Thai နိုင်ငံတွင် အလုပ်လုပ်ချင်လား ။

etoneOctober 19, 20101min830

ဘားအံတွင် သင်တန်းတစ်ပတ်တတ်ယုံမျှဖြင့် ထိုင်နိုင်ငံအတွင်းသို့တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ကြောင်း ပြည်တွင်းပြည်ပ အလုပ်ရှာဖွေရေး အေဂျင်စီတစ်ခုမှ ပြောကြားခဲ့သည် ။ ထိုသင်တန်းတွင် ထိုင်းယဉ်ကျေးမှူ ဓလေ့စိရိုက်များ ၊ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ဧ။် ရပိုင်ခွင့်များ ၊ စာချုပ်ပါအချက်လက်များ ၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှူများနှင့်အထွေထွေ သိကောင်းစရာများကို သင်ပြပြောပြပေးမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည် ။ ထိုလက်မှတ်ရရှိထားပါက ထိုင်နိုင်ငံတွင်တရားဝင် အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ပြီး တရားမဝင်သွားရောက်ရာတွင် ဖြစ်ပေါ်နိုင်သော လစာမပေးမှူများ ၊ မတရားလစာဖြတ်တောက်မှုများ ၊ ညှင်းပန်း နှိပ်စက်မှုများကိုလည်း ကာကွယ်နိုင်သည် ။ နိုင်ငံကူးလက်မှတ်လည်း ကိုင်ဆောင်ခွင့်ရရှိပြီး ထိုင်းနိုင်ငံတွင် တရားဝင်လွတ်လပ်စွာသွားလာနိုင်သည် ။ သင်တန်းအထွေထွေ စရိပ်မှာ ကျပ် ခြောက်သောင်းခွဲခန့်ပေးရမှာဖြစ်ပြီး သင်တန်းဖွင့်လစ်ရာ ဘားအံမြို့တစ်နေရာထဲတွင်သာ သင်တန်းတတ်ရမည်ဖြစ်သည် ။ နိုင်ငံကူးလက်မှတ်ကိုလည်း မြဝတီတွင်ပြုလုပ်နိုင်မည်ဖြစ်ပြီး ကျပ် 3000မျှသာကျသင့်မည် ။ နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် နိုင်ငံ သား ကတ်မူရင်း (၁၈) နှစ် ပြည့် သို့မဟုတ် ၁ဝ နှစ်ပြည့် သက်ဆိုင်ရာ ရ.ယ.က နှင့် ရဲစခန်း ထောက်ခံ ချက် မူရင်း၊ အိမ်ထောင်စုစာရင်း မိတ္တူ မိခင်၊ ဖခင် မှတ်ပုံတင်မိတ္တူ အိမ်ထောင်ရှိပါက အိမ်ထောင်ဖက် ၏ မှတ်ပုံတင် မိတ္တူ အစရှိသည်တို့ တစ်ပါတည်းယူလာရမှာဖြစ်ကြောင်းသတင်းရရှိသည် ။