစဉ်းစားမိလိုက်။

မျှော်လင့်ချက်မရှိသလောက် ဖြစ်နေချိန်တွင် ခေတ်မီသော လုံခြုံရေးဝန်ထမ်းက
သူဌေးထံမှ iphone ကိုမြင်၍ internetကို wireless ဖြင့်ဝင်ပြီး
ဆက်သွယ်အကူအညီတောင်းကြည့်ရန် အကြံပေးသည်။

အကြံပေးသည့်အတိုင်း အိုင်ဖုန်းဖြင့် အင်တာနက်ချိတ်ကြည့်ရာ wireless
မိသည်။၂ယောက်လုံးပျော်သွားသည်။ နည်းပညာရဲ့ အကျိုးကျေးဇူးတွေပဲ။

နောက် ၃ ရက်အကြာ…

ကယ်ဆယ်ရေးအဖွဲ့များ ဓာတ်လှေခါးကိုဖွင့်ထုတ် ကယ်ဆယ်ခဲ့သော်လည်း
နှစ်ဦးစလုံးအသက်ရှူကြပ်ပြီး သေဆုံးနှင့်လေပြီ။

သေဆုံးသူတို့ အနီးတဝိုက်တွင် ဟန်းဆက် ၄လုံးကိုတွေ့ရပြီး ၎င်းတို့အနက်
အိုင်ဖုန်းတွင် Gmail page ကို loading လုပ်နေသည်ကိုလည်း တွေ့ရှိရလေ၏။

သေဆုံးနှစ်ဦးအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နေရာတကာပါဝင်တတ်သော
ပါလရာကြီး ၄ဦးမှ  အောက်ပါအတိုင်း လှူဒါန်းနှစ်သိပ်ပေးခဲ့သည်။

* ဦးတေဇထံမှ ကျပ်၁သိန်းတန် ကျွန်းအခေါင်းတစ်လုံးစီ
* မြန်မာနိုင်ငံ ဘောလုံးဥက္ကဌ ဦးဇော်ဇော်က ကျန်ရစ်သူမိသားစုအတွက်
MNLဖလား အခမဲ့ကြည့်ခွင့် လက်မှတ်
* အယ်လ်ပိုင်းမှ ဦးစိုင်းက အသုဘသို့လာသူများအတွက်
အခမဲ့ရေသောက်နိုင်ခွင့် လက်မှတ်များ
* နိုင်ငံတော် သမ္မတလောင်းထံမှ အုတ်ဂူတွင်အလှဆင်ရန်
ဂန္ဓမာပန်းတစ်ပွင့်စီပေးကမ်းခဲ့ပြီး

အားပေးစကားပြောကြားရင်း မဲဆွယ်စည်းရုံးသွားလေတော့သတည်း။

12 comments

  • tunaung

    October 17, 2010 at 10:36 am

    ဖစ်မှဖစ်ရလေကွယ်…..

  • ဆူး

    October 17, 2010 at 10:56 am

    အဲဒါ မြန်မာ ကွ… ဇတ်လမ်းက လန်ထွက်နေတာ.. ဇတ်လမ်းထဲမှာ လက်ဆောင်ပေးတောင် ပါနေသေးတယ်.. အပြင်မှာ ဆို ဒါမျိုးတော့ ဝေးသေး.. ဦးကျော်သူ တာဝန်နဲ့ ပြီးသွားမှာ.. နောက်ဆုံးတော့ ကြေးစည် ထုပြီး ရေအိုးခွဲ ဇတ်သိမ်း ပြီးပါပြီ စာတမ်းထိုးသွားမှာ။

  • asiamasters

    October 17, 2010 at 11:17 am

    မြန်မာနိုင်ငံ ဆိုတာ ကမ္ဘာပေါ်မှာ စံချိန်တွေအားလုံးချိုးထားတဲ့နိုင်ငံဖြစ်ပါတယ်။ ပထမအချက်က မြန်မာနိုင်ငံရဲ့ ငွေကြေးလဲလှယ်မှုဖြစ်ပါတယ်။ ယခုအချိ်န်ထိ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ခြောက်ကျပ်ခွဲသာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ လျှပ်စစ်ဓါတ်အားအမှန်ဆုံးဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာ မွေးရာကနေ သေသည်အထိ လျှပ်စစ်မီးပြတ်တောက်တာမျိုး တစ်ခါမျှ မကြုံတွေ့ဘူးပါ။ နောက်မြန်မာနိုင်ငံဟာ အလွန်သန့်ရှင်း၊ ခေတ်မီသော နိုင်ငံတစ်ခုဖြစ်ပါတယ်။ ယခင်မြို့တော်ဟောင်းရန်ကုန်မြို့ကြီးမှာ ပလက်ဖေါင်းတွေဟာ အလွန်ကောင်းတဲ့အတွက် မျက်မမြင်တွေတောင် အကူအညီမလိုပဲသွားလာနိုင်ပါတယ်။ တယ်လီဖုန်းဆက်သွယ်မှု ကုန်ကျစရိတ်ဟာ အချိုသာဆုံးဖြစ်ပြီး၊ မော်တော်ကားဈေးကလည်း စံချိန်တင်လောက်အောင် သက်သာတာတွေ့ရပါတယ်။ အရေးကြီးဆုံးကတော့ ကမ္ဘာပေါ်မှာ လါဘ် စားမှု အနဲဆုံးနိုင်ငံ ဖြစ်တဲ့အတွက် နောင် လာမဲ့ အင်္ဂါဂြိုလ်အတွက် အကောင်းဆုံးနိုင်ငံဆုကို ရာတားတာတာခံရပါတယ်။

