ဆွီဒင် ဓါတ်ပုံဆရာ ရိုက်ကူးသော သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ

ဆူးOctober 19, 20101min15311

Lennart Nilsson သည် ဆွီဒင် နိုင်ငံသား ဓါတ်ပုံဆရာနှင့် သိပ္ပံပညာရှင် ဖြစ်သည်။ သူ၏ ရိုက်ကူးခဲ့သော ဓါတ်ပုံများတွင်

တစ်ချိန်က ဓါတ်ပုံ ရိုက်ကူး၍ မရနိုင်ဟု ယူဆထားသော လူ၏ သန္ဓေသားလောင်း နှင့် အခြား ဆေးပညာဆိုင်ရာ

ဓါတ်ပုံများများအပြင် သူ၏ အနုစိတ် ဓါတ်ပုံပညာမှာ အထူးထင်ရှားသည်။

၁၉၆၅ ခုနှစ်တွင် Lennart Nilsson သည် သားအိမ်အတွင်း၌ လူ၏ သန္ဓေသားလောင်း ကြီးထွားလာပုံ အဆင့်အဆင့်ကို

ဆက်တိုက် ရိုက်ကူးကာ Life မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြခဲ့သည်။ ထိုအချိန်က ထုတ်ဝေသည့် ပထမ ၄ ရက်အတွင်းမှာပင် စာအုပ်

၈ သန်းခန့် ရောင်းချခဲ့ရသည်။ အဆိုပါ မှတ်တမ်းပြုဖွယ် ဓါတ်ပုံများကို “A Child Is Born” စာအုပ် တွင် ပြန်လည်စုဆည်း

ဖော်ပြခဲ့ကြောင်း သိရသည်။


သီတင်း၅ပါတ်။ သန္ဓေသားလောင်းသည် ၆ မီလီမီတာခန့်သာ ရှည်လျားသည်။ မျက်နှာပြင်တွင် ပါးစပ်နေရာ ပွင့်လာကာ

မျက်လုံးပေါက် နှာခေါင်းပေါက် ဖြစ်ပေါ်လာမည့် နေရာများလည်း ပေါ်ပေါက်လာသည်။

သီတင်း၈ပါတ်အကြာ။ အလျင်အမြန် ကြီးထွားလာသော သန္ဓေသားလောင်းကို ထိခိုက်မှု မရှိစေရန် ရေမွာခေါ် အရည်အိပ်ထဲထွင် ကာကွယ်ထားသည်။

သီတင်း၁ဝပါတ်အကြာ။ မျက်ခွံသည် တစ်ဝက်ခန့်ပိတ်နေပြီး နောက် ရက်အနည်းငယ် အကြာတွင် အပြည့်ပိတ်သွားမည် ဖြစ်သည်။

သီတင်း၁၆ပါတ်အကြာ။ သန္ဓေသားလောင်းသည် လက်ဖြင့် မိမိကိုယ်ကို နှင့် ပါတ်ဝန်းကျင်ကို စမ်းနိုင်လာသည်။

သန္ဓေသားလောင်းသည် ချက်ကြိုးကို ထိနိုင် ကိုင်နိုင်လာသည်။ အရိုးများသည် ပျော့ပြောင်းသော အချောင်းများအဖြစ် တည်ရှိပြီး သွေးကြောများ ဆက်နွယ်နေမှုကို အရေပြားမှ တဆင့် မြင်ရသည်။

သီတင်း၁၈ပါတ်အကြာ။ သန္ဓေသားလောင်းသည် ပြင်ပအသံများကို စတင်ကြားသိနိုင်ပြီ ဖြစ်သည်။

သီတင်းပါတ်၂ဝအကြာ။ lanugo ဟုခေါ်သော အမွှေးအမျှင်များ မျက်နှာပေါ်တွင် စတင်ပေါ်ပေါက်လာသည်။

facebook မှ သူငယ်ချင်း တယောက် သဘောကျတယ် ဆိုပြီး လုပ်ထားတဲ့ လင့်ကနေ တဆင့် ကူးယူထားပါသည်။
http://m51a.4forum.biz/-f21/—t92.htm

11 comments

  • michaelaungpu

    October 19, 2010 at 12:46 pm

    (သီတင်း၁၈ပါတ်အကြာ။ သန္ဓေသားလောင်းသည် ပြင်ပအသံများကို စတင်ကြားသိနိုင်ပြီ ဖြစ်သည်)
    ဒီအချက်ကြောင့်ဖြစ်မယ်
    မိခင်တွေကိုယ်ဝန်ဆောင်နေစဉ် သက်ဆိုင်ရာ ဘာသာရေးစာပေတွေကို ဖတ်လို ့ ကလေးမွေးလာတဲ့အခါ
    ကလေးက မိခင်ဖတ်ထားတာတွေကို အရွယ်နှင့်မလိုက်အောင် တတ်မြောက်နေတဲ့အဖြစ်အပျက်တွေလေ

  • ဆူး

    October 19, 2010 at 12:55 pm

    အဲဒါကြောင့် အဘပု ဒီလောက် ဂျကားတတ်နေတာ ဖြစ်မယ်။

    • bigcat

      October 20, 2010 at 12:26 am

      အဘပုအမေက ဇာတ်တိုက်တဲ့အနားမှာ ခဏခဏသွားပြီး နေခဲ့လို့ပါ။

  • Gong Zhu

    October 19, 2010 at 2:31 pm

    ဗိုက်ထဲမှာ ရှိတဲ့ကလေးလေးတွေက အဲ့ဒီပုံစံမျိုးတွေ တစ်ပုံစံတည်းပဲလား …

  • kopauk mandalay

    October 19, 2010 at 3:17 pm

    တယ်တော်တဲ့ ဓါတ်ပုံဆရာဘဲ။
    ဒီပုံရအောင် ဘယ်နှစ်ရက်လောက်များစောင့်ရိုက်ထားတယ်မသိဘူးဗျာ။

    • ဆူး

      March 4, 2011 at 2:48 pm

      ကလေး စဖြစ်ကတည်းကနေ နောက်ပိုင်း လူကောင် ပေါ်တဲ့ အထိ ဆက်တိုက် ရိုက်တာ နေမှာပေါ့။

  • The Reds

    October 19, 2010 at 4:02 pm

    lanugo ဟု ခေါ် သော မွှေး အ မျှင် တွေ က အဲ လောက် တောင် ရှည် တယ် လာ း ။

  • cobra

    October 20, 2010 at 8:06 am

    အသည်းယားလိုက်တာ။

  • julymoe.boy

    October 20, 2010 at 8:14 am

    အဲဒီလို့ပုံကိုဓာတ်ပုံဆရာဘယ်နေရာသွားပြီရှာရိုုက်ထားတာလဲ………..။

  • thidakywewa1

    October 20, 2010 at 9:12 am

    တို့ ်တုန်းကလည်း အဲလိုလေးပဲထင်တယ်နော်၊ ။အသဲယားစရာလေး …..။

  • the girl

    October 28, 2010 at 9:23 am

    @julymoe.boy …..ဘယ်‌နေရာမှာသွားရိုက်တယ်လို ့များ‌တွေး‌နေသလဲ။ ကြြံကံဖန်ဖန် စဉ်းစားတာ…….ဗိုက်ထဲမှာ‌‌ပေါ့ဟ

Leave a Reply