ကျွန်တော်တို့ သိပ်ကြိုက်တဲ့ ကိုလာရဲ့ မျိုးပွားစွမ်းရည် ထိခိုက်တဲ့ ပြဿနာ

littlekaungApril 2, 20101min1375

တစ်နေ့ကို ကိုလာအချိုရည် ၁ ကွတ် နဲ့ အထက် သောက်သုံးရင် အမျိုးသားများမှာ သုက်ပိုးတွေရဲ့ စွမ်းရည် လျော့ကျစေတာကို သုတေသနပြု တွေ့ရှိအတည်ပြုနိုင်ခဲ့ကြပြီး မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ (၁ကွတ်ဆိုတာ ဝ ဒသမ ၉ လီတာ၊ ၁လီတာ နီးနီးရှိပြီး ဖန်ပုလင်းများနဲ့ ဆိုရင် တစ်နေ့ ၃ ပုလင်းခန့်၊ ဈေးကွက်ထဲမှာ ထွက်တာ မကြာသေးတဲ့ ကော်ပုလင်းများနဲ့ ဆိုရင် တစ်နေ့ ၂ပုလင်းတိတိ သောက်သုံးမှသာ အန္တရာယ် ရှိတာမို့ အမျိုးသားများ သိပ်တော့ စိုးရိမ်စရာ မရှိလှပါ)တစ်နေ့ကို ကိုလာအချိုရည် ၁ ကွတ် နဲ့ အထက် သောက်သုံးရင် အမျိုးသားများမှာ သုက်ပိုးတွေရဲ့ စွမ်းရည် လျော့ကျစေတာကို သုတေသနပြု တွေ့ရှိအတည်ပြုနိုင်ခဲ့ကြပြီး မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ (၁ကွတ်ဆိုတာ ဝ ဒသမ ၉ လီတာ၊ ၁လီတာ နီးနီးရှိပြီး ဖန်ပုလင်းများနဲ့ ဆိုရင် တစ်နေ့ ၃ ပုလင်းခန့်၊ ဈေးကွက်ထဲမှာ ထွက်တာ မကြာသေးတဲ့ ကော်ပုလင်းများနဲ့ ဆိုရင် တစ်နေ့ ၂ပုလင်းတိတိ သောက်သုံးမှသာ အန္တရာယ် ရှိတာမို့ အမျိုးသားများ သိပ်တော့ စိုးရိမ်စရာ မရှိလှပါ)။ဒီလို သောက်တဲ့ အမျိုးသားတွေမှာတော့ သုက်ကောင် အရေအတွက် ၃၀% လောက်ကို လျော့သွားတယ်လို့ လေ့လာ တွေ့ရှိရပါတယ်။ သုက်ကောင်အရေအတွက်ဟာ သားသမီးရရှိရေးမှာ အရေးအလွန်ကြီးတဲ့ အတွက် ဒီလောက် ၃၀% တောင် လျော့ကျသွားတယ် ဆိုရင် ကလေးယူဖို့ အခက်အခဲ ဖြစ်သွားနိုင်ပါတယ်လို့ သုတေသီများက သတိပေးပြောဆိုပါတယ်။ဒီလို ကိုလာအချိုရည် နဲ့ အမျိုးသား မျိုးပွားစွမ်းရည် ဆက်စပ်ခြင်းဟာ ကိုလာထဲမှာပါတဲ့ ကဖိန်းဓာတ်ကြောင့် မဟုတ်တာတော့ သေချာပါတယ်။ ဘာလို့လဲ ဆိုတော့ သူ့ထက် ကဖိန်းဓာတ်ပိုများတဲ့ ကော်ဖီမှာကျ ဒီလို သက်ရောက်မှု မရှိလို့ပါပဲ။

ဘယ်ပါဝင်ပစ္စည်းကြောင့် ဖြစ်ရသလဲလို့ တိတိကျကျသိရအောင် ခွဲခြမ်းစိတ်ဖြာ လေ့လာမှုတွေ ဆက်လုပ် နေကြပါတယ်။

ref;forward

5 comments

  • susunosuki

    April 15, 2010 at 3:56 pm

    တော်သေးတယ်
    ကျွန်တော်က ကိုလာမကြိုက်ဘူးဗျ
    တစ်လောက research paper တစ်ခုမှာ လဲ ကိုလာက သွားကိုထိခိုက်စေတယ်လို့
    ဖတ်လိုက်ရတယ်

  • ပန်းအောင်

    April 20, 2010 at 4:23 pm

    လန် ့သွားတယ်ဗျာ တစ်ကယ်

  • kai

    April 20, 2010 at 9:07 pm

    မယုံဘူးဗျာ။ ကျုုပ်တို့အလုပ်မှာ မက်ခ်စီကန်-အမေရိကန်တွေ ဆိုဒါ၊ကိုလာ သောက်သမှ တရက်ဂါလံဝက်အသာလေးပဲ။
    မွေးထားလိုက်ကြတဲ့ ကလေးများ ၃-၄ယောက် အသာလေးပဲ။
    ဒီသုတေသန မှန်တယ်ဆိုရင် ကလေးတွေရဲ့အဖေက တခြားတယောက်ဖြစ်နေရမယ်။
    ဒီတော့..သုတေသနက မှားသလား၊ အဖေက ပထွေးလား တခုခုပဲ..။

  • marnat

    July 14, 2010 at 4:12 am

    ဝါးမျိုးဆက်ပျက်တော့မလို.

  • nyimalay

    September 13, 2010 at 9:41 am

    ma yone lal drink port. warnning pay te thu ka pay pyi p. yone tar ma yone tar ka problem ma hoat bu lay.

Leave a Reply