သိလို့တော့ မဟုတ်ပေမဲ့ ကင်ချီနဲ့ ပတ်သတ်ပြီး ကြားဘူးနားဝ ချရေးပေးလိုက်တယ်။ ကင်ချီ အလွယ်လုပ်နည်း တင်တဲ့ သူက တင်တော့ ကင်ချီ ဘာလို့ ကိုရီးယားတွေ စားသလဲ ဆိုတာ သိသင့်တယ် ထင်လို့ပါ။ ကိုရီးယား သမိုင်းမှာ စစ်ဖြစ်နေတဲ့ အတိုင်းအတာ တော်တော် ရှည်လျားပါတယ်။ စစ်ကြောင့် လူတွေ စားနပ်ရိက္ခာ ရှားပါးမှုတွေ မဖူလုံမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ စစ်ရှိတဲ့ စစ်ဘေး စစ်ဒဏ် သင့်တဲ့ နေရာတိုင်းမှာ ဒီလို ခံစားခဲ့ရတာ ကြီးပါဘဲ။ တောင် ကိုရီးယား ရုပ်ရှင်တွေ ကြည့်တာ များတော့ အိုပါးတို့ ဘာတို့တွေတောင် စကားထဲပါလာကြတယ် လူငယ်တွေ အသုံးထဲမှာ ထိုနည်းတူပင် ရုပ်ရှင်ထဲမှာ အားရပါးရ စားပြတော့ ကြည့်တဲ့ လူတွေက စားချင်စိတ်ပေါက်လာကြပြီး သူတို့ ခုံခုံ မင်မင် စားသလို စားကြည့်ချင်လာတယ်။ အမှန်တော့ ကိုရီးယားက စစ်ဘေး စစ်ဒဏ်ကြောင့် အစာရေစာ ရှားပါးသလို ရာသီဥတုက အသီး အရွက် စိုက်ပျိုးလို့ရတာ ၆လ ထက်မပိုပါဘူး ကျန် ၆လကတော့ အေးနေတဲ့ အတွက် အရွက်တွေလည်း နှင်းကိုက်လို့ ပျက်စီးကုန်တာနဲ့ ကြုံရတော့ အရွက်နဲ့ အသီးတွေ ထွက်တဲ့ ရာသီမှာ ကင်ချီ (ချဉ်ဘတ်) လုပ်ပြီး အိုးထဲမှာ သိမ်းထားလိုက်ပါတယ် အေးတဲ့ ရာသီ အရွက် အသီး ရှားပါးတော့ ဒီ အိုးထဲက ကင်ချီတွေ စားပြီး ရိက္ခာမျှတအောင်နေရပါတယ်။ တောင်ကိုရီးယား ဆိုရင် အရင်က တော်တော် ဆင်းရဲပါတယ် စစ်ပြီးတဲ့ အခါမှာတော့ နိုင်ငံ ထူထောင် နိုင်ဖို့ အတွက် အစွမ်းကုန် တိုင်းသူပြည်သားကော အစိုးရပါ ကြိုးစားအားထုတ်ကြပါတယ်။ ကိုရီးယား မှာ အသက် ၆၀ကျော် လူကြီးပိုင်းတွေဆို ဂျပန်လိုတတ်ကြပါတယ်။ မြန်မာပြည်က လူကြီးပိုင်းတွေ အင်္ဂလိပ်စကား တတ်သလိုမျိုး.. ဂျပန်လက်အောက်ကျရောက်ခဲ့တဲ့ အတွက်ကြောင့်ပါ။ စစ်ကတော့ မြောက်နဲ့ တောင် နယ်မြေအတွက် စစ်ဖြစ်ခဲ့တာပါ။ စစ်ပြီးတဲ့ အခါမှာတော့ အားလုံး ကြိုးစား အားထုတ်မှု ဘယ်လောက်များလဲ ဆိုရင် လူတိုင်း အလုပ်လုပ်ကြတယ် အစားအစာ ကုန်ကျ စရိတ်သက်သာအောင် အသားစားသုံးမှု လျော့ချပြီး တိုင်းပြည်ထွက် ကင်ချီနဲ့ ထမင်း စားပြီး ၀မ်းရေး ဖြေရှင်းခဲ့ကြရပါတယ်။ ကိုရီးယား ကားထဲမှာ အားရပါးရ စားနေတဲ့ တော့ပုကီ ဆိုတာ ဆန်နဲ့ လုပ်တဲ့ မုန့် ဘဲ ပြောရမလား အနီးစပ်ဆုံး အလွယ်ပြောရရင်တော့ နန်းကြိး အလုံး တုတ်တုတ်ကြီးလို့ ပြောရမှာဘဲ။ သူကတော့ ဆန်ကောင်းကောင်းနဲ့ သေချာလုပ်ထားတော့ နုညံမှု ကတော့ ရှိတယ်။ ဒီတိုင်း စားရင်တော့ ထမင်းစားသလိုပါဘဲ ဘာအရသာမှ မရှိဘူး။ တချိန်ကဆို မနက်ရောက်ရင် ရပ်ကွက်တိုင်းမှာ အော်လံကြီးတွေနဲ့ ၆နာရီ လောက်ဆို စောစောထ မျက်နှာသစ် သွားတိုက် အလုပ်သွား အဲဒီလို လှုံဆော်တဲ့ အသံတွေ ဖွင့်ပြီး အိပ်ယာ မထတဲ့ ဘဲ မနေနိုင်အောင် ဖွင့်ခဲ့ကြတယ်။ အခုနောက်ပိုင်း အဲဒိလို မဖွင့်တော့ဘူးလို့ သိရပါတယ်။ အရင်ကတော့ ဖွင့်ခဲ့ဘူးတယ် လို့ ကြားသိရပါတယ်။ အားလုံး စောစောထပြီး လုပ်ငန်းခွင်ဝင်ရအောင် အလုပ်မလုပ်ဘဲ နေတာမျိုး မဇြစ်ရအောင် လုပ်ခဲ့တာ အခု တော်တော် တိုးတက်လာခဲ့ပါတယ်။ ကိုရီးယား ဟော်တယ်တွေဆိုရင် သူတို့ လူမျိုးတွေ လည်ပတ်ဖို့ အတွက် ဖွင့်ခဲ့တာများပါတယ်။ နိုင်ငံခြားသား ခရီးသည်ကို မမျှော်ပါဘူး။ သူတို့ လူမျိုး အရမ်းချစ်တတ်အောင် နဲ့ လူမျိုး အချင်းချင်း အားပေးတတ်အောင် ငယ်စဉ်ထဲက စနစ်တကျ သင်ကြားပေးထားကြတာပါ။ အဆင့်မြင့်ဟော်တယ်တွေ မှာဆိုရင် သူ့ လူမျိုး အတွက် စီစဉ်ဖွင့် သလဲ ဆိုတကာတော့ ဟိုတယ်တွေ မှာ ကိုရီးယားတွေ အကြိုက် အောက်မှာ ခင်းအိပ်ချင်တဲ့ သူတွေ အတွက် ဘီဒို တလုံးနဲ့ အိပ်ယာလိပ်ထားပေးထားပါတယ်။ မိသားစုလိုက် ခရီးထွက်ကြတာ များတော့ မိသားစုလိုက် နေတဲ့ အခန်းလိုမျိုး ချက်ပြုတ်ရန် မီးဖို စားသောက်ဖို့ စားပွဲနဲ့ အိုးခွက် ပန်ကန် ကော်ဖီခွက် တွေပါ ထည့်သွင်း ထားတာ တွေရှိပါတယ်။ ဟိုတယ်တွေမှာ ဆိုလည်း အောက်ခြေ မြေအောက်ထပ်မှာ စူပါမားကတ်ကြီးတွေ ဖွင့်ထားပါတယ်။ ဟိုတယ် လာတဲ့ မိသားစုတွေ အောက်ထပ် ဆင်းဝယ် အပေါ်တက် ချက်ပြုတ်စားသောက် အိပ်စက် အနားယူ ထည့်သွင်း စီစဉ်ထားတာရှိပါတယ်။ ကိုရီးယားတွေ အတွေးအမြင် တခုပြောင်းလဲ လာတာကတော့ မီဒီယာနဲ့ တိုင်းပြည်ကို လူသိအောင် လုပ်မယ် ဆိုပြီး လုပ်ကြတာပါဘဲ။ ပြောတဲ့ အတိုင်း တကယ်လည်း မီဒီယာနဲ့ တိုင်းပြည်ကို လူတွေ သိလာကြပြီး ခရီးသွားတွေ စတင်ပြီး သွားနေကြပါတယ်။ ဟိုတယ်တွေ အပြင် အဆင်ကတော့ ကိုရီးယား လူမျိုး အကြိုက်တွေ ပါဘဲ။ မီဒီယာတွေမှာလည်း မူဝါဒ တခု ရှိပါတယ် ဆေးလိပ်တွေ မလိုအပ်ဘဲ မသောက်ပြရပါဘူး။ ရုပ်ရှင်တိုင်းမှာ မိသားစု ထမင်းစားဝိုင်း နောက်ပြိး ကိုရီးယား