ငါဟဲ့.. အာဠာဝက..

ဆူးOctober 19, 20101min21814

လူကြီးများ ပြောတဲ့ စကားများကြား ကလေးပီပီ ထိုင်ပြီး နားထောင်နေတဲ့ အချိန်က ကြားမိတဲ့ အကြောင်းလေးပါ။ ဦးဟုတ် ဆိုတဲ့ အဘိုးကြီးက တရုတ်စစ်စစ် ကွန်မြူနစ် ဆန်တဲ့ ဝါဒ ကို လက်ခံယုံကြည်တယ်။ အဲဒီ အဘိုးကြီးမှာ သားနှစ်ယောက် သမီးတယောက်ရှိတယ်။ အဘိုးကြီး က ဘုရားတောင် ရှိခိုးတာ မဟုတ်တော့ နတ်တွေ ဘာတွေ ယုံဖို့ ကိုးကွယ်ဖို့ ဆိုတာ ဝေလာဝေးပေါ့။ အဘိုးကြီး က လက်ဖက်ရည်ဆိုင်ဖွင့်ထားတယ် မအူပင်မြို့မှာ.. တချိန်ကတော့ သူဆိုင်မသိတဲ့ လူမရှိဘူး… သူကြီးပွားတိုးတက်လာပုံကိုတော့ နောက်ပို့စ်တွေမှာ ရေးတော့မယ်.. အခုရေးချင်တဲ့ အကြောင်းလေး ပျောက်သွားမှာစိုးလို့.. လက်ဖက်ရည်ဆိုင်မှာ ဝင်လုပ်တဲ့ မောင်စိုး ဆိုတဲ့ ကောင်လေး က ဗမာတွေ ရှေးရိုးရာ မပျက် ကိုးကွယ်မှုတွေ နောက်ပြီး အင်းအိုင် လက်ဖွဲ့လေးတွေ ဆောင်တဲ့ အကျင့်ကလည်း ရှိတယ်။ အဘိုးကြီး သားသမီးတွေနဲ့ အရွယ်မတိန်းမယိမ်းဆိုတော့ စကားပြော ပြောင်နောက် ပြောဆိုလေ့ ရှိတယ်။ တနေ့မှာတော့ သူတို့ မောင်နှမတွေနဲ့ မောင်စိုးနဲ့ စကားပြောနေရင်းနဲ့ ကောင်မလေးကို စနောက်လိုက်တဲ့ အတွက် ကောင်မလေးက စိတ်ဆိုးပြီး သွားပုတ်လိုက်တယ်။ ဖြစ်ချင်တော့ ကောင်မလေးက ထမီလျှော်ဖို့ ထမီတွေ ကိုင်ပြီး အသွားဆိုတော့ နီးစပ်ရာ လက်နဲ့ လှမ်းပုတ်လိုက်တာ မရည်ရွယ်ဘဲ ထမီနဲ့ ခေါင်းကို ရိုက်သလို ဖြစ်သွားတယ်။ ထိုအချိန်မှာ ရုတ်တရက် မောင်စိုး အသံ ပြောင်းသွားပြီး အသံဩဩပြာပြာကြီး နဲ့ ပြောပြီး ထခုံကာ ပြောလိုက်ပုံက
ဘာကောင်တွေလဲ ငါက အာဠာဝက ကွ.. မိုက်ရိုင်းလှချည်လား ငါခေါင်းကို ထမီနဲ့ ရိုက်ရလား ဆိုပြီး ထအော်ပါလေရော..
အဲဒီအချိန်မှာ သူတို့နဲ့ စကားပြောနေတဲ့ ညီ အကို နှစ်ယောက်နဲ့ ခေါင်းရိုက်လိုက်တဲ့ ညီမ လေးလည်း လန့်သွားတာပေါ့.. သို့သော် ဘာမှ အယုံအကြည်မရှိတဲ့ အဘိုးကြီးနဲ့ သားအဖတွေ ၃ယောက် နဲ့ အာဠာဝက ဆိုတဲ့ မောင်စိုးက တယောက် ပေါ့.. ဝိုင်းချုပ်ပြီး သူတို့ ဆိုင်မှာ သုံးတဲ့ မုန့်လုပ်တဲ့စားပွဲ အကြီးကြီး အိပ်ယာ တခုစာလောက် ရှိတယ် အဲဒီ မုန့်ခုံပေါ် ဆွဲတင်ပြီး ကြိုးဝိုင်းတုတ်ပြီး အဘိုးကြီးက အပေါ်က တက်ခွပြီး.. မင်းလားကွ အာဠာဝက.. စီးထားတဲ့ ဖိနပ်နဲ့ ပါးချ လိုက်.. အာဠာဝက မောင်စိုးကတော့ ဝူးဝူး ဝါးဝါးနဲ့ ကြုံးထဖို့ ကြိုးစားလိုက် အားတော့ အဲဒီ အချိန် တော်တော် သန်တယ်လို့ ပြောတယ်။ သူ အော်ပြီး မာန်ချီပြီး ရုန်းတယ်။ ဘာတွေ အော်နေမှန်း တောင်မသိဘူး.. ကြုံးကြုံးထ ပြီး အတင်းရုန်း ဖို့ လုပ်.. အဖိုးကြီးက မင်းလားကွ အာဠာဝက.. ပါးချလိုက်.. နားရင်း အုပ်လိုက်နဲ့.. နောက် ငြိမ်ကျသွားပြီး ကြောက်ပါပြီ ဗျ.. အော်တဲ့ အထိ ဆုံးမလိုက်တယ်.. နောက်တော့.. သွားခွင့်ပြုပါ ပြောတယ်.. အဖိုးကြီးက ကဲ.. မင်း သွားချင်ရင် နောက် ထပ်ပြီး မလာနဲ့.. နောက်တခါ ထပ်ကြုံလို့ရတော့ မင်းဒီထက်ပိုနာမယ် သာမှတ်.. ဆိုပြီး သွားခွင့် ပြုလိုက်သတဲ့.. နောက် ခဏနေတော့ မောင်စိုး သတိရလာတော့ သူကို ချုပ်ထားတာ သူသိတောင် မသိဘူး.. မောင်စိုးကို အဲဒီ အကြောင်း မေးတော့ မသိဘူး လို့တော့ ပြောတာဘဲ.. မေးလိုက်တော့မှာ သူက ဆရာ တယောက်နဲ့ တွေ့တုန်း အာဠာဝက ဆေး ထိုးထားတယ် လို့ ပြောတယ်။ အဲဒီ အာဠာဝက ဆေး တကယ် စွမ်းမစွမ်းတော့ မသိဘူး အဘိုးကြီး သားအဖတွေနဲ့တော့ တပ်ခေါက်သွားတာဘဲ။ နောက်တခုကတော့ မောင်စိုးက ခြိမ်းခြောက်ချင်လို့ တမင် ဟန်ဆောင် တာလည်း ဖြစ်နိုင်ပါတယ်။

