သီရိလင်္ကာတွင် ဒုက္ခရောက်နေကြသော မြန်မာ သာမဏေများ၊ သီလရှင်ဆရာလေးများနှင့် ကျောင်းသားများ

ဆူးOctober 19, 20101min1265

၂၇-၉-၂၀၁ဝ ညနေပိုင်း သီတဂူဆရာတော်ကြီး အမှူးရှိသော သီတဂူကပ္ပိယ (အောက်မြန်မာပြည်) အဖွဲ့တို့ လျပ်တပြက် အစည်းဝေးတစ်ရပ် ကျင်းပသည်။ သီးတဂူဆရာတော်ကြီးသည် အင်ဒိုနီးရှား ဘုရားထီးတင်ပွဲနှင့် သံဃာတစ်ထောင်ကျော် သံဃာ့အစည်းအရုံးကြီးအတွက် ထိုင်း လာအို ကမ္ဗောဒီယားနှင့် သီရိလင်္ကာနိုင်ငံစသော ဗုဒ္ဓဘာသာနိုင်ငံများမှ အထင်ကရဆရာတော်ကြီးများအား ပင့်ဖိတ်ရန် ကြွရောက်ခဲ့စဉ် အရေးပေါ်အကြောင်းတစ်ရပ် ပေါ်လာပါသည်၊ ထိုအရေးပေါ်နှင့်ပတ်သက်ပြီး အောက်မြန်မာရှိ ကပ္ပိယအဖွဲ့များအား ဆင့်ခေါ်ကာ နောက်လ ၁၆ ရက်နေ့ မန္တလေးမြို့ အကျဉ်းထောင်ရှိ လူပေါင်း ၆၀၀ဝ (ခြောင်ထောင်)ကျော်အား အင်းစိန်ထောင်မှာ အလှူအတန်းပြုသလို မေတ္တာကရုဏာတော်အလှူ လုပ်မည့်အကြောင်း၊ သီတဂူသာသနာပြုအဖွဲ့ကြီး သာသနာတော်အတွက် အလုပ်လုပ်ရာ အနှစ် ၃ဝ ခရီးပင်ရောက်ရှိကြောင်းနှင့် ယခုဆက်လက်ပြီး တိုးချဲ့မည့် လုပ်ငန်းစဉ်များနှင့် အရေးပေါ် ကယ်ဆယ်ရေးအကြောင်းများနှင့် ပတ်သက်ပြီး အစည်းဝေးတစ်ရပ် ကျင်းပသည်။

အရေးပေါ်
ယခု လောလောဆယ် အရေးပေါ် ကယ်ဆယ်ရေးဟူသည်မှာ သီရိလင်္ကာတွင် ဒုက္ခရောက်နေကြသော မြန်မာ သာမဏေများ၊ သီလရှင်ဆရာလေးများနှင့် ကျောင်းသားများကို မြန်မာနိုင်ငံ ပြန်လည်ပြီး မိဘ ဆွေမျိုးများနှင့် တွေ့နိုင်အောင် လေယာဉ်စရိတ်နှင့်စားစရိတ် လမ်းခရီး ချောချောမွေ့မွေ့နှင့် အမိမြေသို့ ပြန်လာနိုင်အောင် ကယ်ဆယ်ဘို့ပင် ဖြစ်ပါသည်။ ထိုမြန်မာကလေးများကို သီဟိုဠ်နိုင်ငံသား ဒေါက်တာ စန္ဒိမာက မြန်မာပြည်မှ ဧရာဝတီ နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့များဟု အမည်တပ်ကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ တကယ်တော့ ထိုကလေးများသည် ဧရာဝတီက နာဂစ်ဒေသက မဟုတ်သည့်အပြင် မိဘမဲ့ကလေးများလည်းမဟုတ်ကြပါ။ ထို သီဟိုဠ်သား ဒေါက်တာ စန္ဒိမာသည် ထိုင်ဝမ်းနိုင်ငံတွင်နေထိုင်ကာ မြန်မာနိုင်ငံ နာဂစ်ဒုက္ခသည်များအား ကယ်ဆယ်မည်ဟု ထိုင်ဝမ်နိုင်ငံရှိ တရုပ်တွေအား စည်းရုံးကာ အလှူခံသည်။ ကလေးတစ်ယောက်စာအတွက် တစ်လ အမေရိကန် ဒေါ်လာ ၃၅ နှုံးဖြင့် အလှူခံသည်ဟု သိရသည်။

မျောက်ပြ ဆန်တောင်း
ထိုဒေါက်တာကြီးသည် မြန်မာနိုင်ငံမှ ကိုရင် သီလရှင် ကျောင်းသား ၁၀ဝ ကျော်တို့အား ကွန်ပြူတာ အင်္ဂလိပ်စာနှင့် ကျောင်းပညာရေးများ သင်ကြားမှု၌ ကူညီမည်ဆိုကာ သီရိလင်္ကာနိုင်ငံသို့ ခေါ်ဆောင်သွားသည်။ ထိုကလေးများအတွက်လည်း ထိုင်ဝမ်ရှိ တရုပ်လူမျိုးများအား အလှူခံသည်။ ထိုကလေးများသည် သီရိလင်္ကာသို့ ရောက်သွားသောအခါ သူတို့ထင်ထားသလို မဟုတ်ဘဲ သူတို့ကို စာသင်မပေး အဝတ်အစားမပေး မြို့နဲ့ ဝေးရာ တောရွာလေးများဆီသို့ ခွဲထားကာ နေရာချထားပေးသည်။ မြန်မာပညာသင် ရဟန်းတော်များနှင့် ဝေးရာသို့ ပို့ထားသည်ဟို သိရသည်။ ထိုအထဲအတွင် အရွယ်ရောက် အမျိုးသမီးလေးများလဲ ပါနေသည်။ သူတို့လေးတွေရဲ့ သီဟိုဠ်ရှိ မြန်မာသံအမတ်ထံ ပေးစာနှင့် သူတို့မိဘများထံ ပေးစာများကို ဖတ်ပြီး စိတ်မကောင်းဖြစ်ကာ မျက်ရည်များတောင် ကျမိပါသည်။ သူတို့သည် ဘာကိုမှ မငဲ့ကွက်ဘဲ ပညာရေးတစ်ခုကိုသာ အလေးထားပြီး လိုက်သွားကြောင်း၊ ဟိုရောက်တော့ စာလည်း သင်မပေး၊ ဝတ်စရာ၊ ဆပ်ပြာ စသော အသုံးအဆောင်က အစ ကိုယ့်ဘာသာ ဝယ်ယူရကြောင်း၊ အလုပ်ကြမ်းများ လုပ်ရကြောင်းနှင့် မိန်းကလေးများအတွက် လုံခြုံမှုမရှိကြောင်းတို့ကို ရေးထားသည်၊ ပြီးတော့ သူတို့ကို အမြန်ဆုံး မြန်မာပြည်ပြန်ရောက်အောင် ပို့ပေးရန် အသနားခံထားသည်။ သူတို့လေးတွေကို ကွန်ပျူတာရှေ့တွင် ထိုင်စေကာ ဓာတ်ပုံများရိုက်ပြီး ကွန်ပျူတာများ သင်ပေးနေသည်ဟု ဟန်ပြကာ ဝက်ဘ်ဆိုက်များပေါ်တွင် တင်ကာ အလှူခံသည်။ သူတို့ဘဝအကြောင်းကို အင်တာနတ်စာမျက်နှာပေါ်တွင် လွန်ခဲ့သော လများစွာကထဲက တွေ့ဖူးပြီးသားဖြစ်ကြပါလိမ့်မည်။

