ဈေးပြိုင် အိတ်ပိတ်စနစ်ဖြင့်ရောင်းချမည့်နိုင်ငံပိုင်သိမ်းဆည်းထားသောယာဉ်များ

etoneOctober 19, 20101min923

နိုင်ငံပိုင်သိမ်းဆည်းထားသော မော်တော်ယာဉ် 112စီး အပါဝင် ဆိုင်ကယ် 346စီး ထော်လာဂျီ21 တို့ကို ဈေးပြိုင်အိတ်ပိတ်စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အောက်တိုဘာ 22ရက်နေ့ထိ ရုံးအမှတ် ( ၃၂) ၊ နေပြည်တော် ဗဟိုစက်ပစ္စည်း စာရင်း အင်းနှင့် စစ်ဆေး ရေးဦးစီးဌာန အမျိုးသား မှတ် တမ်း များ မော်ကွန်းတိုက် ဦးစီးဌာန ရန်ကုန်မြို့ တို့တွင် ဈေးနှုန်းတင်သွင်းလွှာ များရောင်းချ မည်ဟု သိရသည်။ အခွန်ငွေမှာလည်း ဝယ်ယူသည့်တန်ဖိုး 15%ပေးဆောင်ရမည်ဖြစ်ပြီး တစ်ခါထဲပေးသွင်းရမည်ဟုသိရသည် ။ယာဉ်မှတ်ပုံတင်ကိုလည်း တစ်နေရာထဲတွင်အပြီးပြတ်ဆောင်ရွက်ပေးမည်ဟု သိရသည်။

3 comments

  • winkyawaung

    October 19, 2010 at 4:55 am

    ကိုယ့်လူနဲ့ကို လက်ဝါးရိုက်ကြတာက များပါတယ်။

  • naw2lay

    October 19, 2010 at 9:38 am

    နယ်စပ်ကမတရားသိမ်းပိုက်ထားတဲ့ ကား၊ ဆိုင်ကယ်တွေလေ။ မြစ်ကြီးနားမှာဆို ညနေပိုင်းဖမ်းလိုက်တဲ့ ဆိုင်ကယ်တွေ
    ဖမ်းတဲ့မော်တော်ပီကေတွေစီးတဲ့ဆိုင်ကယ်တွေကလဲ လိုင်စင်တောင်မရှိဘူး …….သူတို့ဆိုင်ကယ်တွေကိုအရင်ဖမ်းရမှာ ခုတော့ ပြည်သူတွေဆိုင်ကယ်လိုက်ဖမ်းနေသေးတယ် တော်တော်တရားကျဖို့ကောင်းတယ်နော်

  • blackandwhiteneo

    October 19, 2010 at 11:30 am

    ဟုတ်တယ်ဗျာ အဲဒီသူတောင်စားအကြီးစားတွေစီးနေတဲ့ဆိုင်ကယ်ကျတော့ လိုင်စင်မရှိလည်း မဖမ်းကြဘူး။ ပြည်သူကိုဒုက္ခပေးဖို့ပဲသိကြတယ်။

Leave a Reply