နောက်ထပ် မောင်စိုးနဲ့ ပတ်သတ်လို့ ထူးခြားတာ တခုတော့ ရှိသေးတယ်။ သူကို လိပ်ပြာလှလို့ ဥစ္စာစောင့်က သဘောကျပြီး အတင်းလိုက်ကြိုက်တယ်လို့ ကြားမိသေးတယ်။ လက်ဖက်ရည်ဆိုင်မှာ နေ့ဘက် နေရင်းနဲ့ တယောက်ထဲ ဆို စကားပြောနေတာ မြင်တယ် နောက်ပြီး လူတွေ ရှိရင်တောင် သူတယောက်ထဲ ခြေဟန် လက်ဟန်နဲ့ မျက်စပြစ်ပြ တာတို့ မြင်မိလို့.. ဟေ့ကောင် မင်း ဘာဖြစ်နေတာလဲ မေးတော့ သူတယောက်ထဲ မြင်နေမှန်း သိပြန်တော့… သူလည်း ကြောက်သွားရှာတယ်။ အဘိုးကြီး သားတယောက်ကတောင် ပြောလိုက်သေးတယ် မင်းကို ဒီလောက် ချစ်နေရင် ဥစ္စာစောင့်ဆိုတော့ မင်းတွေ့ရင် တခုခုတောင်းလိုက်ကွာ ဒါဆို မင်း အလုပ်သမား ဘဝကလွတ်မှာပေါ့။ သူကတော့ တွေ့ရင် အားလုံးမေ့သွားတယ် ဘယ်လောက် တွေးပြီး စဉ်းစား ထားပါသော်လည်း မေ့မေ့သွားတယ် ပြောတယ်။ အပျော်လွန်ပြီး မေ့နေတယ် ဆိုတဲ့ ပုံစံမျိုး.. ဒါနဲ့ ဆရာမျိုးစုံနဲ့ လက်ဖွဲ့တွေ ဘာတွေ ဆောင်ခိုင်းတယ်.. အချိန်ရောက်ရင် သူဟာသူ ဖြုတ်ပစ်တယ်။ တနေ့ မောင်စိုး ရုတ်တရက် ပျောက်သွားတာ ၃ရက်လောက် ဖြစ်သွားတယ်။ စိတ်ပူလို့ ဝိုင်းရှာကြတော့ မအူပင် မြို့ တဖက်ကမ်း မြို့နဲ့ တော်တော် ဝေးတဲ့ ချောင်ကျတဲ့ နေရာ တနေရာက သစ်ပင်အောက်မှာ သတိမေ့ပြီး အိပ်ပျော်နေတာ တွေ့တော့.. နိုးပြီး ဆိုင်ပြန်ခေါ်လာရတယ်တဲ့။ မေးမြန်းကြည့်တော့ သူက အိပ်မက်ထဲမှာ ဇိမ်ကျနေတယ်ပုံမျိုးပြောတယ်။
ဒီအကြောင်းပြောတာ မောင်စိုးက အလွန်ကြောက်တတ်တယ် သို့သော်.. အာဠာဝက ဆေးထိုးတာ ဥစ္စာစောင့် ရန်ကာကွယ် ချင်လို့လားတော့ မသိပါ။
နောက်ပိုင်း မောင်စိုး ဘာဖြစ်သွားလဲ မသိပါ။ ကြားမိတာလေး ကို တက်နိုင်သလောက် အဆက်အဆက် ရှိရှိ ရေးထားပါတယ်။

