ပြည်လမ်း၊ မေတ္တာဦး ဆေးခန်းရှေ့တွင် ရ နာရီခွဲချိန်က ကားတစ်စီးတိမ်းမှောက်

manawphyulayOctober 20, 20101min639

ယနေ့ မနက် ရ နာရီခွဲ ကျော်ကျော်တွင် ပြည်လမ်း မေတ္တာဦး ဆေးခန်းဘက် ညာဘက်ယာဉ်ကြောမှ ပစ္စည်းတင်ယာဉ်တစ်စီးသည် စိန်ရတုခန်းမဘက်ခြမ်း  ဘယ်ဘက်ယာဉ်ကြောပေါ်သို့ ကားစလစ်ဖြစ်ပြီး တိမ်းစောင်းမှောက်သွားသည်။

9 comments

  • etone

    October 20, 2010 at 2:38 am

    တုံးလုံးလဲသွားတယ်လေ ။ ခုနစ်နာရီ ဆယ်မိနစ်လောက်ကဖြစ်တာ ။

  • manawphyulay

    October 20, 2010 at 2:43 am

    မတွေ့တာ အတော်ကြာပြီ etone ဘယ်တွေပျောက်လို့ ဘယ်တွေရောက်နေလဲ….

    • etone

      October 20, 2010 at 2:48 am

      etone မပျောက်ပါဘူးရှိပါတယ် … မတွေ့ရတော့လွမ်းတယ်ပေါ့ 😀
      သတိရတာကျေးဇူးတင်ပါတယ် ။

  • april

    October 20, 2010 at 3:26 am

    လူအသေအပျာက်ရော ရှိလား..ဒီမနက် မိုးကလည်း ရွာနေတော့ ကားတွေလည်း သတိထားမောင်းကြပါ။

  • PaukPhaw

    October 20, 2010 at 5:50 am

    ပြည်လမ်း.?
    မေတ္တာဦးဆေးခန်း.?
    စိန်ရတုခန်းမ.?
    ဘယ်နားမှာလဲ ခင်ည

  • koyegyi

    October 20, 2010 at 10:33 am

    ပေါက်ဖေါ်ရေ နောက်နေတာမဟုတ်ဘူးထင်လို့ ဝင်ပြောလိုက်ပါတယ်။ ပြည်လမ်းဆိုတာက ရန်ကုန်မြို့အဝင်လမ်းမကြီးပါ။ မေတ္တာဦးဆေးခန်း ဆိုတာက လှည်တန်းမီးပွိုင့်နဲ့ နာနတ်တောမီးပွိုင့်ကြားမှာ ရှိတဲ့ မျက်စိအထူးကုဆေးခန်းပါ။ စိန်ရတုခန်းမဆိုတာက ဆေးခန်းရဲ့မျက်နှာချင်းဆိုင်ဘက်အခြမ်းမှာ ရှိတဲ့ အဆောက်အဦပါ။ ဘာကားလဲဆိုတာကတော့ manawphyulay ကထည့်ပြောမသွားတော့ …။

  • Gong Zhu

    October 20, 2010 at 5:38 pm

    ဘာဖြစ်သွားတယ်လို့ ဘာသတင်းကြားသေးလဲ …

  • char too lan

    October 21, 2010 at 4:01 am

    မောင်းရင်လဲ တောက်ရမ်း
    ယာဉ်စည်းကမ်းကျတော့လဲ သေသေချာချာမလိုက်နာ
    ဖြစ်ကြရင်လဲ အသေပဲ …….
    အလုပ်သွားဖို့ အိမ်ကထွက်တာနဲ့ ကိုယ့်ကိုယ်ကို
    သရဏဂုံတင်ထားလိုက်တယ် ပီးရော………

  • khinmintatthu

    October 21, 2010 at 9:07 am

    မနက်စောစောတောင် မူးနေကြတာနဲ့တူတယ်… ခက်တယ်လူတွေလူတွေ…

Leave a Reply