STRESS မွေးမြူရေး

koyegyiOctober 19, 20101min741

ဒီအလုပ်ကြီးက STRESS အရမ်းများလို့ အလုပ်ပြောင်းတော့မယ် ဆိုတဲ့ စကားမျိုး မကြာခဏကြားခဲ့ဘူးပါတယ်။ဘယ်အလုပ်မှာမဆို မတူညီတဲ့ STRESS တွေရှိနေတယ်ဆိုတာ သိထားသင့်ပါတယ်။ အလုပ်ရှင်ကပေးတဲ့ STRESS ၊ မန်နေဂျာကပေးတဲ့ STRESS ၊ လုပ်ဖေါ်ကိုင်ဘက်ကပေးတဲ့ STRESS ၊ လက်အောက်ငယ်သားကပေးတဲ့ STRESS စသည်ဖြင့် အမျိုးမျိုးသော STRESS တွေက အလုပ်တိုင်းမှာ ရှိနေပါတယ်။ လူတွေအတွက် STRESS ဆိုတာ အမှန်တကယ်လိုအပ်ပါတယ်။ STRESS ရှိမှ CHELLENGE ဆိုတာရှိလာမှာပါ။ CHELLENGE ရှိမှလည်း အောင်မြင်မှုကိုရနိုင်မှာပါ။ GOOD STRESS နဲ့ BAD STRESS ကိုခွဲခြားနိုင်ဘို့ လိုအပ်ပါတယ်။ မိမိ မသိသေးတာ မတတ်သေးတာကို လုပ်ဖေါ်ကိုင်ဘက် တစ်ယောက်ကသိနေလို့ဖြစ်လာတဲ့ STRESS ဆိုရင် သူတောင် သိသေးတတ်သေးတာပဲ ငါကဘာလို့ မသိမတတ်ရမှာလဲဆိုတဲ့စိတ်နဲ့ သိအောင်တတ်အောင် သင်ယူရင် ကိုယ့်အတွက် အကျိုးရှိမှာ ဖြစ်လို့ အဲဒီ STRESS မျိုးကို GOOD STRESS ၊ မဆိုင်တာတွေတွေးပြီး မလိုအပ်ပဲ ခံစားနေတာမျိုးဆိုရင် BAD STRESS (ဥပမာ – အဝတ်အစားပြိုင်ဆိုင်မှု၊ ဖုန်း၊ ကားရှိသလားပြိုင်ဆိုင်မှုစသည်ဖြင့်) ။ အချုပ်ကတော့ STRESS များတယ်ဆိုတိုင်း အလုပ်ပြောင်းမပြေးပဲ မိမိအတွက်အကျိုးရှိနိုင်တဲ့ GOOD STRESS တွေကို ရဲရဲလက်ခံပြီး အောင်မြင်မှုဆီတက်လှမ်းနိုင်မှာ ဖြစ်ပါကြောင်း။ သူငယ်ချင်းတို့လည်း နည်းနည်းဆွေးနွေးပေးပါဦး။

One comment

  • etone

    October 19, 2010 at 9:57 am

    working stress ကတော့ရှိတတ်ကြပါတယ် အနည်းအများသာကွာတာပါ ။ ဒါကလည်းကိုယ်လုပ်နေရတဲ့အလုပ်အပေါ် ဘယ်လောက်တာဝန်ယူနိုင်လဲ၊ ကိုယ့်ရဲ့အခန်းကဏ္ဍကဘယ်လောက်အရေးကြီးလဲဆိုတဲ့အပေါ်မူတည်ပါတယ် ။ တစ်ခါတစ်လေ stress များလာရင်စိတ်တိုလာတယ် ။ လူလည်း အိုမင်းရင့်ရော်လာသလိုခံစားရတယ် ။ အရွယ်လည်းကျလာတယ် ။ အဲ့ဒီအချိန်မျိုးမှာ အားယားဟီလာထနေသူတွေကို မျက်မုန်းကျိုးမိမယ် စိတ်တိုမယ် ဒေါသထွက်မယ် ။…
    တစ်ခါတစ်လေ စိတ်ထဲမှာ အလုပ်အတွက် stress များနေရင်ခွင့်ယူပြီးအိပ်ပစ်လိုက်တာပဲ ။ ကျန်တာဘာဖြစ်ဖြစ်ပစ်ကိုထားလိုက်တော့တယ် ။ အစကတော့မသိလို့ အသေလဲခံစားလိုက်ရတာ အခုတော့ စိတ်နည်းနည်းပင်ပန်းရင်ဒါမျိုးပဲလုပ်တယ် ။ ကိုယ်က အင်တိုက်အားတိုက်လုပ်လည်း အလုပ်သမားက အလုပ်ရှင်နေရာရလာမှာမဟုတ်ဘူး ။ ဒုံရင်းက ဒုံရင်းပဲလေ ။

Leave a Reply