14 comments

  • kai

    October 19, 2010 at 8:05 am

    နောက်ပိုင်း မောင်စိုး ဘိုးတော်ဖြစ်သွားပါတယ်ကွယ်..။
    အခုဆို မိန်းမ၂ယောက်ယူ..ကလေးတအုပ်နဲ့ပစ်ထားပြီးနဲ့ ရွာစဉ်လှည့်စားနေတာကြာလှပေါ့။
    ချချင်တဲ့လူတွေရှိရင် အာဠာဝကဖြစ်ပြီး..ကြိုက်ချင်တဲ့သူတွေတွေ့ရင် ဥစ္စာစောင့် ပြောင်းတတ်ပါသတဲ့..။
    အဲ.. သိမ်းချင်တဲ့သူရှိရင်တော့..ဘိုးတော်ပေါ့နော..။ ထမီအောက်ရောက်တာတို့..ထမီနဲ့အအုပ်ခံရမှာစိုးတဲ့အတွက်ကြောင့် ..မိန်းကလေးတွေဆို..ထမီမပါမှ(မဝတ်မှ)..ကြိုက်ပါသတဲ့..။

    ယုံတတ်တဲ့သူကို အေအိုင်ဒီအက်စ်စုတ်နဲ့ စုတ်ထိုးပေးတတ်ပြီး… မယုံတတ်တဲ့သူကိုတော့ .. ယုံတတ်သူတွေနဲ့လည်း လှည့်တိုက်ပေးတတ်ပါသတဲ့..။
    ခုပြောတာတွေ …မယုံရင် ပုံပြင်မှတ်ပေါ့…။ 🙂

  • kai

    October 19, 2010 at 8:09 am

    ဒီပို့စ်က လူကြိုက်မှာမို ့..ဖတ်ဖို့ဝင်လာတဲ့သူတွေကို…သိချင်တာလေး..မေးပါရစေ..။
    သီပေါမင်းက …သူ့ဆွေတော်မျိုးတော်တွေ လည်မျိုဒုတ်နဲ့ရိုက်သတ်ခိုင်းလိုက်တာ..စုစုပေါင်းဘယ်နှယောက်လဲလို့..။
    သိသူတွေဖြေပေးပါဦး..။

    • ဆူး

      October 19, 2010 at 8:50 am

      အခုလို လူစိတ်ဝင်စားမဲ့ ပိုစ်လို့ မှတ်ချက်ပေးတဲ့ အတွက် ဒီနေ့ စာရေးရကျိုးနပ်သွားပြီ။ သိုင်းကျူး ချဲချဲနီ.. ဆရာရေ..
      နောက်မှ ပေါက်ကရတွေ လျောက်ရေးအုန်းမယ်.. ကြားဘူးနားဝ.. နှစ်ပေါင်း ၂ဝကျော် မှတ်သားမိတာလေးတွေ ရေးမယ်။
      လည်မျို ဒုတ်နဲ့ ရိုက်သတ်ခံရတာ ရွှေဖျင်းညီနောင်ပါ။
      သီပေါမင်းက ညီနောင်တွေက ဓါးနဲ့ ခုတ်သတ်ခံရတာ

