အလုပ်လိုသူများနှင့် ကိုယ်ပိုင်လုပ်ငန်းငယ် တစ်ခုလုပ်လိုသူများအတွက်

asiamastersOctober 19, 20101min850

ကျွန်တော်တို့ Asia Masters ဆိုတာက မြန်မာနိုင်ငံအတွင်းမှာနေထိုင်တဲ့ မြန်မာလူမျိုးများ ပြည်တွင်း/ပြည်ပ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ လေကြောင်းလိုင်းများ နဲ့ Cruise Line တွေမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ဝင်ငွေကောင်းကောင်း အလုပ်များရရှိနိုင်ရန် ရည်ရွယ်ပြီး လေ့ကျင့်သင်တန်းပေးခြင်းတွေ၊ အလုပ်အကိုင်အချက်အလက်တွေကို စုဆောင်ပေးအပ်ခြင်းတွေ၊ နဲ့ ယုံကြည်စိတ်ချရတဲ့ဝန်ဆောင်မှုတွေကို ပေးအပ်ခြင်းဖြင့် မြန်မာနိုင်ငံသားအချင်းချင်း အပြန်အလှန်အကာအကွယ်ပေးနိုင်ရန်ဖွင့်လှစ်ထားတဲ့ သင်တန်းစင်တာတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) နဲ့ အင်္ဂလန်နိုင်ငံ Confederation of Tourism and Hospitality (CTH) တို့မှ အသိအမှတ်ပြုစင်တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ အာမခံချက်အရှိဆုံးသင်တန်းတစ်ခုလည်းဖြစ်ပါတယ်။ သင်တန်းရဲ့ တည်နေရာကတော အမှတ် ၂၇ရ ဗိုလ်ချုပ်လမ်း၊ အာရှပလာဇာဟိုတယ်( မြေညီထပ်)၊ ရန်ကုန်မြို့မှာ တည်ရှိလို့ သွားလာရအလွယ်အကူဆုံး နေရာမှာ တည်ရှိတာဖြစ်ပါတယ်။ဆက်သွယ်ရန်ဖုန်းကတော့ ၃၇၉၃၁၁၊ ၃၉၁၃၇၈ လိုင်းခွဲ ၇၁၅ ဖြစ်ပြီး အချိန်မရွေးဆက်သွယ်မေးမြန်းလိုပါက ၇၃၀၅၀၆၀၃ သို့ ဆက်သွယ်နိုင်ပါတယ်။ လောလောဆယ်တော့ website မရှိသေးပါ။ ဒါပေမဲ့ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို သိချင်ရင်တော့ http://www.facebook.com/kmlwin1 မှာကြည့်နိုင်ပါတယ်။ သင်တန်းတွေက အမျိုးအစား (၃) မျိုးရှိပါတယ်။ ပထမတစ်မျိုးက အလုပ်အကိုင်ရှာဖွေလိုသူတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းငယ်တွေကို လုပ်ကိုင်လိုသူတွေအတွက် (၂) လ Certificate သင်တန်းများဖြစ်ပါတယ်။ ဒီသင်တန်းတွေမှာ တော့ (၁) စားပွဲထိုး (၂) စားဖိုမှုး (၃) ဧည့်ကြိုနှင့်လေယာဉ်မယ် (၄) အိပ်ခန်းဆောင်ထိန်း(၅) ဖုန့်ဖုတ်သင်တန်း(၆)ဘားဝန်ထမ်းသင်တန်း(၇) အဲယားကွန်းကျွမ်းကျင်သင်တန်း (၈) ကွန်ပျူတာနဲ့ Auto CAD သင်တန်းတွေဖြစ်ပါတယ်။ ဒီသင်တန်းတွေပြီးရင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) မှ ချီးမြှင့်တဲ Certificate ကိုရရှိမှာဖြစ်ပါတယ်။ ဒုတိယသင်တန်းတစ်မျိုးကတော့ အင်္ဂလန်နိုင်ငံ CTH Hotel Management Diploma Program ဖြစ်ပါတယ်။ သင်တန်းကာလ (၁) နှစ်ကြာမြင့်မှာဖြစ်ပါတယ်။ ဖြေရမယ့် ဘာသာရပ် Module (၁၀)ခုရှိပါတယ်။ တစ်နှစ်မှာ စာမေးပွဲ (၃) ကြိမ်ရှိပါတယ်။ ကိုယ်စိတ်ကြိုက် ရွေးချယ်ဖြေဆိုခွင့်ရှိပါတယ်။ စာမေးပွဲများကို British Council ကနေဖြေဆိုကြရမှဖြစ်ပါတယ်။ Diplom ြ့ပီးရင် Advanced Diploma ကိုလည်းမြန်မာနိုင်ငံမှာ ပဲ ဆက်တက်နိုင်ပါတယ်။ နောက်ဆုံးဘွဲ့ယူဖို့ ဆိုရင်တော့် CTH နဲ့ ဆက်သွယ်ထားတဲ့ နိုင်ငံတကာ တက္ကသိုလ်တွေမှာ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ တတိယတစ်မျိုးကတော့ နိုင်ငံခြားဘာသာစကားသင်တန်းများဖြစ်ပါတယ်။ အင်္ဂလပ်ဘာသာစကားနဲ့ တရုတ်ဘာသာစကားသင်တန်းများရှိပါတယ်။ အင်္ဂလိပ်ဘာသာစကားသင်တန်းမှာ ဆိုရင်လည်း General English အတန်းများမှသည် IELTS နဲ့ TOEFL သင်တန်းများဖြေဆိုနိုင်အောင်ထိလေ့ကျင့်ပေးနေပါတယ်။ တရုတ်ဘာသာစကားကတော့ Mandrin ကိုသင်ပေးပြီး အဆင့်များခွဲထားပါတယ်။ သင်တန်းတက်ရောက်သူများအနေနဲ့ ပထမတစ်မျိုးနဲ့ ဒုတိယတစ်မျိုးတက်ရောက်သူများဟာ အင်္ဂလိပ်ဘာသာစကား၊ ကိုယ်ကာယအလှလေ့ကျင့်ခဏ်း၊ ကွန်ပျူတာနှင့် အင်တာနက်အသုံးပြုနည်း၊ ဟိုတယ်ကြီးများသို့လေ့လာရေးခရီးများကို အခမဲ့ (အခမဲ့) ဝန်ဆောင်မှုများပေးအပ်တာဖြစ်ပါတယ်။ Asia Masters ကို ၂၀၀၆ ခုနှစ် အောက်တိုလာလ ပထမပတ် ၏ တနင်္လာနေ့မှာ စတင်ထူထောင်ခဲ့တာဖြစ်တဲ့အတွက် အခုဆိုရင် (၄)နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။ အခုထိ သင်တန်းသားစုစုပေါင်း ၃၀၀ဝ ခန့်မွေးထုတ်ပေးခဲ့ပြီး ပြည်တွင်းပြည်ပတွေမှာ အလုပ်လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။