တစ်ရာရတယ်

etoneOctober 19, 20101min511

ဆူဆီလေးက အိမ်ကို ဝမ်းသာအားရ နဲ့ အပြေးပြန်လာပါတယ်။

သူ့မေမေကိုတွေ့တော့ “မေမေ သမီးစာမေးပွဲမှာ အမှတ်တစ်ရာ
ရတယ်” လို့ပြောပါတယ်။

ဒါနဲ့ သူ့မေမေက “တော်လိုက်တာ သမီးရယ်။ မေ့သမီးလေးက
ဟုတ်လှချည်လား။ ဘယ်ဘာသာမှာရတာတုံး”လို့မေးပါတယ်။

ဆူဆီက ပြုံးရင်း”နှစ်ဘာသာကြီးများတောင်မေမေရဲ့”လို့ပြောပြီး
ဆက်ပြောတာက “အင်္ဂလိပ်စာမှာ ၅၆ မှတ်ရတယ်။သချင်္ာက ၄၄
မှတ်”တဲ့။

One comment

  • tunaung

    October 19, 2010 at 9:52 am

    ကျန်တဲ့ဘာသာတွေကကေားသမီးလေး…အားလုံးကိုပြောတာမေမေကလဲအရမ်းဒုံးဝေးတာဘဲ……

Leave a Reply