တရားခံဘယ်သူလဲဟေ့……. (မင်္ဂလာဈေးမီးလောင်မှု)

etoneOctober 19, 20101min1658

ယခင် တစ်ပတ် ထုတ် NEWSWEEK ဂျာနယ်တွင် ပါရှိသော သတင်းတစ်ပုဒ်ဖြစ်သည့် မြို ့တော်ဝန်
၏ စီမံဆောင်ရွက်မှု ကြောင့် မင်္ဂလာဈေးကြီး မီးလောင် သွားခဲ့ရာမှ ယခင်ထက် ပိုမိုကောင်းမွန်လာ
တော့မည် “ဆိုသည့် သတင်း ခေါင်းစဉ် ကြောင့် စာဖတ်သူများ မှာ မြို ့တော်ဝန် ပင် မင်္ဂလာ ဈေးကို
မီးနှင့် ရှို ့သည်လား ဟု သုံးသပ်နေကြသည်။

COPY : Eleven News Group

8 comments

  • ဆူး

    October 19, 2010 at 3:31 am

    သတင်း အထအန ကောက်တဲ့ လူကြောင့် ဆောင်းပါးရေးတဲ့လူ ပြသနာ တက်ကုန်အုန်းမယ်

  • MandalayThar

    October 19, 2010 at 3:52 am

    ဘယ်လိုကောင်တွေမှန်းမသိပါဘူး။ ဂျာနယ်တစောင်လုံး ထုတ်ပြီး အဲလောက် ညံရလား။ အဲဒီဂျာနယ် ဘယ်လောက် စာပေအဆင့် အတန်းရှိတယ်ဆိုတာ ဖော်ပြတာဘဲ။ ဒါမှမဟုတ် သေချာဘဲ လုပ်တာလား။

    စာပေစီစစ်ရေးတွေကလည်း နိုင်ငံရေး အကြောင်းဆိုသေချာစစ်ပြီး ဒါမျိုးတွေကျ မမြင်ပါလား။ မြန်မာစာပေကတော့ တိုးတက်အုံးမှာ..

  • cherrywine

    October 19, 2010 at 4:12 am

    ဂျာနယ်အပြစ်ကြီးရယ်တာ့ မဟုတ်ပါဘူး။
    သတင်းဆိုတာမျိုးက ခွေးကလူကိုကိုက်ရင် သတင်းမဟုတ်ဘူးလေ .. လူကခွေးကိုကိုက်မှ
    သတင်းဖြစ်တာမလား .. ။အပြိုင်အဆိုင်များတဲ့
    ခေတ်ကြီးထဲမှာ စိတ်ဝင်စားအောင်ရေးမှရောင်း
    ကောင်းမှာလေ .. ။

  • cherrywine

    October 19, 2010 at 4:13 am

    ဂျာနယ်အပြစ်ကြီးရယ်တော့ မဟုတ်ပါဘူး။
    သတင်းဆိုတာမျိုးက ခွေးကလူကိုကိုက်ရင် သတင်းမဟုတ်ဘူးလေ .. လူကခွေးကိုကိုက်မှ
    သတင်းဖြစ်တာမလား .. ။အပြိုင်အဆိုင်များတဲ့
    ခေတ်ကြီးထဲမှာ စိတ်ဝင်စားအောင်ရေးမှရောင်း
    ကောင်းမှာလေ .. ။

  • doekalay

    October 19, 2010 at 4:37 am

    သတင်းဆိုတာကြီးသွားတာပဲဂျာနယ်ဆိုတာကလည်းရောင်းကောင်းအောင် ရောင်းကြတာလေ။ဘယ်သူလုပ်လည်းတော့ ့မသိပါဘူးဗျာ။

  • lu ta lone

    October 19, 2010 at 8:16 am

    ဝါကျ အထားအသို လွဲသွားတာနေမှာပါ…
    “မြို ့တော်ဝန်၏ စီမံဆောင်ရွက်မှု ကြောင့် မင်္ဂလာဈေးကြီး မီးလောင် သွားခဲ့ရာမှ ယခင်ထက် ပိုမိုကောင်းမွန်လာတော့မည်” အစား
    ” မင်္ဂလာဈေးကြီး မီးလောင် သွားခဲ့ရာမှ မြို ့တော်ဝန်၏ စီမံဆောင်ရွက်မှုကြောင့်ယခင်ထက် ပိုမိုကောင်းမွန်လာ
    တော့မည်” လို့ ဖြစ်သင့်တာဗျ…

  • etone

    October 21, 2010 at 4:45 am

    ဟုတ်ပါတယ် ဝါကျအထားသိုမှားသွားတာကို ဘယ်သူက တွေ့လိုက်လဲမသိပါဘူး သတင်းထွက်လာတော့မှ ပို့စ်ပေါ်လှမ်းတင်လိုက်ရတာ ..။

  • unclegyi1974

    October 21, 2010 at 5:42 am

    သဒ္ဒါမတတ် စာမတတ်တဲ့
    ဘယ်ဘက်ကလှည့်တွေးတွေး
    အယ်ဒီတာမင်းအဖို့ ချွေးပြန်စရာပါ

Leave a Reply