Whose nipple was suck by SINPHYUDAW ….

fattyOctober 19, 20101min11811

ရှေးမြန်မာမင်းများလက်ထက်က ဆင်ဖြူတော်ပိုင်ဆိုင်ရမှုမှာ အလွန်အရေးပါလှကြောင်း အားလုံးသိကြပေမည်။ သို့ပါသော်လည်း ဆင်ဖြူတော်နှင့်ပတ်သက်ရျ် အများသိသေး
ဟန်မတူသောအချက်တချက်ရှိနေပါသေးသည်။ …. ရှာရှာဇွေဖွေတင်ပြရပါသော် ……

ပထမဆုံး ဆင်ဖြူတော်၏ကြံအင်လက္ခဏာများကိုတင်ပြပါမည် ..။ ဆင်ဖြူတော်ဟုသတ်မှတ်သော်လည်းမည်သည့်ဆင်ဖြူတော်မှ ဆွတ်ဆွတ်မဖြူပေ။ ဖြူညိုညိုမျှသာရှိသည်။
ထူးခြားချက်မှာ …သာမန်ဆင်၏နောက်ခြေထောက်တွင်ခြေချောင်းလေးများ လေးချောင်းသာရှိသော်လည်း ဆင်ဖြူတော်တွင်မူ ငါးချောင်းရှိရမည်ဖြစ်သည်။
သာမန်ဆင်ပေါ်သို့ရေလောင်းချလျှင် အနက်ရောင်သာရှိသော်လည်း ဆင်ဖြူတော်ပေါ်သို့ရေလောင်းလျှင်မူ အရေခွံသည် အနီရောင်သို့ပြောင်းသွားရမည်။ ဆင်ဖြူတော်၏မျက်
လုံးမှာ အဝါရောင်ဖြစ်ရျ် အနီရောင်မျက်ရစ်ဝန်းပါရှိရမည်။

မင်းတုံးမင်းလက်ထက်တော်က သမိုင်းမှတ်တမ်းတခုတွင် ……….. အမေရိကန်သံအဖွဲ့ဝင် မစ္စတာ မက်ကားတစ် နှင့်အဖွဲ့ဝင်များကို နေပြည်တော်သို့လှည့်လည်ပြသရာ
ဆင်ဖြူတော်မပြသနိုင်သောကြောင့် ပြောစမှတ်ဖြစ်ရသည်။ ယခင်က မင်းတုန်းမင်းတွင် ဆင်ဖြူတော်တစ်စီးပိုင်ဆိုင်ဘူးပါသည်။ အမရပူရရွှေနန်းတွင်စိုးစံစဉ်ကဖြစ်သည်။
သို့သော်ထိုဆင်ဖြူမှာ မန ္တလေးသို့မပြောင်းမီ အသက်ကြီးရင့်ရျ် ကွယ်လွန်ခဲ့ရသည်။ မင်းတုန်းမင်းသည် နောက်ဆင်ဖြူတော်တကောင်ရရှိရန် မြန်မာပြည်အရပ်ရပ်သို့
ဆင်ဖြူတော်ရှာပုံတော်ဖွင့်ခိုင်းခဲ့သည်။ ဆင်ဖြူတော်တစ်စီးကို ချင်းတွင်းသစ်တောအတွင်းမျဖမ်းယူရရှိခဲ့သည်။

ဆင်ဖြူတော်ကို မန်းနေပြည်တော်သို့ကြီးစွာသော အခန်းအနားဖြင့်ပို့ဆောင်ခဲ့၏။ နန်းမြို့ရိုးအတွင်းဆင်နန်းတွင် ဝန်ကြီးတဦးသီးသန့်ခန့်ထားရျ် ဆင်ဖြူတော်ကို
နယ်စားတဦးအဖြစ်သတ်မှတ်ကာ နယ်တနယ်ကိုပေးစားစေသည်။ ( ဆင်ဖြူတော်ကြွေးရန်စားရိတ်ရှာခြင်းဖြစ်ဟန်တူသည်။)

… အဓိကအချက်မှာ ယင်းဆင်ဖြူတော်ကိုမိန်းမများကနို့တိုက်ပြုစုရသည် ဆိုသောအချက်ပင် …။ မိန်းမများသည် ဆင်ဖြူတော်ကိုနို့တိုက်ရန် နံနက်တိုင်းပင်တန်းစီပြီးစောင့်ကြရသည်ဟူ၏။ ဆင်ဖြူတော်ကိုနို့တိုက်ခွင့်ရသောမိန်းမများမှာ အလွန်ဂုဏ်ရှိသည်ဟုမှတ်ယူကြပေသည်။ ထိုစဉ်က ဆင်ဖြူတော်ကိုနို့တိုက်
ခွင့်ရရေးအတွက် မိန်းမများသည်သူ့ထက်ငါ အလုအရက်ကြိုးပန်းကြရသည်။

……………….. ယခုခေတ်တွင်ဆင်ဖြူတော်ကို မည်သည့်ဝန်ကတော်များနို့တိုက်နေပါသနည်း ……။

11 comments

  • unclegyi1974

    October 19, 2010 at 2:40 pm

    ကိုဖက် နောက်ဆက်တွဲသတင်းလေးရ ရင်တင်ပေးပါ
    အုန်း ဓါတ်ပုံလေးနဲ့ဆိုပိုစိတ်ဝင်စားစရာကောင်းမယ်

  • kopauk mandalay

    October 19, 2010 at 2:54 pm

    မြန်မာတွေဆင်ဖြူတော်ရူးလိုက်ပုံကတော့ ဆင်သေကိုတောင် တက်ခွပြီးဆင်ဖြူရှင်အမည်ခံခဲ့သေးပါတယ်။
    အခုခေတ်မှတော့ ဆင်နို့တိုက်ဖို့မော်ဒယ်တွေတန်းစီနေမှာပေါ့။