    • ဆူး

      October 19, 2010 at 9:44 am

      ကုန်းဘောင်ရာဇဝင် စာမျက်နှာ ၅၀၄ တွင် မင်းသားမင်းမြေး ၄ဝကျော် ကို ည၉နာရီကျော် မှာ မြောက်ထားဝယ်ဗိုလ်၊ ရနှောင်းမြို့စား မောင်တုတ် ၎င်း၏ ညီ ပင်းသာမြို့စား မောင်ပြောင်၊ ရွေးလက်ဝဲဗိုလ်၊ မာရဘင်ဗိုလ် စသော အချို့ သော လက်သုံးတော်ကိုင်ကြီးတို့က ခေါင်းဆောင်၍ မင်းသားမင်းမြေး ၄ဝကျော်တို့ကို ဖျက်ဆီး သုတ်သင်ခဲ့ကြသည်။ ဦးဖိုးကျား သီပေါမင်း ပါတော်မူပုံ စာအုပ် အပိုဒ် ၅၃ မှ ပြန်ကူးရေးပြထားပါသည်။

  • etone

    October 19, 2010 at 8:16 am

    အာဠာဝက….တိုက်တယ်ဆိုတာကြားဖူးပါတယ် ကြုံတော့မကြုံဖူးပါဘူး ။ ဆေးထိုးယုံနဲ့ တကယ်စွမ်းမစွမ်းမသိပါဘူး ။ မြေနီကုန်းရွှေမြေဆိုတဲ့နေရာမှာလား အရင်ကဖြစ်ခဲ့ဖူးတယ်ပြောတယ် ။ ခဲလုံးလေးတွေနဲ့ဆိုင်ထဲကို ပေါက်တာလေ အဆက်မပြတ်ပဲတဲ့ လူတွေလည်း အုံ့နေတာပဲ … အဲဒီနေရာက အရင်က အကျဉ်းဆိုလား အချုပ်ဆိုလား လုပ်ခဲ့ဖူးတယ်လို့တော့ လူကြီးတွေပြောတာကြားမိတယ် ။ တစ်ချို့ကလည်း အာဠာဝကနဲ့ တိုက်ပြီး စီးပွားရေးကျအောင်လုပ်တယ်ဘာညာလည်း ပြောကြတယ် ။

  • ဆူး

    October 19, 2010 at 8:59 am

    အာဠာဝက ဆိုတာနဲ့ လူတွေ ဘီလူးမှန်း သိကြလို့.. ဘီလူး လို့ မသုံးဘဲ အာဠာဝက လို့ ကြီးကြီးကျယ်ကျယ် စာလုံး လှလှ ပြောင်းသုံးတာ ဖြစ်နိုင်ပါတယ်။ သတ္တလောကမှာတော့ ဘီလူး ဆိုတာ အများကြီးပါ။ ဇတ်တော်တွေထဲက အာဠာဝက ကတော့ ဘုရား အဆုံးအမ ကိုခံယူပြီး တရားအားထုတ်ကြဖို့ လောကကြီးထဲ လှည့်လည် သွားနေတယ် ဆိုလား ဘုန်းကြီး တရားတခုမှ ကြားမိပါတယ်။ ဆူး စိတ်ထင်တော့ ဘီလူး ဆိုတာ ကြမ်းတမ်းတဲ့ သဘောရှိတဲ့လို့ ထင်ပါတယ်။ ဘီလူးဆိုတာ ဇတ်ပွဲတွေမှာလို့ ခေါင်း ၁ဝလုံး ရှိတယ် ဆိုတာ ဟုတ်ပါ့မလား.. လူတွေ အသိထဲမှာ ဘီလူး ဆိုတာ ကြမ်းတမ်းတယ် ဒီတော့ အစွယ်လေးတွေ ထွက်ပေးပြီး အမြင်နဲ့ တုန်လှုပ်စေအောင် ရှေးက ဒီဇိုင်း ဆရာတွေက ဖန်တီးခဲ့တယ် လို့ ထင်ပါတယ်။ ဘီလူးထဲမှာ မြေဖုတ် ဘီလူး ရှိသလို နတ်ဘီလူးတွေ လည်း ရှိတယ်။ စတုမရ နတ်မင်းကြီး လေးပါးထဲမှာတောင် ဘီလူးပါတယ်။ ဒါနဲ့ စကားမစပ် ဗိဿနိုး ဘုရင်မ ပန်တြာ ဘုရင်မလို့လည်း ခေါ်တယ်လေ.. အဲဒီ ဘုရင်မက သေတော့ ဘီလူးဖြစ်နေတာ။ သူကို ဘီလူးလို့ ပြောရင် လုံးဝ မကြိုက်ဘူး ဖက်ဖူးစိမ်းရောင် ဝမ်းဆက်နဲ့.. မုံရွာဘက်က သစ်ထုတ်လုပ်ရေး လုပ်တဲ့ လူတွေကတော့ သူကို ခေါင်းပေါ် တင်ထားရတယ်.. ကြမ်းလွန်းလို့..

