တွေးကြည့်ဖို့ဟာသလေးတွေ(၁)

a latt kaungOctober 18, 20101min1424

ဆုတောင်း

အိပ်မက်ထဲတွင် ဘကြီးစိန်နှင့် သိကြားမင်းတွေ့သည်။

သိကြားမင်းကပြောသည်.

`ကြိုက်ရာဆုတစ်ခုတောင်းပါ´

`မြန်မာပြည်ကလူတွေ ရိုးသား၊ အမြော်အမြင်ရှိတဲ့ ြ့ကံပါတီဝင်စေချင်ပါတယ်`

`ဆုတောင်း ၃ခုတောင်မှလား`

`မဟုတ်ပါဘူး။ လိုချင်တာပါ`

`ဒါဆိုရင် ၂ခုတော့ဖြည့်ဆည်းပေးမယ်`

`ဟုတ်ကဲ့။ ကျေးဇူးပါ´

သိကြားမင်းက ရိုးသားခြင်း၊ အမြော်အမြင်ရှိခြင်း၊ ကြံ့ပါတီဝင်ဖြစ်ခြင်းကို ဆုတောင်း၃ခုလို့ ယူဆကာ ၂ခုကိုသာ ဖြည့်ဆည်းပေးခဲ့ပါတယ်။

ဒါကြောင့် မြန်မာပြည်ကလူတွေ ဆုတောင်း ၂မျိုးသာပြည့်စုံကြပါတယ်။

၁။ ကတော့ ရိုးသား၊ အမြော်အမြင်ရှိရင် ကြံ့ပါတီမဝင်ကြဘူး

၂။ ကတော့ ရိုးသားပြီးပါတီဝင်သူတွေက အမြော်အမြင်မရှိကြဘူး

၃။ အမြော်အမြင်ရှိပြီး ပါတီဝင်သူတွေက မရိုးးသားကြဘူး

4 comments

  • ghost

    October 18, 2010 at 9:49 am

    တော်သေးတာပေါ့ ဘကြီးစိန်သာ လူတွေမဲလာထည့်ပါစေ စုတောင်းရင်
    သကြားမင်းလဲ လူယောင်ဖန်ဆင်းပြီးအလုပ်ရုပ်တော့မှာ.

  • intro

    October 18, 2010 at 1:37 pm

    ဟားဟား၊ တကယ့်ကို ပါးပါးလေးနဲ့ ကောင်းတဲ့ ဟာသ ဗျာ….

  • bigcat

    October 18, 2010 at 10:27 pm

    သိကြားမင်းလည်း အဘစိန်ကို ကလန်ကဆန်လုပ်မိလို့ တာဝတိံသာနတ်စစ်တပ်ကို နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းဖို့ ဖိအားပေးခံနေရတယ်။

  • etone

    October 19, 2010 at 2:30 am

    ပါးပါးလေးနဲ့ ဆော်ထားပါလား ။ ကောင်းပါတယ် ဒီလိုဟာသမျိုးများများတင်နိုင်ပါစေ ။

Leave a Reply