ထိုင်ဝမ်မှမြန်မာအဆိုတော်” အက်ဂါ”

doekalayOctober 19, 20101min19311

သူ့မြန်မာနာမည် ကျော်ထိုက်စံ လို့ ခေါ်ပါတယ်။

အဲဒါကတော့ သူ့မြန်မာနာမည်က ကျော်ထိုက်စံ မဟုတ်ပါဘူးတဲ့…သူ့ တရုတ်နာမည်ကသာ ကျောက်ထိုက်ရှန် ပါတဲ့… မြန်မာနာမည်က ဘာလဲဆိုတော့ အက်ဂါ (Edgar) လို့ပဲ သိရပါတယ်… နာမည်အရင်းကတော့ မသိပါဘူး… သိဖို့လဲ မလိုအပ်ဖူးထင်ပါတယ်… သူက ရှမ်းပြည် ကျိုင်းတုံ အလွန်က ကွမ်းလုံ ဆိုတဲ့ မြို့ကပါ… သူ့ မွေးနေ့က August 9, 1981 ပါ… မြန်မာပြည်မှာ စီးရီး ၂ခွေ ထုတ်ဖူးပင်မဲ့ သိပ်ရောင်းအား မကောင်းခဲ့ပါဘူး… ဒုတိယ စီးရီးကတောင် လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ထုတ်ခဲ့တာဆိုတော့ ပြန်လိုက်ရှာဖို့ကတော့ ခက်မယ်ထင်ပါတယ်… ထိုင်ဝမ်ကို ရောက်တာ မကြာသေးခင်မှာပဲ super Idol ရှိတယ်ဆိုတာ ကြားလို့ ဝါသနာအရ သွားပြိုင်ခဲ့ပါတယ်… သူ မြန်မာပြည်မှာ မအောင်မြင်ပဲ ထိုင်ဝမ်မှာ လူသိများ အောင်မြင်ခဲ့တာကိုလဲ နားမလည်နိုင်ဖြစ်နေပါတယ်… ထိုင်ဝမ် စူပါ အိုင်ဒိုးက လူထောင်ပေါင်းများစွာမှာ အမြင့်ဆုံး ၉ယောက်အထိ ရောက်ရှိခဲ့ပါတယ်… မြန်မာပြည်နဲ့ မြန်မာလူမျိုးကို ချစ်လို့ သူမြန်မာဆိုတာကို အမြဲတမ်း ဝံ့ကြွားစွာ ထည့်ထည့်ပြောလေ့ရှိပါတယ်တဲ့… သူဟာခုဆိုရင် ထိုင်ဝမ်က talent agency တစ်ခုနဲ့ စာချုပ်ချုပ်ထားပြီးပါပြီ… စီးရီးထွက်ဖို့တော့ လက်တလောမှာ မရှိသေးပါဘူးတဲ့… ခုလောလောဆယ်မှာတော့ talent Agency များရဲ့ လုပ်နည်းလုပ်ဟန်အတိုင်း သူ့ရဲ့ အနုပညာလမ်းကြောင်းကို သူတို့ကပဲ အားလုံး ထိန်းချုပ်ထားပါတယ်… သူ့ Agency က သူ့ကို အောင်မြင်တဲ့ အနုပညာသမားတစ်ယောက် အဖြစ် ကောင်းစွာ မြေထောင်မြှောက်ပေးဖို့ ဆုတောင်းမိပါတယ်…

ဒီနေ့ ညနေ ၃နာရီ ထိုင်ဝမ်မှာ သူ့ရဲ့ ပထမဆုံး fan Meeting ရှိပါတယ်… သူ့ ပရိတ်သတ်တွေအတွက် လက်ဆောင်တွေ ပြင်ဆင်ထားတယ်လို့လဲ သိရပါတယ်… ်… ထိုင်ဝမ်မှာ တောက်ပနေတဲ့ မြန်မာပြည်က ကြယ်ပွင့်လေး ဆက်လက်တောက်ပ ာင်းနေပါတယ်… အစဉ်အမြဲလဲ အားပေးလျက်ပါ…

မဗေဒါ၏ဗေဒါလမ်းမှကူးယူဖော်ပြသည်။(မဗေဒါကိုကျေးဇူးတင်ပါတယ်)

11 comments

  • ဆူး

    October 19, 2010 at 6:42 am

    သူ့သတင်းလေးကို ဟိုတနေ့က တီဗွီမှာ ကြည့်ရတယ်။ မြန်မာမှာ အခွေ မပေါက်ဘဲ ထိုင်ဝမ်မှာ သွားပေါက်နေတယ်။ ထူးခြားပါတယ်။ သူ့ အခွေတောင် အိမ်မှာ အရင်က ရှိတယ် အသံက မဆိုးဘူး ကောင်းတယ်။ တိတ်ခွေ ခတ်တုန်းက ဝယ်ထားတာ။

  • Sky Blue

    October 19, 2010 at 6:43 am

    အက်ဂါ…သီချင်းတွေ နည်းနည်းပါးပါးတော့ နားထောင်ဖူးတရ်…. သူက အသံဝဲ တရ်လေ…..သူ့ကသီချင်းအေးအေးလေးတွေ ဆိုတာများတရ်…. တစ်ချို့သီချင်းလေးတွေလည်း ကောင်းပါတရ်….:):):)

  • nwl

    October 19, 2010 at 8:15 am

    အက်ဂါ ရဲ့သီချင်းကို နားထောင်ဖူးတယ် သူ့အသံက သီချင်းအေးအေးလေးတွေနဲ့လိုက်တယ် ။ သူ့ရဲ့ ပထမဦးဆုံးအခွေက စုံတွေသီချင်းလေးကို တော်တော်ကြိုက်ခဲ့ဖူးတယ် (သီချင်းနာမယ်တော့ မေ့နေပြီ) သရုပ်ဆောင်ထားတာ နီလာအောင်အောင်နဲ့လို့ထင်တာပဲ ..

