ဖိုက်တာ ခေါ် Betta Fish တစ်ကောင်နဲ့တစ်ကောင် ဘာကြောင့်တိုက်ခိုက်ကြလဲ ?

နိုင်နိုင်October 19, 20101min1532

ကျွန်တော် ငါးလေးနှစ်ကောင်နဲ့ သရုပ်ဖော်ပြလိုက်ပါတယ် တကယ်မကိုက်ဖြစ်ကြပါဘူး ကျွန်တော် ဓါတ်ပုံရိုက်ဖို့အတွက်သာ ဖြစ်ပါတယ်..

Betta ငါးအထီးနှစ်ကောင်ကို ကန် တစ်ခုတည်းမှာ ထားလျှင် မဖြစ်နိုင်ကြောင်း လူတော်တော်များများ သိရှိကြပါတယ်။ ဘာကြောင့်ဆို အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုမှာ သေချာသလို ၊ ရန်ပွဲသည်လည်း တစ်ကောင်သေဆုံးမှသာ အပြီးသတ်တက်ကြပါတယ်။ သို့သော် အထီးနဲ့အမတို့ကိုတော့
ယှဉ်တွဲထားရှိနိုင်ပါတယ်။ အချိန်ကာလအားဖြင့် အမများ သားပေါက်ပြီးချိန်ထိပါ။ ထိုကဲ့သို့ အထီးနှင့်အမထားလျှင် အဆင်ပြေပြီး အထီးနှစ်ကောင်ထားလျှင် အဆင်မပြေဖြစ်ရခြင်း အကြောင်းအရင်းကို နားလည်နိုင်ရန် ထိုငါးများ၏ မျိုးစိတ်နှင့် သဘာဝကပေးသော အလေ့အထကို သိရန်လိုအပ်ပါသည်။Betta fish ခေါ် ဖိုက်တာငါးများသည် ထိုင်းနိုင်ငံ၏ မြေယာစိုက်ပျိုးသော ရေတိမ်များတွင် အဓိကတွေ့ရှိပါသည်။ ထိုရေသည် ငါးများ အတွက် လိုအပ်သော အစာ အာဟာရနှင့် အကာကွယ်ပေးနိုင်ပါသည်။ အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းသည် သတ္တဘာသာဘာဝအရ နေထိုင်ရာဒေသတွင်တစ်ကောင်တည်းသာ ပိုင်ဆိုင်နိုင်ရန်ဖြစ်သည်။ အထီးနှစ်ကောင်နှင့် အမတစ်ကောင်ယှဉ်တွဲထားရှိပါက အထီးနှစ်ကောင်ဟာ ရင်ဆိုင်တွေ့တွေ့ချင်းပဲ နောက်သို့ဆုတ်ပြီး ပါးဟပ်များကိုဖွင့်ဟကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်တိုက်ခိုက်ကြတော့တာပါပဲ။တစ်ကောင်သာကျရှုံးပါက ကျရှုံးသော တစ်ကောင်သည် ထွက်ပြေးတိမ်းရှောင်တက်ပါတယ်ဒါမှမဟုတ်ဒဏ်ရာအနာတရဖြစ်စေသည်အထိတိုက်ခိုက်တက်ကြပါတယ်။Betta fish ခေါ် ဖိုက်တာငါးများကို အလှမွေးငါးအဖြစ်မွေးခြင်းသည် ခေတ်စားလာသည်နှင့်အမျှ ထွက်ပြေးရန်နေရာဒေသ ကျဉ်းသဖြင့် တိုက်ခိုက်မှုပိုပြင်းထန်လာကြောင်းတွေ့ရပါတယ်ဗျာ….။ အားပေးမှုကို ကျေးဇူးအထူးတင်ပါတယ် နောက်မှာ ဆက်ရေးပေးပါဦးမယ်ဗျာ။

2 comments

  • sandra

    March 2, 2011 at 3:30 pm

    just thought i would say that anyone looking for some great info on betta fish care there is a great and totally free ebook on everything to do with betta fish

  • etone

    March 3, 2011 at 3:14 am

    ငါးနှစ်ကောင် ကိုက်တာ ကန်ထဲက တောင် အပြင်ထွက်လာတဲ့အထိ မြင်ဖူးပါတယ် … ။ တော်တော် ဒေါသလည်း ကြီးတာ တွေ့ရပါတယ် … ။

Leave a Reply