မြန်မာနီုင်ငံကိုမုန်တိုင်းဝင်မည်

blackandwhiteneoOctober 21, 20101min579

နောက်48Hours အတွင်းရခိုင် မန်းတလေး ရှမ်းပြည် ရန်ကုန်၊
နေပြည်တော်ကို Bijli မုန်တိုင်းoင်ရောက်ပါမည်….. .ဆက်လက်Forwardလုပ်ပေးပါ
ဘင်္ဂလားပင်လယ်အော် မှ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ ၃၆ နာရီအတွင်း
ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ ကို ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်လိမ့်မည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရှိ ကုန်တွင်းပိုင်းကို ဝင်ရောက်တိုက်ခိုက် လျှင်
ပြင်အား တနာရီ ၇၅ မိုင်နှုန်းဖြင့် စနေနေ့ မှာ ဝင်ရောက်လာမှာဖြစ်ပြီး၊
တနင်္ဂနွေနေ့ထိ ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခိုက် လိမ့်မယ် လို့
ခန့်မှန်းပြောဆိုနေကြပါသည်။ ပင်လယ်လှိုင်းလုံးဟာ ၁၄ ပေထိ
မြင့်တက်လာဖွယ်ရှိနေတယ်လို့ ခန့်မှန်းပြောဆိုနေကြတယ်။ ဆိုင်ကလုန် ဘီဂျလီ (
Bijli) ဟာ ဘင်္ဂလားပင်လယ်အော် မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဖြတ်ကျော်ပြီး၊
မြန်မာပြည် ကုန်တွင်းပိုင်းတွေဆီ ထိပြင်းပြင်းထန်ထန် တိုက်ခတ်လိမ့်မယ်လို့
ဘင်္ဂလားဒေ့ရှ် မိုးလေဝသ ပညာရှင်တွေ ကို တွက်ဆ ခန့်မှန်းပြောဆိုနေကြတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရ မိုးလေဝသဌာနက ဘင်္ဂလားပင်လယ်အော် ကမ်းခြေတလျောက်တွင်ရှိသော
ငါးဖမ်း သင်္ဘောများ၊ ကုန်တင်သင်္ဘောများ၊ လူများကို သတိပေးထားပြီး၊ လုံခြုံတဲ့
နေရာတွေ ေ့ရွပြောင်းကြဖို့ ပြင်ထန်းစွာ သတိပေးထားပြီး၊
ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စေတနာဖြင့် ကူညီပေးမဲ့လူပေါင်း ၄၃,၀၀ဝ ကို
အသင့်ပြင်ဆင်ထားတယ်လို့ ပြောဆိုခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေး အဖွဲ့ ဟာ
လုံခြုံတဲ့ နေရာတွေကို ပြောင်းေ့ရွှဖို့ အခက်အခဲရှိနေကြသူတွေကို အလျင်အမြန်
သွားရောက်နေရာချထားပေးမှုတွေပြုလုပ်နေကြတယ်။ မြန်မာပြည်ရှိ
မုန်တိုင်းစက်ကွင်းဒေသများတွင်နေထိုင်နေကြသော ပြည်သူများကို အမြန်ဆုံး
ထိရောက်စွာ အကြောင်းကြား နှိုးဆော်ပေးကြဖို့ ကျနော်တို့ We Fight We Win မှ
စာဖတ်သူတွေကို မေတ္တာရပ်ခံ အပ်ပါသည်။ မုန်တိုင်း ကြိုတင် ကာကွယ်ရေး အချက်များ
မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအချက်များအား လိုက်နာကြရန်
နှိုးဆော်အပ်ပါသည်။ ပြည်သူများအားလုံးအနေဖြင့်လည်း အဆိုပါဒေသများမှ
ဒေသခံပြည်သူများထံ မုန်တိုင်သတင်းများနှင့် ကြိုတင်ကာကွယ်ရေးအချက်များ
ဝိုင်းဝန်းအကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အခုချိန်မှ
စတင်ရေတွက်လျှင် မုန်တိုင်းအန္တရာယ်ကို ကာကွယ်ရန်အတွက် နာရီသုံးဆယ်လောက်
အချိန်ရသည်။