ဝိုင်းဝန်းကူညီ
ထိုကဲသို့သော အခက်အခဲ ကြုံနေရသော မြန်မာကလေးများကို သီရိလင်္ကာတွင် ပညာသင်ကြားနေကြသော ရဟန်းတော်များ အဖွဲ့နှင့် မြန်မာသံအမတ်ကြီးတို့ ပူးပေါင်းကာ သူတို့လေးတွေရဲ့ စာရင်းများရယူကာ သူတို့၏ အခက်အခဲများကို စုံစမ်းပြီး ကယ်ဆယ်ဖို့ ကြိုးစားနေကြသည်မှာ လပင် အတော်ကြာပြီ။ နောက်လ ၁ဝ လပိုင်းဆိုရင် ကလေးတွေရဲ့ သီဟိုဠ်ဘဝသည် ၁ နှစ်ပြည့်ပြီဖြစ်ပါသည်။ သီဟိုဠ်ရှိ မြန်မာစာသင်သားများနှင့် သံအမတ်ကြီးတို့ကလည်း မြန်မာနိုင်ငံရှိ သာသနာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဌာနတို့သို့ အကြောင်းကြားထားပါသော်လည်း တုန့်ပြန်မှုကား ရောက်မလာသေးဟု သိရပါသည်။ ထိုအခက်အခဲများကို သီတဂူဆရာတော်ကြီးအား လျှောက်ထားရာဝယ် ဆရာတော်ကြီးသည် ချက်ချင်းပင် သံအမတ်ကြီးနှင့် သီဟိုဠ်သံဃာ့ရာဇာတို့ တိုင်ပင်ကာ ကလေးတွေရဲ့ ပတ်စပို့များကို ရအောင်ယူနိုင်ခဲ့သည်။ သီတဂူဆရာတော်ကြီးသည် ဘယ်ဌာနကမှ မကယ်နိုင်လျှင် သူကယ်မယ်ဟု သံအမတ်ကြီးအား အားမခံခဲ့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး သီတဂူ ကပ္ပိယများအား ဆင့်ခေါ်ကာ သူတို့လေးတွေကို ကယ်ဖို့ရန် ၂၇-၉-၂၀၁ဝ နေ့က တိုင်ပင်ဆွေးနေသည်။ သီတဂူသာသပြုအဖွဲ့၏ ကရုဏာအလှူတစ်ခုဟု သက်မှတ်ကာ သီတဂူသာသနာပြုအဖွဲ့မှ ထိုကလေးငယ်များအတွက် လေယာဉ်လက်မှတ်ဝယ်ရန် အလှူငွေများ စုစည်းရသည်။ လောလောဆယ် ကိုရင် ၁၂ပါးနှင့် သီလရှင်ဆရာလေး ၂၄ ပါး စုစုပေါင်း ၃၆ပါးတို့ကို ဦးစွာကယ်တင်မည်။ ထိုကလေးများကို သီတဂူသာသနာပြုအဖွဲ့က လမ်းစရိတ်နှင့် ပြန်နိုင်ဖို့ စီစဉ်ပေးခြင်းဖြစ်သည်၊ ခေါ်ထုတ်သွားခြင်းမျိုးမဟုတ်ဘဲ သူတို့လေးတွေရဲ့ အသနားခံစာများကြောင့်သာ ကယ်တင်ရခြင်းဖြစ်သည်။ သူတို့လေးတွေ သံအမတ်ထံနှင့် မိဘများထံရေးသော စာများနှင့် သူတို့လေးပြောပြသော အသံဖိုင်များ၊ သီတဂူဆရာတော်ကြီးထံ ရေးသော စာများကိုလည်း ဖတ်ရသဖြင့် အတော် စိတ်မကောင်းဖြစ်မိသည်၊ ကိုယ့်လူမျိုးကို ကိုယ်လူမျိုးကမှ မကယ်နိုင်ရင် ဘယ်သူကယ်နိုင်မည်နည်း၊ မျိူးချစ်စိတ်ဓာတ်ဘက်ကပဲ ကြည့်ကြည့် ဘာသာ သာသနာဘက်ကပဲ ကြည့်ကြည့် လူမှုရေးရှု့ထောင့်ကပဲ ကြည့်ကြည့် မဖြစ်မနေ တာဝန်ယူကြရမည် ဖြစ်ပါသည်။ နောက်ထက် ကယ်တင်ဖို့ရန် ကျန်ရှိပါသေးသည်။

အစီအစဉ်
ထိုကဲ့သို့သော ပြည်ချစ်၊ ဘာသာရေး၊ လူမျိုးရေး ကရုဏာစိတ်ဓာတ်များ မွေးမြူကာ သူတို့လေးတွေကို ကယ်တင်ရန်အတွက် သီတဂူကပ္ပိယ ၂ ယောက် သီဟိုဠ်သို့သွားမည်၊ သံအမတ်ကြီးကလည်း အားတက်သရော ကူညီပေးနေသည်ဟု သိရသည်။ သူတို့လေးတွေ၏ မိဘများကို အကြောင်းကြားရန်နှင့် လေဆိပ်မှာ သွားကြိုရန်၊ သီတဂူမှာ နေ့လည်စာများဖြင့် ကျွေးမွေးပြီး မိဘများကို ခေါ်ကာ အပ်နှံပေးမည် ဖြစ်သည်။ ဤကား လောလောဆယ် အစည်းအဝေးမှ ဆုံးဖြတ်ထားသော အစီအစဉ်တည်း။
ဆရာတော်ကြီး၏ ဩဝါဒအတိုင်း ယနေ့ ဒေါက်တာအရှင်ပညာသီဟာလင်္ကာရ နှင့် သီတဂူစတားတို့ ကလေးမိဘများထံ ပို့စာများကို အပူတပြင်းရေးကြရပါသည်။ အမြန်ဆုံး ပို့နိုင်အောင် ကြိုးစားနေပါသည်။

မှတ်ချက်။ ။ ကလေးမိဘများထံ အောက်တိုဘာလာ ၁၅ ရက်နေ့ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန်တော်သို့ ကိုယ်တိုင် လာရောက် စုံးစမ်းရန်နှင့် ၁၆ ရက်နေ့ အပ်နှင်းပွဲ ပြုလုပ်မည့်အကြောင်းများ သတင်းများပေးပို့ထားသည်။