    • ဆူး

      October 17, 2010 at 12:11 pm

      ကလေးတွေ ကို ပြောသလိုမျိုး.. ရပ်နိုင်ပေ.. ရပ်နိုင်ပေ ဆိုပြီး လက်ခုပ်တီးပြသလို လုပ်ရမလို ဖြစ်နေပြီ။

  • naywoonni

    October 17, 2010 at 1:01 pm

    ဟားဟား…..ဖတ်ခါစကသဘောသိပ်မပေါက်ဘူး
    နောက်တစ်ခေါက်ပြန်ဖတ်တော့မှ……………..
    မနောက်ပါနဲ့ဂျာ…
    ဒီနိုင်ငံမှာပဲပျော်မွေ့နေကြရတဲ့သူတွေပါ
    တခြားသွားစရာမတတ်နီုင်လို့ပါ

  • winkyawaung

    October 17, 2010 at 3:15 pm

    ဪ ကျွန်တော်တို့ နိုင်ငံသည် ရေလို မီးရှား ခေတ်မီဖွံ့ ဖြိုးတိုးတက်နေသော နိုင်ငံတော်ကြီးပါ..။ဆက်သွယ်ရေးကလဲကောင်းမှ မကောင်း။ မျက်နိုင်ချင်းဆိုင် ဖုန်းဆက် တာကိုး၊ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ ဧရိယာပြင်ပသို့ ရောက်ရှိ၍ မသာပေါ်နေပါတယ်ရှင်…။

  • winkyawaung

    October 17, 2010 at 3:17 pm

    ရေးချင်ဇောအားကြီးသွားလို့ (မျက်နှာချင်းဆိုင်) မှာ မှားသွားပါတယ်..။ ခွင့်လွတ်ပေးကြပါ..။

  • cruz

    October 17, 2010 at 10:48 pm

    အဲလိုနောက်ရဘူးလေ…ဂျာ… ဟားဟား

  • naywoonni

    October 18, 2010 at 4:32 pm

    မျက်နှာချင်းဆိုင်ပြောတာကတော့တားတားတို့ငယ်ငယ်တုန်းက
    နို့ဆီခွက်ဖုန်းသတိရတယ်….။

  • yetazar

    September 1, 2011 at 12:52 pm

    သေဆုံးသူတို့ အနီးတဝိုက်တွင် ဟန်းဆက် ၄လုံးကိုတွေ့ရပြီး ၎င်းတို့အနက်
    အိုင်ဖုန်းတွင် Gmail page ကို loading လုပ်နေသည်ကိုလည်း တွေ့ရှိရလေ၏။ ….. တစ်ကယ်ပဲဗျို့ အဲဒီအချက်ကိုတော့ ကြိုက်တယ် ။ တစ်ကယ်ကိုဖြစ်နေတာ ၊ တစ်ရက်ကြာလို့ ဂျီတော့တစ်ကြိမ်မတက်တဲ့နေ့ တွေ အများကြီးပဲ ။ ဘယ်တော့များမှ ………. ဟူးးးးးးးးးးးးးးးး ၊ ပြေရတာလဲ မောနေပါပြီ ……….. လိုင်းကောင်းမဲ့နေ့ကတော့ .. သီချင်းထဲကလို မောင်ပြန်လာမယ့်နေ့ပဲပေါ့ … ။ ။

  • hmee

    September 1, 2011 at 2:32 pm

    ဟုတ်ပ ဖတ်စက နားမလည်ဘူး။ ဘာလို့ သုံးရက်နေမှ လာကယ်တာလဲပေါ့။ ပြီးတော့မှ gtalk loading သွားမြင်မှ ဟီး တော်တော် နောက်တယ်။ 🙂

  • cobra

    September 1, 2011 at 2:52 pm

    ဒါတို့နိုင်ငံကွ….။
    ဂုဏ်ယူလိုက်ပါ။

Leave a Reply