Online အင်္ဂလိပ်စာသင်ကြမယ်

etoneOctober 19, 20101min1177

သင်ခန်းစာခြောက်ခုပါဝင်ပြီး နိုင်ငံတကာအသိမှတ်ပြု အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှူ စာမေးပွဲဖြေရန်အတွက် အသုံးပြုနိုင်တဲ့ အွန်လို်င်း အင်္ဂလိပ်စာသင်တန်းတစ်ခုရှိပါတယ် ။ အွန်လိုင်းမှနေပြီး နာရီပေါင်း ခြောက်ရာလေ့လာသင်ယူနိုင်မှာဖြစ်ပြီး pre-intermediate ကနေ advance levelအထိ သင်ခန်းစာတွေပါမှာဖြစ်ပါတယ်။ သင်ကြားလိုတဲ့အချိန်ဝင်ရောက်အသုံးပြုနိုင်မှာဖြစ်ပြီး self study သင်ရမှာဖြစ်ပါတယ် ။ စာသင်ခန်းအတွင်းသို့မသွာနို်င်တဲ့မအားလပ်သူတွေအတွက်တော့ တော်တော်လေးအဆင်ပြေခရီးပေါက်မှာပါ ။ www.bit.ly/bcmyanmar မှာသတင်းအပြည့်စုံဖတ်ကြည့်ပါ ။

7 comments

  • weiwei

    October 19, 2010 at 10:21 am

    အွန်လိုင်းမှာ chatting ထိုင်နေမယ့်အချိန်အစား အင်္ဂလိပ်စာလေ့လာသင်ယူသင့်တယ်။ ကျေးဇူးပဲ etone ရေ ..

  • asiamasters

    October 19, 2010 at 11:51 am

    ဒီ Website ကိုဖွင့်လို့မရပါဘူး။ ဘယ်လိုဖွင့်ရမလဲဆိုတာ အကြံပြုပါဦး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 19, 2010 at 3:06 pm

    လေ့လာချင်သူများသည် http://www.bit.ly/bcmyanmar သို့မဟုတ် http://www.myanmar-network.net တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး အဆိုပါ သင်ခန်းစာများကို အသုံးပြုလိုပါက http://alison.com/publishers.php?publisher=British%20Council တွင် ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။

  • winkyawaung

    October 19, 2010 at 4:05 pm

    အဲဒီဝက်ဆိုဒ်ကို အင်္ဂလိပ်စာ လုံးဝမတတ်သေးသူများအတွက် စတင် သင်ကြားနိုင်အောင် မြန်မာလိုပြန်ပေးစေလိုပါတယ်..။ ကျွန်တော်လည်း မဖတ်တတ်ပါခင်ဗျား..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 20, 2010 at 2:25 am

    တိန်!!!!!!!!!!!!!!!!!!

  • manawphyulay

    October 20, 2010 at 2:47 am

    အင်္ဂလိပ်စာ လေ့လာပါတယ်ဆိုမှ မြန်မာလို ပြန်ခိုင်းမှတော့ ဘယ်လိုတတ်မှာလဲ ko winkyawaung ရဲ့ တဖြည်းဖြည်း ကျင့်ယူရမှာပေါ့ရှင့်။

Leave a Reply