ရန်ကုန်-October 17, 2010

မြန်မာ အင်အားကြီး စီးပွားရေး ကုမ္ပဏီ ဖြစ်သော ထူး ထရေးဒင်း  မှ ရန်ကုန်မြို့တော် ကန်တော်ကြီးစောင်းရှိ Kandawgyi Palace ဟိုတယ်ကို ထိုင်း ပိုင်ရှင်ထံမှ ပြန်လည် ဝယ်ယူမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် အောက်တိုဘာ ၁၇ ရက်နေ့က ဖော်ပြခဲ့ကြောင်း monstersandcritics သတင်းဆိုက် ကရေးသားခဲ့သည်။

ထူး ထရေးဒင်း  မှ ပြောရေဆိုခွင့် ရှိသူတစ်ဦးက ဟိုတယ်ကို ဝယ်ယူရန် သေခြာပြီ ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ဈေးနှုန်းကို ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။ သို့သော် ဒေသတွင်း မီဒီယာ အချို့က ဟိုတယ်၏ ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၂၉ သန်းခန့်ဟု ဖော်ပြခဲ့ကြကြောင်း သိရသည်။

Kandawgyi Palace ဟိုတယ်သည် ရန်ကုန်မြို့ ကန်တော်ကြီး စောင်းတွင် တည်ရှိပြီး မြန်မာ့ ကျွန်းသစ်များဖြင့် အလှဆင် တည်ဆောက်ထားကာ ဘန်ကောက် အခြေစိုက် Baiyoke Group of Hotels မှ ပိုင်ဆိုင်ခြင်း ဖြစ်သည်။

https://i0.wp.com/patheincity.com/news//HLIC/a2a8afcd43584c9a8992ae015d375a00.jpg?resize=500%2C275

https://i1.wp.com/patheincity.com/news//HLIC/eb19778b87f9e35c985964254ce23468.jpg?resize=499%2C373

https://i1.wp.com/patheincity.com/news//HLIC/dd9e4fca733ce48d6ca61c55cd1d8e79.jpg?resize=498%2C372

Ref:မြို့ တော်ပုသိမ်

မြို့ တော် ပုသိမ် သတင်းမှာ ဒီနေ့ ဖော်ပြထားတဲ့ သတင်းပါ။

ပြောပုံအရတော့ ဟိုတယ်ကို မ၀ယ်ရသေးပါဘူး။

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး