လူတယောက်ရဲ့ဘ၀မှာ ဘယ်နှစ်ခါလောက်များသွားနဲ့ပတ်သက်ပြီး

ဒုက္ခပေးဖူးပါသလဲ

မှတ်တမ်းမှတ်ထားတာများဖတ်ဖူးပါသလား

ကျွန်တော်ရဲ့ဘ၀မှာတော့ ၃ ခါတိတိမှတ်မှတ်ရရ ဖြစ်ဖူးပါတယ်

ပထမအကြိမ်

အသက်  ၈ နှစ်ဝန်းကျင်ကပါ သွားနဲ့ပတ်သက်လို့လဲ

အဲဒီအချိန်တုန်းက အခုခေတ်လိုပညာပေးတွေဘာတွေသိပ်

မရှိသေးပါဘူး သွားတိုက်ရမယ်ဆိုတာဘဲသိတာပါ

ညအိပ်ရာဝင်တခါတိုက်စံနစ်ဘဲရှိပါတယ်

ကလေးအရွယ်လဲဖြစ် လူကြီးမိဘကလဲသိပ်မပြောဆိုတော့

ညအိပ်ရာဝင်တခါတောင်မှန်အောင်မတိုက်တော့ အံသွား

ပိုးစားပါလေရော အမေကဲငယ်သွားဘဲကိစ္စမရှိဖူးငယ်

သွားလဲမှာဘဲဆိုပြီးထားထားလိုက်တာ ပိုးပေါက်ကြီးကသာ

ကြီးလာတာ လဲရမယ့်သွားကတုတ်တုတ်တောင်မလှုပ်

သွားကနာလှပြီ ဘယ်လိုမှမနေနိုင်တော့ဘူး

ဒီတော့မှအမေကစဥ့်အိုးတန်းမှတ်ပါတယ် တရုပ်တန်းကတော့သေချာပါတယ် သွားဆေးခန်းကိုခေါ်သွားပါတယ်

အဲဒီမှာဘ၀အမှတ်တရဖြစ်ပါလေရောလား

ဆရာဝန်ကထုံဆေးနဲ့နုတ်ပေးမယ်လုံးဝမနာဘူးလို့ပြောပါတယ်

နောက်ထုံဆေးထိုးပေးမယ်ဆိုပြီး ပါးစပ်ထဲဆေးထိုးအပ်နဲ့

ထိုးတော့ထာပါဘဲ ထိုးပြီးခဏစောင့်လိုက်ပါတယ် နောက်

ရပြီဆိုပြီးပါးစပ်ဟခိုင်းပြီးသွားနှုတ်တော့တာပါဘဲ

အဲဒီမှာပြသနာစတာပါဘဲ ကျွန်တော်ကဘာမှမထုံသေး

ဆရာကသွားကိုအတင်းဆွဲနှတ်ဆိုတော့စဉ်းစားသာကြည့်

ကြပေါ့ဗျာကျွန်တော်ကအတင်းအော်တော့ ဆရာက ကလေးကြောက်လို့အော်တာပါ လုံးဝမနာပါဘူးလို့အမေကို

ပြောတာကိုးဗျ ကြီးမှသေချာပြန်စဉ်းစားကြည့်တယ်

ထုံဆေးကိုမပါတာပါ

ဒုတိယအကြိမ်

နောက်တခါက်အသက်၁၈နှစ်ဝန်းကျင်ပါ

ဘယ်ဖက်အောက်သွားတချောင်းပိုးစားပါလေရော နာတာနဲ့သွားဆရာဝန်

သွားပြတာ ဆရာဝန်ကဆေးနဲ့ဖာပေးမယ်ဆိုလို့ဆေး၃ ရက်လောက်

ထည့်ပြီး သွားပေါက်ထဲဆေးထည့်ပြီးဖာပေးလိုက်တာညကျတော့အိပ်

လို့ကိုမရတော့ဘူးဗျို့ နောက်တနေ့ဆေးခန်းဖွင့်ဖွင့်ချင်းသွားပြီးတော့

နှုတ်ပေးပါတော့ဆိုပြီးသွားနှုတ်လိုက်ရတယ်

အဲဒီအချိန်ကလူကလဲလူငယ် စိတ်ကလဲဒီလောက်ဒုက္ခပေးတဲ့သွား

ကဲကွာပေါ့ အဲဒီကဲကွာကအခုအသက်ကလေးရလာတော့ နောင်တရမိတယ် အမှန်က အပေါက်ပြန်ဖွင့် ပြီးသေချာပြန်လုပ်ရင်…