အစားအစာတွေ မိသားစု ချစ်ခင်ကြပုံတွေ ပါတဲ့ ရိုက်ကွင်း ထည့်ရိုက်ရမယ် ဘာအတွက်လည်း ဆိုတော့ ကိုရီးယား လူမျိုး အလွန်ယဉ်ကျေးပြူငှာပြီး နွေးထွေးတဲ့ မိသားစု ဘ၀တွေနဲ့ အားကျစေအောင် ထို့အပြင် ကိုရီးယား ထွက်ကုန် ဖြစ်တဲ့ ကင်ချီကို နှစ်သက် အားရစွာ စားပြရင် ပရိတ်သက် စိတ်ဝင်စားပြီး ကိုရီးယား ကင်ချီကို ကမ္ဘာအနှံ တင်ပို့လို့ရပါပြီ။ ဂျပန်မှာလည်း ကင်ချီ ရှိပါတယ် ဂျပန်က အရင် ကင်ချီ တင်ပို့မှုတွေ လုပ်ခဲ့ပေမဲ့ ကိုရီးယားနိုင်ငံ က ကန့်ကွက်တဲ့ အတွက် ဂျပန် ကင်ချီ တင်ပို့မှုကို ရပ်ဆိုင်းခဲ့ရတဲ့ အထိ ကိုရီးယားက ကင်ချီ ကမ္ဘာကျော် လာသလို တိုင်းပြည် အရင်းအမြစ် ပညာ အဖြစ် အမြတ်တနိုး လက်ခံယူဆ ထားကြပါတယ်။ ကိုရီးယားတွေကတော့ ကင်ချီသိပ်တဲ့ စဉ်းအိုးပညာကို ဂျပန်တွေက လိုချင်လို့ သူတို့ တိုင်းပြည်ကို လာတိုက်သလိုလို ပြောတာတွေတောင် ကြားခဲ့ မိသေးတယ်။ ကိုရီးယား ရုပ်ရှင်တွေမှာ တိုင်းပြည် သာယာ လှပမှု နဲ့ ရှုခင်း ကောင်းကို ခံစားပြီး စိတ်အပန်း ဖြေနိုင်တဲ့ ပုံတွေ လူတွေ အသိပညာနဲ့ အတွေ အခေါ်တွေ လိုရာဘက် ရောက်အောင် ဆွဲဆောင် နိုင်တာ အများကြိး ရှိလာ သလို ကမ္ဘာမှာလည်း ကိုရီးယား ရုပ်ရှင် သရုပ်ဆောင်တွေ သံတမန်တွေ ဖြစ်လာကြတာတွေ သိနေကြတဲ့ အတိုင်း ကိုရီးယား က အပြောတင်မဟုတ် တကယ် လုပ်ရင် တကယ်ဖြစ်ရမယ်လို့ ယုံကြည်ပြိး တကယ် လုပ်ခဲ့ကြပါတယ်။ ကိုရီးယားထက် အဆ ပေါင်းများစွာ ဂျပန်ပြည်က အဆင့်အတန်း မြင့်မားမှုတွေ ရှိနေပေမဲ့ အခု အချိန်မှာ ပခုံးချင်း ရှင်လို့ရအောင် ကြိုးစားနေပါတယ်။ ကိုရီးယား ရောက်ဖူးရင်တော့ ကိုရီးယားတွေ ရဲ့ ဇာတိသွေး ဇာတိမာန် အမျိုးချစ်စိတ် ဘယ်လောက် ရှိတယ် ဆိုတာ သိကြမှာပါ။ တချိန်က ချွတ်ချုံကျခဲ့ တဲ့ ကိုရီးယား နိုင်ငံ ဟာ အခုတော့ အစစ တိုးတက် စည်ပင်နေပါပြီ။ သူတို့ရဲ့ အတွေးအခေါ် ဘဲ ကောင်းတယ် ပြောရမလား လူတွေက ဘဲ အမျိုးချစ်တာ ပြောရမလား အစိုးရက တိုင်းပြည် ကောင်းကျိုးမှ လွဲ၍ တခြား ဘာမှ စိတ်မ၀င်စားဘဲ ဖြည့်တင်း လုပ်ဆောင် ခဲ့တာလည်း ကြိးမားတဲ့ အထောက်အပံ့ ဖြစ်ခဲ့ပါတယ်။ သိတာလေးတွေ ချရေးလိုက်ပါတယ်။ သိတဲ့ လူတွေ ရှိရင်လည်း ကွန်မန့်လေးတွေနဲ့ မျှဝေပေးပါ စောင့်ဖတ်နေမယ်နော်။

About ဆူး

has written 398 post in this Website..