  • etone

    October 19, 2010 at 8:51 am

    အက်ဂါက မအောင်မြင်ခဲ့ပေမဲ့လူတော့သိလိုက်တယ်လို့ပြောရမယ် နာမည်ဆန်းနေတာကြောင့်ဖြစ်မယ်ထင်တယ် ။ မြန်မာနိုင်ငံသားတယောက်တိုင်းတပါးမှာ အဆင်ပြေပြီးအောင်မြင်နေတာ ဝမ်းသာပါတယ် ။

  • cherrywine

    October 19, 2010 at 9:28 am

    အက်ဂါရဲ့ နတ်မြင်းပျံ စီးရီးထွက်တာတော့သိ
    တယ်။သူ့သီချင်းလေးတွေက တရုပ်သံစဉ်နဲ့
    တော့ နည်းနည်းတူတယ်။သရုပ်ဆောင်လည်း
    မဆိုးပါဘူး ။အခုလို မြန်မာနိုင်ငံသားတစ်ဦးက
    အောင်မြင်တဲ့အတွက်လည်း ဂုဏ်ယူပါတယ်။

  • april

    October 19, 2010 at 2:57 pm

    အက်ဂါရဲ့ သီချင်းလေးတွေကို ကြိုက်ပါတယ်…သူဆိုတာကလည်း သီးချင်းအေးအေးလည်းဆိုတော့ သူ့အသံနဲ့လည်း လိုက်တယ်လေ.. ခုတောင် တခါတလေ မြဝတီမှာလွှင့်သေးတယ်…မြန်မာပြည်က အဆိုတော်တစ်ယောက် တိုင်းတပါးမှာ အောင်မြင်တာ ဂုဏ်ယူပါတယ်…

  • Gong Zhu

    October 19, 2010 at 3:05 pm

    လှံထမ်းလာတာမြင်ရတယ် ကံထမ်းလာတာမမြင်ရဘူး ဆိုတာမှန်ပနော် …

  • kopauk mandalay

    October 19, 2010 at 4:13 pm

    မြန်မာပြည်ကလူ သူများနိုင်ငံသွားအောင်မြင်တော့ကောင်းတာပေါ့။
    ဒါပေမယ့် သူကရော မြန်မာပြည် ပြန်လာပါအုံးမလား မသိတတ်။

  • phyo lay

    February 17, 2013 at 10:47 pm

    လာပါလာပါမခေါ်ရဲတယ်….ပြန်ပါပြန်ပါမနှင်ချင်လဲ…..
    ဘဝကန္တာရလမ်းထဲမှာ….မလာစေချင်ဘူးချစ်သူရရ်….
    ကိုစီတိုင်တည်တာလေးတွေ….ဘယ်လိုခိုင်မာနေပါစေ….
    ချစ်သူပျော်ရွှင်ခြင်းအတွက်သာ….ပေးဆပ်ရမယ့်အချစ်တွေပါ….

  • phyo lay

    February 17, 2013 at 10:54 pm

    အဆုံးသတ်ခဲ့ diary ထဲက sunday ရောက်ရင်ကြေကွဲနေမှာပဲ….
    ခေါက်ရိုးများကြိုးကာ…အိုဟောင်းနွမ်းတဲ့….စာရွက်လေးရဲ ့သခင့်ကိုမျှော်လင့်ဆဲ…
    အလင်းမဲ့ဘဝမှာပျောက်ဆုံးခဲ့…မင်းရဲ ့အချစ်တွေကိုလိုက်ရှာနေဆဲ…
    အဆုံးမရှိတဲ့ကောင်းကင်ကိုငေးမောကာ…တွေ ့များတွေ ့မလားကိုကျောက်ရုပ်လေးပမာ…
    ………………………………………………………………………………….
    နှစ်ဦးသားဘဝကမှတ်မိအုံးမလား…အနမ်းလေးများနဲ ့အချိုဆုံးစကား….
    နှစ်သိမ့်ရင်းကို ့မှာကြည်နူးခဲ့ရ…အဖြေရယ်ရှာမရခဲ့ပျောက်ဆုံးဝေးကွာ….
    အချစ်ကပေးဆပ်ရယူခြင်းလား….အသက်စွန် ့ချစ်ဖို ့အဆင်သင့်ပါ….
    မင်းအတွက်ကို ့ဘဝဟာ….အရုပ်လေး၁ရုပ်ပါ…..
    အဖြူရောင်ကြေကွဲလမ်းမှာကို ့ဘဝပျော်နိုင်အုံးမလား………
    ၁ ယောက်ထဲပါ…………………………………….

  • phyo lay

    February 17, 2013 at 11:00 pm

    ကမာ္ဘမြေတိမ်းစောင်းခြင်းကသူ ့ရဲ ့အမှန်တရား…
    ပင်လယ်ပြာတာအမှန်တရားပဲ……
    အို…သိပ်ချစ်တဲ့တို ့နှစ်ယောက်အချစ်ခရီးလမ်းလေး….
    ကမာ္ဘမြေလိုကွယ်မတိမ်းစောင်းချင်ဘူး……
    ပင်လယ်ကြီးကပြောသတဲ့သူ ့ရဲ ့အမှန်တရား….
    ခိုင်ခိုင်မာမာလက်တွဲထား……
    အို…သိပ်ချစ်တဲ့တို ့နှစ်ယောက်ဆုံးစည်းကြဖို ့……
    ရဲရင့်ခြင်းတွေပေးအပ်ချင်တယ်…….

Leave a Reply