အနိစ္စသဘော

maungmoenyoOctober 18, 20101min732

“ကဗျာတပုဒ်၊ ထုတ်လုပ်ရန်ကွယ်၊

ဟိုကြံသည်တွေး၊ ကာရံတွေရွေးမိတယ်၊

မတည်တဲ့အတွေး၊ မရဲတဲ့အရေးကြောင်း၊

ရေးရင်းခြစ်ရင်း၊ အသစ်ရေးရင်း၊

အနိစ္စသဘော….စောကြောမိတယ်။”

ဟိုလွန်ခဲ့တဲ့အနှစ်(၃၀)လောက်ကဆေးတက္ကသိုလ်(၁)၊ရန်ကုန်ရဲ့လက်ကမ်းစာစောင်တခုမှာဖေါ်ပြဘို့မောင်မိုးညိုကတောင်းဆိုခဲ့လို့၊ ကဗျာရှင်ဒေါက်တာခင်သူဇာစိုးကရေးပေးခဲ့တဲ့ကဗျာလေးတပုဒ်ပါ။ (မြန်မာစာကော်မီရှင်မှ ဦးစိုး၇ရဲ့မြေးဖြစ်မယ်ထင်ပါတယ်။) ခုချိန်သူဘယ်ရောက်နေလဲတော့မသိပါ။ ဒါပေမဲ့အဲ့ဒီကဗျာလေးကတက္ကသိုလ်လောကမှာထင်ရှားခဲ့ကြောင်းပါခင်ဗျား။



2 comments

  • kai

    October 18, 2010 at 10:18 pm

    ကိစ္စမချော တရားသဘောပေါ့ကွယ်
    ကဗျာစာရေး ကာရန်မတွေးနဲ့ရယ်
    ခေတ်စမ်းကဗျာနယ် နဘေညှိဖို့မလိုတယ်
    တည်တည်တွေး၊ ရဲဆေးနဲ့ရေးစေလိုပါတယ်..။

  • maungmoenyo

    October 19, 2010 at 7:04 pm

    ဒီဆောင်းပါးနဲ့မဆိုင်ပေမဲ့ကြုံတုံးပြောပြချင်တာလေးပါ။ သမိုင်းမှာဓါးသွားထက်ကလောင်သွားထက်ခဲ့ကြတဲ့သူတွေရှိသလို…’အုံ့ပုံး’ကလောင်ရှင်တွေလဲရှိပါတယ်…။ စာပေလွပ်လပ်ခွင့်လုံးဝကင်းမဲ့တဲ့မြန်မာနိုင်ငံမှာ..ဘဝဝမ်းကြောင်းအတွက်ရေးဟန်ပြောင်းကြရသူတွေရှိသလို..ပြောင်းရင်းက၊ စစ်အစိုးရကို”ဖား”တဲ့အဆင့်အထိရောက်ကြသူတွေလဲရှိပါတယ်။ ဥပမာ-တက္ကသိုလ်မြတ်သူ (ယခု ကြံ့ဖွံ့ပါတီရဲ့ကိုယ်စားလှယ်လောင်း၊ ဒေါက်တာတင်ထွန်းဦးဆိုရင်ကိုယ့်ကိုမြေတောင်မျှောက်ပေးခဲ့တဲ့ဒေါက်တာအောင်ခင်ဆင့်ရဲ့မျက်နှာကိုတောင်မထောက်နိုင်ပါဘူး)ဒါပေမဲ့ဒီအထဲမှာဆရာဝန်တင်ရွှေ၊တက္ကသိုလ်ဘုန်းနိုင်၊ ရန်ကုန်ဘဆွေ၊ မြသန်းတင့်တို့လိုလူမျိုးတွေမပါပါဘူး၊ သူတို့ဟာခေတ်ရဲ့နိုင်ငံရေးရေစီးကြောင်းကိုသရုပ်ဖေါ်နိုင်ခဲ့တဲ့ကလောင်ရှင်များစွာထဲကအချို့ပါ။ ဘယ်မှလဲထွက်ခွင့်မရတော့ကြံ်ဖန်နေထိုင်ရင်းရေးဟန်လိုင်းပြောင်းကြရပါတယ်…။ ဒါပေမဲ့သူတို့တတွေရဲ့ဝတ္ထုတွေမှာနိုင်ငံရေးအငွေ့အသက်တချို့ကိုသရုပ်ဖေါ်နိုင်ခဲ့သလိုပြည်သူကိုတပ်လှန့်နိုင်ခဲ့ကြပါတယ်။ တက္ကသိုလ်စာကြည့်တိုက်၊ပညာရေးတက္ကသိုလ်နဲ့ဘီအိုစီဘာသာပြန်ဌာနတွေမှာကျင်လည်ပြီးအနှိမ်ခံဘဝနဲ့နေခဲ့ကြရတဲ့ဆရာတင်မိုး၊ဆရာမောင်စွမ်းရည်တို့ဟာတက္ကသိုလ်ကျောင်းသားတွေရဲ့ဘဝအစစ်အမှန်ကိုပုံရိပ်ဖေါ်ပေးနိုင်ခဲ့သလို၊ လွတ်လပ်ရေးမရမှီနဲ့ရပြီးကာလတက္ကသိုလ်လောကရဲ့နိုင်ငံရေးစိတ်ဓါတ်ကိုအဓွန့်ရှေအောင်ကလောင်သွားနဲ့လှုံဆော်နိုင်ခဲ့တဲ့သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေပါ။
    ဥပမာ-ဆရာတင်မိုးရဲ့ “ဒေါက်တာအလောင်းစည်သူနဲ့ဆရာမမိုးေ၇”ကဗျာဟာပျက်စီးစပြုနေတဲ့ဆေးလောကကိုကောင်းကောင်းကြီးဘရိတ်အုပ်နိုင်ခဲ့တဲ့ကဗျာလက်နယ်ကလေးတခုပါ။ (လက်လှမ်းမှီသူများရှိရင်းဒီမှာတင်ပေးကြပါခင်ဗျား။)

Leave a Reply