THIDINKYUT LIGHTING ….

fattyOctober 18, 20101min1357

မကြာခင်သီတင်းကျွတ်တော့မယ်လေ … မင်းနဲ့အတူလျှောက်လည်ချင်တာပေါ့ … ဒါပေမဲ့ရန်ကုန်မှာမိုးမရပ်သေးပါ … နောက်တပါတ်မှာမုန်တိုင်းက လာနိုင်ခြေရှိသေးတယ်။
အရင်လိုစည်စည်ကားကားကလည်း ဘယ်နေရာမှာမှ မရှိ … ဒီတော့ လျှောက်လည်ကြမဲ့အတူတူ .. အကြံတူတွေများနေတော့ … guest house တွေမှာ booking တွေ
ပြည့်နေကြာင်း သတင်းပါးလိုက်ရပါတယ်။ အဲ အခုချိန် ဆိုရင် booking နဲနဲကျန်အုံးမယ်။ သီတင်းကျွတ်အမှတ်တရ မီးပုံးလေးတွေတင်ပေးလိုက်ပါတယ် ။ မိုးလေကင်းရင်တော့
မြန်မာပြည်အလွမ်းပြေ … ပွဲခင်းလေးတင်ပေးမလို့ပါ။
နောက်ဆုံးပုံကတော့ ရုပ်ရှင်ရုံထဲအဝင် ပေါ့ဗျာ ..။

7 comments

  • kai

    October 18, 2010 at 4:58 pm

    သီတင်းကျွတ်ပြီ။
    မီးပုံးပျံ လွတ်ရအောင်။
    မီးစာကိုရေနံစွတ်ပါ။
    မိုးလွတ်ပါပြီလား.. တဲ့.။
    ==
    သီတင်းကျွတ်တွင် ပုလ္လင်ဆေးမိုး ရွာသွန်းဖြိုး..တဲ့..။
    ==
    လမ်းမတော်မှာ ဦးဘဂျမ်းကာတွန်းတွေပြနေတုံးလားတော့ သိချင်သား..။

  • nay phonehlan

    October 18, 2010 at 8:02 pm

    မရှိတော့ဘူး လို့ထင်နေတယ် ကို ခိုင် ရေ ဘာကြောင့်လဲတော့မသိဘူး ကျွန်တော်တို့ လုပ်ဖို့ကျိုးစားချိန်က စီစစ်ရေးတင်ပြီးမှ ကာတွန်းမီးပုံးတွေထွန်း ခွင့်ရမယ် တဲ့ ဒါကြောင့် မလုပ် ကြဘူးထင်ပါရဲ့

  • maungmoenyo

    October 18, 2010 at 9:17 pm

    ရန်ကုန်မြို့အနောက်ပိုင်း (၅)လမ်းလောက်မှာထင်ပါရဲ့၊ ကာတွန်းဦးဘဂျမ်းရဲ့ကာတွန်းပြပွဲ၊ လမ္မတော်ဝန်းကျင်မှာကြိုကြားကြည့်ခွင့်ရတဲ့စတေ့ဂျ်ရှိုး နဲ့.ပုဇွန်ထောင်ရေကျော်တဝိုက်က ဘူးသီးကျော်ရောင်တဲ့ညဈေးတန်းလေးတွေကိုလွမ်းမိပါရဲ့။ ရန်ကုန်မြို့လယ်ကလမ်းတွေမှာလမ်းကိုပိတ်ပြီး ပိတ်ကားထောင်ရုပ်ရှင်ကြည့်ရတာလည်းကြည်နူးစရာပါ။ ရံပုံငွေကောင်းတဲ့နှစ်တွေမှာဆို…အငြိမ့်ပွဲလဲပါလိုက်သေးတယ်။ ညဘက်ပွဲဈေးတန်းရှောက်ရင်း မျက်စေ့ကစားစရာ (လက်တော့ပါမရဘူးနော) တွေကလဲရင်ခုံစရာ…။
    ခုများတော့…အန်ကယ်ကြီးဖြစ်လို့နေပါပေါ့လား…။

  • bigcat

    October 18, 2010 at 10:35 pm

    မှတ်မိသလောက်က ရန်ကုန်အနောက်ပိုင် လမ်းမတော်မှာလုပ်တဲ့ ဦးဘဂျမ်းကာတွန်း မီထွန်းပွဲတော်က တန်ဆောင်တိုင်မှပါ။ သီတင်းကျွတ်မီထွန်းပွဲနဲ့ညဈေးတန်းက ရန်ကုန်အရှေ့ပိုင်း ရေကျော်မှာပဲ လုပ်တာလေ။

  • kai

    October 19, 2010 at 8:31 am

    မောင်လေးမှန်ပါတယ်ကွယ်..
    တန်ဆောင်တိုင်မီးထွန်းပွဲတော်ရက်မှာ လမ်းမတော် ၁၃လမ်းအောက်ဘလောက်မှာ ကာတွန်းမီးထွန်းပွဲလုပ်တာဖြစ်ပါတယ်..။
    အဲဒီလမ်းကို “ဦးဘဂျမ်းလမ်း”လို ့ဂုဏ်ပြုခေါ်ကြစေလိုကြောင်းပါ ပြောပါတယ်ကွယ်..။

  • Gong Zhu

    October 19, 2010 at 3:10 pm

    အဲ့ဒီပုံက ဘယ်မှာရိုက်ထားတာတုန်း … မော်တင်ဂျန်းရှင်းမှာလား …

  • maungmoenyo

    October 19, 2010 at 7:10 pm

    ဟုတ်ပဗျာ…။ ငယ်တုံးကမရိုးမရွဖြစ်ခဲ့တာတွေများခဲ့တော့..သီတင်းကျွတ်လား..တန်ဆောင်တိုင်လားဘဲ..ဆိုတာ..။ ကျေးဇူးပါဘဲကလေးတို့ေ၇…။

Leave a Reply