ယနေ ့ဖိလစ်ပိုင်သို ့ မက်ဂီ အမည်ရှိ မုန်တိုင်း ကျရောက်မည်

ဂ်စ္စူOctober 18, 20101min853

ဖိလစ်ပိုင် နိုင်ငံတွင် အင်အားပြင်း မုန်တိုင်း ဖွတ်ဖွတ်ညက်ညက်ကျေအောင် တိုက်ခတ် နေသောကြာင့် မြန်မာအလုပ်သမားများ အခက်တွေ ့ နေတယ်လို ့ သိရပါတယ်။

Ref:freedomnewsgroup

မက်ဂီလို့ အမည်ပေးထားတဲ့ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းဟာ လေပြင်း တနာရီ ၁၅၅ မိုင်နှုန်းနဲ့ တိုက်ခတ်ပြီး ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ဘက်ကို ဦးတည် ရွေ့လျားနေပါတယ်။

ဒီနေ့ညမှာ ဖိလစ်ပိုင်ရဲ့ အဓိကကျွန်းဖြစ်တဲ့ လူဇုန်ကျွန်းပေါ်ကို မက်ဂီမုန်တိုင်း ကျရောက်မှာဖြစ်ပြီး လူဇုန်ကျွန်းပေါ်မှာ နေထိုင်ကြတဲ့ လူပေါင်း ၇,၀၀၀,၀၀ဝ အနေနဲ့ ရိက္ခာနဲ့ ဆေးဝါးတွေ စုဆောင်း သိုလှောင်ထားဖို့ အစိုးရက အကြံပြုနေပါတယ်။

လူတွေ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာကို စတင် ရွှေ့ပြောင်းပေးနေပြီး အရေးပေါ် ကယ်ဆယ်ရေး အစီအစဉ်တွေကိုလည်း အာဏာပိုင်တွေက ဆောင်ရွက်နေကြပါတယ်။

မနက်ဖြန် တနင်္လာနေ့ မနက်မှာ မက်ဂီမုန်တိုင်းဟာ ခါကာရန်ပြည်နယ်ကို ကျရောက်လာမယ်လို့ မိုးလေဝသ အရာရှိတွေက ခItalicန့်မှန်းထားကြပါတယ်။

ဖိလစ်ပိုင် အရန်တပ်မတော် အင်အား ထောင်ပေါင်းများစွာနဲ့ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး အဖွဲ့ဝင် များစွာဟာလည်း ရဟတ်ယာဉ်တွေနဲ့ အသင့်အနေအထား တပ်လှန့်ထားကြပါတယ်။

နှစ်နိုင်ငံ သဘာဝဘေးရန် ကာကွယ်ရေး စစ်ရေးလေ့ကျင့်စဉ်က အမေရိကန်က ကတိပြုထားတဲ့အတိုင်း အမေရိကန် စစ်ဘက်သုံး ချင်းနော့အမျိုးအစား ရဟတ်ယာဉ် ၆ စီးလည်း မက်ဂီမုန်တိုင်း ကယ်ဆယ်ရေး အစီအစဉ်မှာ ပါဝင်ဖို့ ဖိလစ်ပိုင် သဘာဝ ဘေးအန္တရာယ် ဖြေရှင်းရေးဌာနက ထိပ်တန်း အရာရှိကြီး ဘင်နတို ရာမို့စ်က ပြောကြားထားပါတယ်။

Ref:voa news

3 comments

  • ဆူး

    October 18, 2010 at 12:38 pm

    ဆေးဝါး ရိက္ခာ စုဆောင်းထားပြီး အရံ တပ်နဲ့ စေတနာ ဝန်ထမ်း လေယာဉ်တွေပါ အဆင်သင့် လုပ်ထားတယ်တဲ့.. သူများ နိုင်ငံတွေ ဂရုစိုက်မှုကတော့ အားကျလောက်ပါပေတယ်။

  • doekalay

    October 19, 2010 at 8:09 am

    တို ့နိုင်ငံရဲ ့နာဂစ်မုန်တိုင်းနဲ ့တော ့ကွာပ။ကယ်ဆယ်မှုတွေလည်းကွာတဲ့ ့အတွက်ဆုံးရှုံးမှုတွေလည်းကွာတယ်နော်။

  • cherrywine

    October 19, 2010 at 9:23 am

    စိတ်ပူလိုက်တာနော်။ဘယ်လောက်ပဲ ကယ်ဆယ်မှုပေးပေးပါ ဆုံးရှုံးမှုဆိုတာကတော့
    ကြုံရမှာပဲလေ။ဖြစ်နိုင်ရင် ရှောင်ကွင်းသွားပါစေ
    လို့ဆုတောင်းပေးလိုက်ပါတယ်။

Leave a Reply