9 comments

  • asiamasters

    October 21, 2010 at 10:13 am

    ဒီလိုသတင်းမျိုးကိုရေးမယ်ဆိုရင် သေသေချာချာလေ့လာစုံစမ်းပြီးမှ ရေးသင့်တယ်ထင်ပါတယ်။ ကျွန်တော်တို့ အရင်တစ်ကြိမ်နာဂစ်မုန်တိုင်းတုန်းကတော့ လုံးဝပေါ့ပေါ့ဆဆနေခဲ့ကြတယ်။ ဒါကြောင့်မို့လို့ တကယ်တမ်းအလွန်ကြီးမားတဲ့ မကြုံဘူးလောက်တဲ့ မုန်တိုင်းမျိုးကို ကြုံရတော့ အသက်ပေါင်းများစွာသေကျေကြရတာဖြစ်ပါတယ်။ ဒီလိုခံစားရပြီးချိန်မှာတော့ ခဲမှန်ဘူးတဲ့ စာသူငယ်လို ကြောက်ရွံ့နေကြပါပြီ။ ဒါကြောင်းသတင်းတစ်ခုခုကြားတာနဲ့ အလွန်ထိတ်လန့်နေကြပါပြီ။ တကယ်လို့ သေချာတယ်ဆိုရင်တော့ ဒီသတင်းအတွက် အလွန်ကျေးဇူးတင်ရမှာပါ။ အမှားကြီးဆိုရင်တော့ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်နေရသူတွေကို အလွန်ပဲထိခိုက်ပါတယ်။ ဒါကြောင့် ဒီလိုသတင်းမျိုးဆိုရင် သေသေချာချာစီစစ်ပြီးမှ ရေးသင့်ပါတယ်။

  • kohtoo

    October 21, 2010 at 10:57 am

    ထပ် နေ ပါ တယ် ။ မုန် တိုင်း တော့ ဝင် ပါ မည်။ ရ ခိုင် စစ် တွေ နား က ဖြတ် မည် လို့ သိ ရ ပါ တယ်။ Bijili တော့ မ ဟုတ် ပါ။ စေ တ နာ ပါ သော အ မှား ဖြစ် ပါ စေ။

  • TNO

    October 21, 2010 at 11:38 am

    မုန်တိုင်းနာမည်က FOUR ပါ၊ အပြည့်အစုံက tropical cyclone four ၊ မနက်ဖြန် မွန်းလွဲပိုင်းလောက်မှာ
    ရခိုင်ပြည်နယ်ကို စတင်ဝင်ရောက်မယ်လို ့ခန် ့မှန်းထားပါတယ် ၊ ပြင်းအား ၄၀-၇၅ မိုင်နှုန်းလောက်ရှိနိုင်
    ပါတယ်၊ ရခိုင် က အထူးသတိထားရမယ့်နယ်ပါ၊ ကျန်နယ်တွေက တော ့မိုးကြီးပါမယ်၊
    ရွေ ့လျားနှုန်းက တနာရီ ၃မိုင် ဖြစ်တဲ ့အတွက် တိုက်ခိုက်ချိန် ကြာရှည်မယ့်သဘောရှိတယ်၊ အဲဒီအချက်က
    ကြောက်စရာအကောင်းဆုံးပါ

  • PaukPhaw

    October 21, 2010 at 11:41 am

    ( Bijli) ဆိုတာပြီးခဲ့တဲ့ မုန်တိုင်းလေ
    ကြာပြီလေကွယ်
    Google or Yahoo မှာရှာကြည့်ပါဦး..
    ( Bijli) တဲ့…
    ဒုတိယပိုင်းအစီအစဉ်ရှိသေးလို ့လားလို ့…အဟင့်.

  • winkyawaung

    October 21, 2010 at 1:18 pm

    အင်း ကြိုတင်ပြင်ဆင် ကာကွယ်ထားကြရမှာပဲလေ..။ ဒုက္ခနည်းနိုင်ကြပါစေ..။

  • Gong Zhu

    October 21, 2010 at 5:32 pm

    အခု ရွှေ့ပြီးလောက်ပြီပေါ့နော် .. ရန်ကုန်ရော တိုက်မှာလား …

  • cum min

    June 25, 2012 at 2:53 pm

    ကဲသတိရှိရှိနေရပေါတောနော်………လူတိုင်းသိအောင်ပြောပေးလိုက်ကျပါ

    • pan pan

      June 25, 2012 at 3:17 pm

      ရက်စွဲလေးလည်း ကြည့်ပါဦးကိုယ့်ဆရာရဲ့

Leave a Reply