ခဏခဏပြန်စနေရတဲ့ကဗျာ

naywoon niOctober 17, 20101min1035

အရင်ကထဲက
ထက်ထက်ကိုအားကျနေခဲ့လို့ထင်ရဲ့
ငါလည်းဘဝကို
အကြိမ်ကြိမ်ပြန်စနေရ………..။
ဒါပေမဲ့……..ငါ့ကျ
ဘယ်သူမှ–
လာမမေးကြပါလား…………..။
ဖြေလိုက်စမ်းချင်ရဲ့
အဆိုတော်သုမောင်သီချင်းလေးနဲ ့
“မိန်းမဟူသည်
ဆောင်းလေပမာညီ
အတွင်းသဘောဘယ်မတည်
ပြောင်းလဲတတ်သည်”……….လို့
တစ်ကယ်ပါပဲ
အသက်၄ဝပြည့်ပြီးကာမှ
အချစ်ကောဘဝပါစခဲ့ရတဲ့
သိပ်ချစ်ခဲ့တဲ့
ညီမလေးကတောင်မှ
ဘာစိတ်ကူးပေါက်တယ်မသိ
အသစ်တစ်ယောက်ရှာပြီး
ချစ်လိုက်ပါတော့တဲ့လေ………။
အနှစ်(၆၀)ဘိုင်စကုပ်ထဲက
ဗိုလ်အောင်ဒင်လွမ်းသလိုပဲ
လွမ်းလိုက်စမ်းချင်ရဲ့…………..။

ညီမလေးသို့………………………..

♥♥♥နေဝန်းနီ

5 comments

  • ghost

    October 17, 2010 at 2:52 pm

    ဘယ်သူလဲကွ…ငါ့စောင်းရေးတာလား? …ဒီစာမျိုးကတိုက်ဆိုင်မူရှိရင်ခွင့်လွှတ်ပါလို့ ထည့်ရေးရတယ်
    ငိုချင်နေတာ လာမစနဲ..၊။

  • naywoonni

    October 17, 2010 at 2:57 pm

    ဘယ်သူ့မှစောင်းမရေးရပါခင်ဗျာ
    အောက်မှာညီမလေးသို့လို့ပါပါတယ်
    ညီမလေးကိုရည်ရွယ်ပြီးရေးမိတာပါ

  • ghost

    October 17, 2010 at 3:00 pm

    ဟုတ် စတာပါ ခံစားမိလို့…

  • naywoonni

    October 17, 2010 at 3:04 pm

    မသိပါဘူးဗျာ………
    လူကိုလန့်သွားတာပဲ
    ဒီဆိုဒ်ထဲမှာကျီးလန့်စာစားဝင်နေရတာ
    ကြောက်လို့……….
    ကျွန်တော့မေးလ်က
    naywoonni111@gmail.comပါ

Leave a Reply