  • kai

    October 19, 2010 at 7:04 pm

    ဆင်က နှမောင်းနဲ့ နို့ကိုစုပ်ယူမှာဆိုတော့… အာယိုးယိုး..
    မိခင်တွေဘဝ မတွေးဝံ့စရာပေါ့.။ ရင်သားအလှပျက်မှာမို ့သူ့ခဏအတွက် ကိုယ့်ဘဝရင်းရတာပဲ..။
    သူတို့ကလေးတွေလည်း ရာနဲ့ချီပြီးနို့ငတ်သွားနိုင်တယ်..။

    တိရိစ္ဆာန်ဘုံဘဝဟာ လူဘုံထက်နိမ့်ကျတာမို ့…မြင့်တဲ့ဘုံကနေ နိမ့်တဲ့ဘုံကို ဘဝရင်းပေးဆပ်လိုက်တာမျိုုးပါပဲ.။
    တကယ်တော့.. တိရိစ္ဆာန်ကို တိရိစ္ဆာန်လို့မမြင်နိုင်တာရဲ့အကျိုးဆက်လို့ထင်ပါတယ်..။

  • bigcat

    October 19, 2010 at 11:27 pm

    မြန်မာဘုရင်ခေတ်က ဆင်ဖြူတွေအကြောင်းကို အရင်က မဂ္ဂဇင်းတစောင်မှာ ပြည့်ပြည့်စုံစုံဖတ်ခဲ့ဖူတယ်။ မှတ်မိတာက ဆင်ဖြူအစစ်မြစ် အထက်ကနေ ရေချိုးပြီး ချီတုံးတွေ မျောပါလာရင်တောင် မြစ်ညှာက ဆင်မဲတွေက ရေထဲမှာ မနေရဲဘူး၊ အပေါ်တက်ပြေးတယ်၊ သူ့ဘုန်းကိုကြောက်လို့နေမှာပေါ့နော်။ နောက်တခုက ကိုလိုနီခေတ်တုန်းက ဓနုဖြူဘက်ဆိုလားမသိ ဆင်ဖြူကျောက်ရုပ်တခုရှေ့ကို ဆင်မဲတွေဖြတ်သွားရင် သူတို့ရဲ့နှာမောင်းတွေကို အပေါ်မြှောက် အလေးပြုသလိုလုပ် ပြီးသွားတယ်လို့ မှတ်တမ်းတွေရှိတယ်တဲ့။

    ဆင်ဖြူတော်က kaiထင်သလို တုံးမယ်မထင်ပါဘူးဗျာ။ သူ့ဂွင်မပျက်ရအောင် ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ကောင်းကောင်းသိမှာပါ။

  • ဆူး

    October 20, 2010 at 2:45 am

    ကိုကေအေအိုင် နဲ့ အတွေးတူတယ်.. ဆင်တကောင် နှာမောင်းက ရေသောက်ရင်တောင် ရေပုံတပုံစာလောက် အသာလေး စုပ်နိုင်တယ်။ သို့သော်.. ခွက်နဲ့ ခံပြီး ညှစ်ထုတ်ရင်တော့ မပြောတတ်ဘူးပေါ့လေ…

  • cherrywine

    October 20, 2010 at 9:24 am

    မဆူးရေးတာကြည့်ပြီး စဉ်းစားကြည့်လိုက်တော့
    ကြောက်စရာပါလားနော်။ရှေးတုန်းက မိန်းမတွေ
    ဘယ်လို နို့တိုက်ခဲ့လည်းဆိုတာ သိရင်ထပ်တင်
    ပေးအုံးနော်။

  • koyegyi

    October 20, 2010 at 10:39 am

    ဆင်ဖြူတော်မှီပြီး ကြံစုတ် ဆိုတဲ့ စကားပုံတော့ ကြားဘူးတယ်။ ကိုဖက်တီး ပြောသလို ဆိုရင်တော့
    ဆင်ဖြူတော်မှီပြီး နို့စို့ ဆိုတာ လည်းရှိကောင်းရှိနိုင်တယ်ဗျ။

  • pasi

    December 12, 2011 at 12:53 pm

    ကျနော်ပေစိ ဆင်ဖြူတော်ထိန်း အလုပ်လုပ်လိုပါသည်။

  • char too lan

    December 12, 2011 at 1:57 pm

    ဟင်……… အဆန်းဂျီးဘာလား ………
    ကျနော်လဲ သဂျီးမင်းနဲ့ အတွေးတူပီး
    ဆြာဆူးပြောသလိုလဲ စဉ်းစားမိတယ်
    ခွက်နဲ့ခံပီး တိုက်ရတာပဲနေမှာ

  • fatty

    December 12, 2011 at 3:58 pm

    ပိုစ်အဟောင်းလေးပြန်လည်ဖေါ်ထုတ်လာတာကိုးကျေးဇူးတင်ပါတယ် ..။
    ဘာကြောင့်များပြန်လည်တူးဖေါ်ရတာပါလိမ့် …။

  • လင်းဝေ

    December 12, 2011 at 4:53 pm

    ဆင်ဖြူတော်က ဘယ်အရွယ်မို့ နို့တိုက်ရတာတုန်း။
    နို့တိုက်ဖို့ ဆိုရင် ဆင်စို့တာနဲ့ သားသည်အမေတွေ ကိုယ့်ကလေးကို ဘယ်မှာ သွားတိုက်ရမလဲ။
    အရေးထဲ တန်းတောင် စီရဦးမယ်ဆိုတော့ မဟုတ်မဟတ် ပုံကြီးချဲ့ရေးတာကော မဖြစ်နိုင်ဘူးလား။

Leave a Reply