အင်အားပြင်းမုန်တိုင်း ကြောင့်ဖိလစ်ပိုင်တွင် လူသုံးဦး သေဆုံး

ဂ်စ္စူOctober 18, 20101min772

ဖိလစ်ပိုင် နိုင်ငံတွင် မက်ဂီ အမည် ရှိအင်အား ပြင်း မုန်တိုင်း တိုက်ခတ်သည့် ဒဏ်ကြောင့် လူထောင်
ပေါင်းများစွာ နေအိမ်များ ကို စွန် ့ခွာထွက်ပြေးနေရပြီး ယနေ ့ညနေ နောက်ဆုံး သိရသည့် သတင်းများ
အရ အနည်းဆုံး လူ သုံးဦး သေဆုံး သွားပြီ ဟု သတင်းရရှိသည်။

မုန်တိုင်းသည် မနီလာ မြောက်ပိုင်း တူဂေးဂါရာဂို မြို ့ကို ဦးတည် တိုက်ခတ်နေပြီး မုန်တိုင်း၏ ဗဟိုချက်
နေရာတွင် လေတိုက် နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၄ဝ မှ ၁၇ဝ အထိ ရှိသည် ။

မြို ့တော် မနီလာတွင် လည်း စီးပွာရေး လုပ်ငန်းများ နှင့် စားသောက် ဆိုင်များ ပိတ်ထားသောကြောင့်
မနီလာ မြို ့တွင် အလုပ်လုပ် ကိုင် နေသည့် မြန်မာ လူမျိုးများ လည်း အခက်အခဲ ကြုံနေရသည်။ပင်လယ်
ကမ်းခြေနေရာ များ တွင် အလုပ်လုပ် သည့် မြန်မာ လူမျိုးများ မှာ မုန်တိုင်း တိုက်ခတ် လာလျှင် အသက်
ဘေး အတွက် ပါ အန္တရာယ် ရှိသည် ဟု သိရသည်။

ဖိလစ်ပိုင် နိုင်ငံ လူဇုန် ပြည်နယ်တွင် မူ မုန်တိုင်း ၏ အရှိန်ကြောင့် အဆောက်အဦများ စွာပျက်စီး
ခဲ့သည်။မုန်တိုင်း ကြောင့် ဒုက္ခရောက် နေသည့် ပြည်သူများ ကို အစိုးရက စစ်ရဟတ်ယာဉ် များ
ဖြင့်ပါ အရေးပေါ် ကယ်ဆယ်ရေး ဆောင်ရွက်ပေး နေသည် ဟု ဆီဘူး မြို ့မှ ကို အောင်လွင်က
Freedom News Group သို ့ပြောသည်။

မုန်တိုင်း တိုက်ခတ် သည့် ဒေသ အချို ့မှာ ဖိလစ်ပိုင် နိုင်ငံ၏ အဓိက ဆန်စပါး ထွက်ရှိရာ ဖြစ်
သောကြောင့် နိုင်ငံ၏ စားနပ် ရိက္ခာ ဖူလုံမှု ပါထိခိုက် ပျက်စီး နိုင်သည် ဟု သိရသည်။

ဖိလစ် နိုင်ငံတွင် ၂၀၀၆ ခုနှစ် က မုန်တိုင်းတိုက်ခတ် စဉ်က လူတစ်ထောင်ကျော် သေဆုံးခဲ့သည်။

freedom news group

2 comments

  • The Reds

    October 18, 2010 at 3:35 pm

    ဒါ က တော. စိတ် မ ကောင်း စ ရာ တွေ ပါ ဘဲ .. အာ ရှ နိုင် ငံ တိုင်း လို ဖြစ် နေ ပါ တယ် ..

  • etone

    October 19, 2010 at 2:30 am

    နာဂစ်ထက်တောင်ပိုပြင်းအားကောင်းပါလားနော် ။ အားလုံး အသက်သာဆုံးအခြေနေဖြစ်ပါစေလို့ဆုတောင်းပါတယ် ။

Leave a Reply