LIKE … WATER BUBBLE ( ရေပွက်ပမာ )

fattyOctober 19, 20101min1496

အနန ္တသူရိယ အမတ်ကြီး၏ သံဝေဂ ရဖွယ် ကဗျာတပုဒ်ပြန်ဖတ်မိလို့ တင်ပြလိုက်ရပါသည်။ မူရင်းကဗျာတွင်ခေါင်းစဉ်မပါပါ။
………. ရွှေအိမ်နန်းနှင့်
………. ကြငှန်းလည်းခံ
……….. မတ်ပေါင်းရံလျှက်
………. ပျော်စံရိပ်ငြိမ်
……….. စည်းစိမ်မကွာ
………. မင်းချမ်းသာကား
………. သမုဒ္ဒရာ
………. ရေမျက်နှာထက်
………. ခဏတက်သည်
………. ရေပွက်ပမာ
………. တသက်လှာတည်း။ ။
………………… (အနန ္တသူရိယ)
………………………………………….. လူ့ဘဝဆိုတာ ရေပွက်ပမာတည်း ..ဟူသော စကားတခွန်းကိုဆင်ခြင်ပွါးများယုံကာမျှဖြင့် ပါရမီပါသူများဆိုပါက
တရားထူးတရားမြတ် အသိထူးကိုရနိုင်ကြပါသည်။

6 comments

  • kopauk mandalay

    October 19, 2010 at 3:58 pm

    အဲဒီကဗျာက ဘုရင်ဆီရောက်တာနောက်ကျသွားတော့ ရေးတဲ့ကဗျာဆရာက အသတ်ခံလိုက်ရပြီ။
    အသတ်မခံရဘူးဆိုရင်လဲ ဒီကဗျာက ဒီလောက်နာမယ်ကြီးချင်မှကြီးမှာ။
    ကဗျာအစလေးက
    သူလည်းတစ်ယောက်ကောင်းဘို့ရောက်မူ
    တစ်ယောက်သူမှာ ပျက်လင့်ကာသာ
    ဓမ္မတာတည်း ……….. ကနေစပြီးမှ ခင်ဗျားရေးတာကဆက်လက်မှာ။
    မာမာအေးရဲ့သီချင်းတပုဒ်ထဲမှာ” ရေပွက်ပမာ ဘဝတာခရီးတွင်”လို့ထည့်ဆိုဘူးတယ်။
    ပြန်ဖတ်လေ လောကဆိုတာ ဘာမှ မာနတက်စရာမဟုတ်ဘူးဆိုတာ ပိုသိလေပါဘဲ။
    ရောက်လာပြီးခဏလေးနဲ့ဘာမှမပါဘဲပြန်ထွက်သွားရတာကိုးဗျ။

  • kai

    October 19, 2010 at 4:58 pm

    မျက်ဖြေလင်္ကာ

    သူတည်းတယောက်၊ ကောင်းဘို ့ရောက်မူ၊
    သူတယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း။

    ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊
    ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊
    မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊
    ရေပွက်ပမာ တသက်လျာတည်း။
    ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊
    မလွတ်ကြမ္မာ၊ လူတကာတို ့၊ ခန္ဓာခိုင်ကျည်
    အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာသတ္တဝါတည်း။

    ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံဧ။်၊
    ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊
    တုံ ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊
    ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေးဧ။်၊
    သွေးသည်အနိစ္စာငါ့ခန္ဓာတည်း။

    အနန္တသူရိယ

    မြန်မာသက္ကရာဇ် ၅၃၆ ခုနှစ် ‎နရပတိစည်သူမင်းကြီးလက်ထက်တွင် မင်းယဉ်နရသိင်္ခ၏ အထိန်းတော် အနန္တသူရိယအမတ်သည် မင်းပြစ်မင်းဒဏ် ‎ရာဇသံကြောင့် သေရအံ့ဆဲဆဲတွင် ရေးခဲ့သည်။

    ==
    စာပေဝတ္တု၊
    ရတုကဗျာ၊
    ပျို ့အလင်္ကာနှင့်၊
    သာသည့်သီချင်း၊
    အဲစောင်းငြင်းနှင့်
    မကင်းမပြတ်၊
    ဖတ်ရွတ်လေ့ကျက်၊
    တီးမှုတ်လျှက်သာ၊
    နေကောင်းစွာ၊
    တဲ့…ဝန်ကြီးပဒေသရာဇာ ရေးခဲ့တာပါ။ ကဗျာလင်္ကာတွေဖတ်ရွတ်လေ့ကျက်ပြီး နေကောင်းပါတယ်နော…။
    အဲ..နေကောင်းဆိုလို့ ကျမ်းမာရေးနဲ့ရောနိုင်တာမို ့..
    ကိုပေါက်စကား ငှားသုံးရရင်… နေစကောင်း..ပေါ့။

  • bigcat

    October 19, 2010 at 11:50 pm

    အဲဒီ့ရေပွက်ပမာ လင်္ကာနဲ့ သဘောချင်းတူတဲ့ စာမျိုးကို အနန္တသူရိယအမတ်ကြီးနဲ့ခေတ်ပြိုင် ဥရောပက ထင်ရှားတဲ့ ကဗျာဆရာကြီးတဦးလည်း စပ်ခဲ့ဖူးတယ်လို့ ငယ်စဉ်တုန်းက အဖေနဲ့သူ့သူငယ်ချင်းတွေ ပြောတာကြားဖူးပါတယ်။ ကဗျာဆရာဘယ်သူ၊ ကဗျာခေါင်းစဉ်ကဘာဆိုတာတော့ မမှတ်မိတော့ပါ။ သူများစာကူးချလိုသူများ ဟိုးခေတ်ကထဲက စာခြင်းတူတာတွေရှိတယ်လို့ ဆင်ခြေပေးနိုင်ကြပါတယ်။

  • cherrywine

    October 20, 2010 at 8:31 am

    အရမ်းသဘောကျတဲ့ ကဗျာလေးပါ။ကဗျာအနေ
    နဲ့ရော အကြောင်းအရာပါ သဘောကျပါတယ်။
    ချယ်ရီတို့လို သူများဝန်ထမ်းလုပ်နေရသူတွေအ
    တွက်ကတော့ မျက်ဖြေလင်္ကာရွတ်ပြီး ခံစားရ
    ပေါင်းလည်း မနည်းတော့ပါဘူး။

  • kai

    October 20, 2010 at 8:39 am

    နပိုလီယံလည်း Elba ကျွန်းကိုနယ်နှင်ခံရတော့ အဲဒီလို စာကောင်းကောင်းလေးရေးဖူးတယ်တဲ့..။ တချို ့ကတော့ သူများရေးတယ်ပြောတာပဲ..။
    ထားပါတော့..။
    အဲဒါလေးက..ကမ္ဘာကျော်ပါ…။
    “Able was I ere I saw Elba.”
    r ကိုအလယ်မှာထားပြီး…ဟိုဖက်ဒီဖက်တူနေတာလေးလေ..။

  • thidakywewa1

    October 20, 2010 at 9:31 am

    အင်း အခုခတ်ကဗျာ တွေထက်စာရင် အများကြိးကောင်းတယ် ။အဓိပ္ပါယ်လဲရှိတယ် ။သံဝေဂတရားလည်းယူလိုရတယ် ။ ကျေးဇူးနော်။

Leave a Reply