အခုအသက်အတွေ့အကြုံနဲ့ဆိုတော်တော်ကြာဝါးလို့ရအုန်းမှာ

နောက်အသက် ၃၀ကျော်တော့

်နှုတ်လိုက်တဲ့သွားနားကသွား နောက်တချောင်း

ထပ်နှုတ်လိုက်ရတော့ သွားစွပ်ပြီးစိုက်တာကိုလုပ်ရပါတယ်

ဆရာကကျောက်တိုက်တာကိုချိန်ချိန်ဆဆ အတော်တိုက်ပါတယ်

အတိုက်လွန်သွားရင်သွားကျင်တာနာတာ တသက်လုံးခံရမယ်လို့

ေဲပြာပါတယ် နောက်ဆုံးနဲနဲကျန်တဲ့အခါဆက်မတိုက်တော့ပါဘူး

သွားစွပ်ပြီးသွားတဲ့အချိန်ရောက်တော့ အဲဒီနဲနဲကျန်က နဲနဲထောက်နေပါတယ် နောက် ၁ လလောက်နေတော့နေသားကျ

သွားပါတယ်

တတိယအကြိမ်

နောက်ဆုံးအကြိမ်ကတော့အသက်ကြီးမှပါ နဂိုလ်စွပ်ထားတဲ့သွာက

ကျွတ်သွားပါလေရော ထုံးစံအတိုင်းသွားဆရာဝန်ပြရတာပေါ့လေ

ဆရာကစေတနာအပြည့်နဲ့အပေါ်သွားနဲ့ အောက်သွား အံကျအောင်

အောက်သွားကိုလဲကျောက်တိုက် အပေါ်သွားကိုလဲကျောက်တိုက်

လိုက်တာ နောက်နေ့ရေသောက်ရင်တောင်သွားတွေက မခံနိုင်အောင်

နာပါလေရော ထုံးစံအတိုင်းပြေးရပြန်တာပ ဆရာဝန်ဆီကို

အောက်သွားကအစွပ်ပြန်စွပ်ပြီးရင် ကောင်းသွားမှာပါတဲ့ အပေါ်သွား

ကနောက်ကျင့်သားရသွား ရင်ကောင်းသွားမှာပါပြောေ၇ာ

နောက်သွားစွပ်ပြီးသွားေ၇ာဆိုပါတော့ စွပ်လိုက်တဲ့သွားက အနာ

နဲနဲသက်သာသွားပါတယ် အပေါ်သွားလုံးဝအထိမခံတော့ဘူးဗျို့

အစာမာစားဖို့မပြောနဲ့ ရိုးရိုးရေသောက်ရင်တောင် နာလိုက်တာ

ရေအေးဆိုမပြောပါနဲ့တော့

စားမရအိပ်မကောင်းဖြစ်နေတာ အိမ်ကမဟေသီက

သူတိုက်နေကြဗမာသွားတိုက်ဆေးမှုန့်တဗူးပေးပြီးဒါတိုက်ကြည့်တဲ့

သူကဗမာဆေးမျိုးစုံသုံးနေတဲ့လူလေ ရူဆေး လိမ်းဆေး သောက်ဆေး

သူ့ဆီအတော်များများရှိတယ်

သူကိုယ်တိုင်လဲသွားဆရာဝန်ကသွားစွပ်တုန်းတိုက်ထားတဲ့သွားက

ကျင်နေ နာနေတာရေအေးဘယ်တော့မှမသောက်ဘူ

အခုကျွန်တော့်ကိုပေးတဲ့ဗမာသွားတိုက်ဆေးမှုန့်နဲ့မှအဆင်ပြေသွားတာ

လို့ပြောပါတယ်

တနေ့ ၂ ကြိမ်တိုက်ဆိုတာနဲ့ တိုက်လိုက်တာ ၂ ပါတ်လောက်

နေတော့သွားကသိသိသာသာကြီးကိုကောင်းသွားေ၇ာဗျာ