  • cherrywine

    October 19, 2010 at 9:33 am

    ဆူးပြောတာကို သဘောကျတယ်။လွန်ခဲ့တဲ့
    တစ်နှစ်လောက်ကျော်လောက်က ပြည်မြို့မှာ
    လည်း အာဠာဝက တိုက်တယ်ဆိုပြီး ဆိုင်ကို
    တစ်နေ့လုံး ခဲနဲ့ပေါက်တယ်လို့ ကြားမိတယ်။
    ဟုတ်မဟုတ်တော့ သေချာမသိပါဘူး။

  • kai

    October 19, 2010 at 10:12 am

    ဟိုလေ..
    ပုံနက(စာလုံးပေါင်းရှာမရ) တိုက်တယ်တော့ သေသေချာချာကြားဖူးတယ်…။(တေးရေး..ပုံနက အမည်နဲ့တူတူပါပဲ)
    ခုံတွေလွင့်တာ.။ ခေါင်မိုးခဲကျတာ စသဖြင့်ပေါ့…။
    ဒါက တခြားနိုင်ငံတွေမှာလည်းရှိတယ်..။

    သိပ်ပံလေ့လာမှုအရ အသက်၁၂ကနေ ၂ဝလောက်ကြား လူသားတယောက်ယောက်က အဲလိုမျိုးတွေလုပ်တတ်တယ်ဆိုပါတယ်။
    စိတ်စွမ်းအားတွေ ထန်ချိန်ပေါ့။ ထိမ်းမရဖြစ်တတ်ပါတယ်တဲ့..။
    ကျုပ်ငယ်ငယ်ကတော့ ပုံနကတိုက်တာ(ခဲပေါက်တာ)ကို လူကြီးတွေဝိုင်းဖမ်းရာမှာ သာမန်လူကြီးတွေခဲပစ်နိုင်တဲ့နေရာထက်ဝေးတဲ့နေရာကနေ ခဲနဲ့ပစ်နေတဲ့ ရုးကြောင်ကြောင်းကောင်ေးလတယောက်မိတာ မှတ်မိတယ်..။

    • bigcat

      October 19, 2010 at 11:39 pm

      စာလုံးပေါင်းက ပုဏ္ဏကလို့ထင်ပါတယ်။ အာဠာဝကဘီလူးအစစ်က ဘုရားချွတ်လိုက်လို့ သောတာပန်တည်ပြီး မကြမ်းတော့ဘူး။ အခုဟာတွေက သူ့ကိုမှီပြီးကျန်ခဲ့တဲ့ တပည့်သားချင်းတွေလို့ မှတ်သားဖူးပါတယ်။

  • ဆူး

    October 19, 2010 at 11:02 am

    ကောင်လေးက ဘာလို့ ဒီလောက် အားတွေ ရှိနေတာလဲ.. ရူးကြောင်ကြောင် ဖြစ်နေလို့ ပို အားရှိပြီး သာမန် လူကြီးတွေထက် ပိုဝေးဝေး ပစ်နိုင်တာလား

  • windtalker

    August 21, 2011 at 12:43 pm

    “ မောင်စိုး မောင်စိုး
    မင်းဟာက အဖြစ်ဆိုး
    လေး စေချင်လို ့
    အာဠာဝက ဆေးထိုး
    ဖြစ်တော့ စားပွဲထိုး ” ( ပုံ…အမည်သိ၊ခေတ်ပေါ်စာဆို မေပေါင် )

  • thit min

    August 21, 2011 at 1:14 pm

    အာဠာဝက ဆေးထိုးထားတာမှန်ရင်ဘီလူးရုပ် ကျောမှာထိုးထားရမယ်။ယုံတာမယုံတာအပထားအဲဒီအာဠာဝကဆေးထိုးတာကတော့တကယ်ရှိ ပါတယ်။စွမ်းမစွမ်းမသိဘူး ။

Leave a Reply