မေတ္တာကရုဏာ တရား ကိုယ်စီ စီးဖြန်းနိုင်ကြပါစေ

သီတဂူစတား
၂၈-၉၂၀၁၀

http://www.sitagustar.net/2010/09/blog-post_27.html
Situation of Children form Cyclone Nargis (သီရိလင်္ကာတွင် ဒုက္ခရောက်နေကြသော မြန်မာ သာမဏေများ၊ သီလရှင်ဆရာလေးများနှင့် ကျောင်းသားများ) by Sitagu Sayadaw Ashin Nyanissara (သီတဂူဆရာတော် ဒေါက်တာဉာဏိဿရ(Ph.D.) (D.Litt.) )
http://www.sitagustar.net/2010/09/blog-post_27.html

5 comments

  • narziparty2009

    October 19, 2010 at 11:28 am

    ကြားရတဲ.သီတင်းကတော.တော်တာ်လေးဝမ်းနည်းဝမ်းသာဖြစ်မိပါတယ်။သူတို.လေးတွေကိုကယ်တင်ပေးတဲ.ဆရာတော်နဲ.တကွအားလုံးသောကူညီသူများသက်ကျော်ရာကျော်ရှည်ပါစေဗျာ။

  • unclegyi1974

    October 19, 2010 at 3:12 pm

    သိရှိလိုက်တဲ့သတင်းကလူကုန်ကူးမူပါဘဲ
    ဒါနိုင်ငံတော်ကနေတရားဝင်ခေါ်ဆောင်သွားတာပါ
    အောက်လမ်းကနေခေါ်သွားတာမဟုတ်ပါဘူး
    မြန်မာသံအမတ်ကြီးကသိနေပြီဘဲ
    ဒါနိုင်ငံ အရေးပါ သံရုံးအနေနဲ့ဘာဖြစ်လို့ပြီးအောင်မရှင်း
    နိုင်ပါလိမ့်
    နိုင်ငံတော်ကပြန်မခေါ်နိုင်တဲ့ကလေးတွေကို
    ဆရာတော်ခေါ်မှမြန်မာနိုင်ငံပြန်ရောက်ရမယ်ဆို
    တာကတော့တမျိုးကြီးဘဲနော်
    ဆရာတော်သာပြန်ခေါ်ဖို့မစီစဉ်ပေးရင်ဒီကလေးတွေ
    ကိုနိုင်ငံတော်ကပြန်မခေါ်တော့ဘူးလို့အဓိပ္ပါယ်ဖြစ်
    နေသလိုဘဲ ဘယ်လိုကြီးပါလိမ့်

  • kopauk mandalay

    October 19, 2010 at 4:03 pm

    တယ်တော်တဲ့ဆရာတော်ပါဘဲ။
    သူများမလုပ်နိုင်တာတွေကို လုပ်နိုင်တာကိုပြောတာပါ။

  • kai

    October 19, 2010 at 8:37 pm

    မြန်မာပြည်နယ်စပ်တွေမှာ ဒိထက်အများကြီးဆိုးတဲ့ ကလေးတွေရှိတယ်..။အရေအတွက်လည်းအခုထက်အများကြီးပိုများတယ်..။
    သွားခေါ်ရင် အနီးလေးမို ့လေယဉ်စရိတ်တောင်အပို်မကုန်ဘူး..။
    မြန်မာကလေးတွေပါပဲ..။ ထိုအထဲမှာ အရွယ်ရောက် အမျိုးသမီးလေးများလဲ ပါနေပြီး တချီု ့ဘဝတွေတောင် ပျက်ပြီးနေပြီ။

    ဪ..
    မြေနိမ့်ရာလှံစိုက်…။ မျက်နှာကြီးရာဟင်းဖတ်ပါ..။
    (မီဒီယာအနေနဲ့ မေ့နေတာကို လက်တို့ အသိပေးယုံသက်သက်ပါ)

  • aung htoo

    October 20, 2010 at 2:47 am

    ဒီကောင်တွေကဒါမျိုးကြတော့မလုပ်ဘူး နိုင်ငံတော်ဘဏ်ဏာ ကုန်မှာစိုးလိုထင်တယ် သန်းရွှေမြေးမှာကား အစီး၃ဝကျော် ပိုင်တယ်ပြောတယ် သူစီးနေတဲ့ကားတစ်စီးဖိုးလောတောင် လေယဉ်လက်မှတ်ကမရှိပါဘူး
    နိူင်ငံတော်ခေါင်ဆောင်ဆိုတာ နိုင်ငံနဲလူမျိုးကို ချစ်ရမယ် ကို့မိသားစုကိုပဲဖို့နေလိုမရဘူး
    ဒီကောင်တွေသိပါတယ်မလုပ်တာပါ
    ဒီတော့လူမျိုးရေးသိတပ်တဲ့သူတွေ တာဝန်သိတဲ့လူတွေ ဆရာတော်တွေကပဲ လုပ်ရတော့တာပေါ့

Leave a Reply