Bounty Hunter ဆိုတဲ့ဇာတ်လမ်းလေးအကြောင်းပါ

cherrywineOctober 19, 20101min821

ဒီရက်ပိုင်းကြည့်မိတဲ့ ဇာတ်ကားလေးအကြောင်း အားလုံးကိုပြောပြချင်ပါတယ်
Bounty Hunter ဆိုတဲ့ဇာတ်ကားလေးပါ .. ။ မင်းသားကတော့ Gerard Butler နဲ့ မင်းသမီးကတော့အများသိပြီးသား နာမည်ကြီး ရုပ်သံဇာတ်လမ်းတွဲ Friends ရဲ့မင်းသမီးချော Jennifer Aniston ပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ … အလုပ်ထုတ်ခံထားရတဲ့ ရဲအမှုထမ်းဟောင်း မိုင်လိုဘွိုတ်ဟာ ကြေးစားလူမိုက်ဖမ်းတဲ့အလုပ်ကိုလုပ်ပြီးအသက်မွေးပါတယ်။အမြဲတမ်းကံမကောင်းဖြစ်ပြီးငွေလိုနေတက်ပါတယ်။မိုက်တိမိုက်ကန်းနဲ့
ညစ်ညစ်ပတ်ပတ်နေတက်လို့မိန်းမဖြစ်သူနဲ့လည်းကွာရှင်းခဲ့ရပါတယ်။သူ့မိန်းမဖြစ်သူကတော့နာမည်ကြီး
သတင်းထောက် နီကိုးဟာလေဖြစ်ပါတယ်။ထက်မြတ်ပြီး ချောမောလှပသူ နီကိုလ်းဟာကိုယ့်ကိုကိုယ်သက်သေ
တဲ့ သတင်းတစ်ခုကို လူသတ်မှုဟု ထင်မှတ်ပြီး သေချာအောင်သတင်းလိုက်ရာမှ အစိုးရရုံးမှ ဒဏ်ငွေမဆောင်
သဖြင့်ဖမ်းဝရမ်းထုတ်ခံရသူဖြစ်သွားပါတယ်။နီကိုလ်းကို ဖမ်းရန်တာဝန်ပေးခံရသူကတော့သူ့ယောက်ျားဟောင်း
မိုင်လိုဘွိုတ်ဖြစ်နေပါတယ်။လူသတ်မှုကို ကြံစည်သူများမှာလည်း နီကိုလ်းအားနှုတ်ပိတ်ရန်လိုက်လံ ကြံစည်နေကြပါတယ်။
အချစ်၊ဟာသနှင့် အက်ရှင်အနည်းငယ်ပါဝင်တဲ့ ဒီကားဟာပေါ့ပေါ့ပါးပါးနဲ့ရယ်စရာကောင်း
ပြီး မိသားစုအတူကြည့်ရှုနိုင်သော ကားကောင်းတစ်ခုဖြစ်ပါတယ်။လှပပြီး ထက်မြတ်တဲ့ Jennifer ကိုလက်ထိပ်နဲ့လိုက်ဖမ်းနေတဲ့ Gerard တို့ပုံတွေမြင်ယုံနဲ့တင် ကြည့်ချင်ကြမယ်လို့ထင်ပါတယ်။

ကြည့်ပြီးသားဖြစ်နေရင်တော့ သည်းခံပေးပါနော်။



One comment

  • doekalay

    October 19, 2010 at 9:52 am

    ဇာတ်ကားကောင်းမကောင်းတော့ မသိဘူး။မင်းသမီးလေးကကိုယ်လုံးတော်တော် တောင့်တယ်။

Leave a Reply