မြန်မာ တွေ နတ်ကိုးကွယ်မှုတွေ ရှိနေကြတာတွေတော့ သိကြမှာပါ။ ရိုးရာ အစဉ် အဆက် ကြောက်ရွံ့မှုတွေ ကြောင့် ကိုးကွယ်နေကြပါတယ်။ အဘွားအိမ်မှာ ဖြစ်ခဲ့တဲ့ ဟာသလေး တခုပါ။ အဘွားက ဗမာစစ်စစ် မိရိုးဖလာ ကိုးကွယ်မှုတွေ ရှိနေတယ် အဲဒီထဲမှာ မနှဲလေး လည်းပါသပေါ့.. မနှဲလေးက ကလေးနတ် ဆိုတာ လူတိုင်းသိကြမှာပေါ့။ မနှဲလေး ကိုးကွယ်တဲ့ အိမ်ကို ဧည့်သည်အဖြစ် ယောကျားလေး ငယ်ငယ်လေး တွေ အိမ်ကိုလာကြရင် မနှဲလေးက အသည်းယားလို့ ဆိုလား ဘာလား လိုက်ဆိတ်တယ်လို့ ပြောတယ်။ ဘယ်ကို ဆိတ်လဲတော့ မသိဘူး ကလေး ဆိုတာ ငိုတာဘဲ တတ်တဲ့ အရွယ်လေးတွေ ဆိုတော့.. ဘယ်နား နာတယ် မပြောဘူး။ ဆိတ်တယ်လို့ ပြောတာက ကလေးငယ် အထီးလေးတွေ ဆို အကြောင်းမရှိ ထထ ငိုတတ်တာပါ။ အဲဒီလို မငိုရလေအောင် (မဆိတ်အောင်) မနှဲလေးကို ဘဲဥ ပြုတ်ဆက်ရပါတယ်။ အိမ်ကို ကလေးလာတယ် ဆိုတိုင်း မနှဲလေးကို ဘဲဥ ဆက်ရတာဘဲ.. တခါမှာတော့ အိမ်ကို လာတဲ့ ဧည့်သည်ကို ၀င်ပူးပြီး စကားပြောရှာတယ်..
`ရွှေမေမေကြီးရယ် ရွှေမမလေးက နှဲလေးကို ဘဲဥ အပူကြိးတွေ ပေးတော့ လက်ကလေးတွေကို ပူနေတာဘဲ´
အဲဒါနဲ့ အဘွားက အလန့်တကြား နဲ့
ဟဲ့ ညီး ဘယ်လို ဘဲဥ ဆက်လဲ
အဒေါ်က
ဘဲဥပြုတ်ပြီး ဆယ်ပြိး ဒီတိုင်း တင်ပေးလိုက်တာဘဲ။ အလုပ်တွေ များရတဲ့ အထဲ ဘဲဥ က ထပ်လုပ်နေရတော့ ဒီတိုင်းဘဲ ရေမစိမ်ဘဲ တင်လိုက်တယ်

တခါတည်း မှတ်ကရော…
အဲဒီလိုနဲ့ မှတ်မှတ်သားသား ဖြစ်ရပ်ကလေး ဖြစ်နေတာပေါ့..

ဒါနဲ့ ဒီလို ရေးလို့ နတ်ကိုးကွယ်မှုတွေ အယူသည်းမှုတွေ လူတွေ ကြားထဲမှာတော့ စွဲမြဲ စေဖို့ မဟုတ်ပါဘူး။ အဲဒီ နတ်လို့ ယုံကြည်နေတဲ့ ပြိတ္တာတွေက ရှိတော့ရှိတယ်။ သူတို့ကို ကြောက်စရာလည်း မလိုသလို ကိုးကွယ်ဆည်းကပ် ပြီး သရဏဂုံ ညှိုးနွမ်းစရာ မလိုပါဘူး။ သူတို့ကို စေတနာ ထားပြိး မေတ္တာပို့ယုံတင် သူတို့ အတွက် များစွာ အကျိုးထူးပါတယ်။ တခန်းတနား ကိုးကွယ်လို့ ဘာမှတော့ အထူး စပါယ်ရှယ် ကောင်းကျိုး ဖြစ်လာမှာတော့မဟုတ်ဘူး အားလုံးက ကံ ကံ ၏ အကျိုးဇြစ်နေတဲ့ အတွက် ဘယ်သူ မပြု မိမိမှုဘဲ ကိုယ်ပြုတဲ့ ကံ ကိုယ်ထံ ပြန်လာတတ်တာပါဘဲ။ နတ်ကိုင်တယ် ဘာညာဆိုတာလည်း ကံမကောင်းလို့ ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ငါလုပ်တာ ငါကို ဘာပြောလို့ ညာပြောလို့ ဆိုပြိး ကြားထဲက ဆရာဝင်လုပ်နေတာပါ။

နောက်မှဘဲ စိတ်ကူးတည့်ရင် တည့်သလို ထပ်ပြိး ရေးလိုက်ပါတော့မယ်။

About ဆူး

has written 398 post in this Website..