ထမင်းတောင်မာမာမစားနိုင်တဲ့သွားအခုဆို အကျော်တွေတောင်စားနိုင်ပါ

ပြီဗျာ စိတ်ကိုချမ်းသာလို့

ကျွန်တော်ပြောခဲ့တဲ့အထဲမှာ ကျွန်တော်သွားရောဂါဖြစ်ရင် သွားဆရာဝန်

တွေကိုဘဲအားကိုးတယ်ဆိုတာမြင်မှာပါ ဗမာဆေးဆိုတခါမှမသုံးတာလဲမြင်မှာပါ ကျွန်တော်ကလဲဗမာဆေးဆိုသိပ်ကိုအထင်မကြီးတာ

အခုတော့ဗျာ အထင်မကြီးတဲ့ဗမာဆေး ၂၅၀ ကျပ်တန်တဘူးထဲနဲ့

အစာမစားနိုင်အောင်နာတဲ့သွားက အခုအကောင်းအတိုင်းလောက်ကိုပြန်

ဖြစ်သွားတာအံ့ရော

အစက ဆေးဗူးပုံဓါတ်ပုံရိုက် ပြီးတင်ပေးအုန်းမလို့ဘဲ

ိကိုယ့်လိုဝေဒနာရှင်တွေစရိတ်ကြီးလှတဲ့ဒီခေတ်ကြီးထဲ လက္ဘရည်ဖိုးလောက်နဲ့ဆိုးလှတဲ့ဒီ သွားနာ သွားကျင်ဝေဒနာကိုပျောက်

စေချင်လို့ပါ ဒါပေမဲ့ဘယ်ကဗိန်းတော ဆေးလာကျော်ငြာထိုးနေတာလဲ

ပြောမှာစိုး တာနဲ့ဓါတ်ပုံနဲ့တကွမတင်ပေးလိုက်တော့ပါဘူး

ဒါပေမဲ့အဖွဲ့သားတွေသိချင်တယ်ဆိုပြီးတောင်းဆိုလာရင်တော့ပုံနဲ့တကွ

ပြန်တင်ပေးပါ့မယ်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့သွားအကြောင်းဒီမှာရပ်

ပါမယ်ခင်ဗျာ

ဟုတ်ကဲ့ဆေးအမည်က ရတနာထွန်း အရောင်တင်

သွားတိုက်ဆေးမှုန့်ဖြစ်ပါတယ်

ဗမာဆေးရောင်းတဲ့ဆိုင်တိုင်မှာဝယ်လို့ရပါတယ်

သုံးပုံကဆားနဲ့တိုက်တဲ့အတိုင်ပါဘဲ အမှုန့်ကိုသွားမှာ

ပွတ်ပေးလိုက်ပြီးတာနဲ့သွားတိုက်ဆေးနဲ့ပြန်တိုက်

လိုက်လို့ရပါတယ်

ပေးရတဲ့ပိုက်ဆံကနဲနဲ ပြန်ရတာကကောင်းကောင်းဆိုတော့

ပေးရတာတန်ရုံတင်မကပါဘူး လွန်တောင်နေပါတယ်

ဆေးလုပ်ရောင်တဲ့လူကိုသိဖို့မပြောပါနဲ့ မြင်တောင်မမြင်ဖူ

ပါဘူးအားလုံးကိုပိုက်ဆံမကုန်ဘဲကောင်းစေချင်တဲ့စေတနာ

သက်သက်ပါ

ငွေကုန်တာကိုမကောင်းတာတွေကများနေတဲ့ခေတ်ကြီး

မဟုတ်းလား

တံဆိပ်ကိုလဲပူးတွဲတင်ပေးလိုက်ပါတယ်

သွားဝေဒနာကင်းဝေးကြပါစေ။

ပုံတင်တာတင်မရလို့ နောက်အသစ်တင်မှပုံထည့်ပေး

လိုက်ပါမယ်

About unclegyi1974

sun moon has written 27 post in this Website..

1974Ipass10st 1980IpassBSC(physc)