ကျန်းမာရေးအတွက် အိပ်စက်အနားယူခြင်း

doekalayOctober 20, 20101min989

ကျန်းမာရေးအတွက် အိပ်စက်အနားယူခြင်း

နေ့လည်နေ့ခင်း အနားယူအိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး ပြောချင်ပါသေးတယ်။ အခုအခါမှာတော့ နေ့လည်အိပ်တာ မအိပ်တာကို အငြင်းမပွားတော့ပါဘူး။ ဂျပန်နိုင်ငံက ဟိုတုန်းကတော့ နေ့လည်အိပ်တာကို မတိုက်တွန်းခဲ့ဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ နေ့လည်ထမင်းစားပြီး နာရီဝက်အတွင်းမှာ တစ်နာရီလောက် အိပ်ဖို့ တိုက်တွန်းပါတယ်။ သိပ်အကြာကြီး မအိပ်ပါနဲ့။ ခန္ဓာကိုယ်အတွက် အကျိုးမရှိဘူး။ စောင်အထူကြီး မခြုံပါနဲ့။

sleepingtu.jpg

ည ဘယ်အချိန် အိပ်ရာဝင်သင့်သလဲ။ ကျွန်တော်တို့ အနေနဲ့ကတော့ စောစောအိပ်၊ စောစာထလို့ မတိုက်တွန်းပါဘူး။ ဥပမာ – ည ရ နာရီအိပ်ပြီး ၁၂ နာရီကျတော့ နိုးပြီး အလကားလူးလှိမ့်နေလို့ကော ဘာအကျိုးရှိမှာလဲ။ ၁ဝ နာရီ / ၁ဝ နာရီခွဲ အိပ်ရာဝင်တာ အသင့်တော်ဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့ညီလာခံက သတ်မှတ်ပေးထားတာက အိပ်ရာဝင်ပြီး ၁ နာရီ ၁ နာရီခွဲအတွင်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတာဟာ သိပ္ပံနည်းကျတယ်လို့ ဆိုတယ်။ အဲဒါကတော့ ညဉ့်သန်းခေါင် ၁၂ နာရီကနေ မနက် ၃ နာရီ။ အဲဒီ သုံးနာရီမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတယ်ဆိုရင် အိပ်ရေးဝတယ်လို့ ခေါ်တယ်။ အဲဒီ သုံးနာရီ အပြည့်အဝ အိပ်လို့ကောင်းတယ်ဆိုရင် နောက်နေ့မနက် အိပ်ရာထမှာ လန်းဆန်းတက်ကြွနေမှာ မုချပဲ။ တကယ်လို့ လေးနာရီကျော်မှ အိပ်ပျော်သွားတယ်ဆိုရင်တော့ တစ်ဝက်တစ်ပျက် အိပ်ပျော်တာပဲဖြစ်မယ်။ အိပ်တတ်တာနဲ့ မအိပ်တတ်တာ မတူပါဘူး။ ဒါကြောင့် ၁၂ နာရီကနေ ၃ နာရီကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့ ကျွန်တော်တို့ တိုက်တွန်းတာပါ။ ခင်ဗျားတို့ ဖဲကစားတာကို ကျွန်တော် မဆန့်ကျင်ပါဘူး။ ဒါပေမယ့် ၁၂ နာရီနဲ့ ၃ နာရီကြားမှာ ကစားတာကိုတော့ ကန့်ကွက်တယ်။

[မောင်မောင်လှိုင် (အပ်စိုက်ကု) ၏ ကျန်းကျန်းမာမာ အသက် ၁၀ဝ (၂)၊ စာမျက်နှာ ၅၂၊ ၅၃ မှ ပြန်လည်ကောက်နုတ် ကူးယူဖော်ပြပါသည်။]

9 comments

  • doekalay

    October 20, 2010 at 8:12 am

    မဲဆွယ်သောသူများကိုရည်ညွန်းပါသည်။

  • draungkyawkyawoo

    October 20, 2010 at 10:14 am

    အိပ်ရေးပျက်တာများလာရင်တော့ ကြောင်သွားလိမ့်မယ် ။

  • Gong Zhu

    October 20, 2010 at 5:23 pm

    ည လေးနာရီအိပ်ပြီး နေ့လည် တစ်နာရီလောက်မှ ထရင်ရော …

  • Rose Minn

    December 28, 2011 at 11:17 am

    အိပ်စက်ခြင်းက အားဖြစ်စေတယ်ဆိုတာ တော့သိပါတယ်။ ဆရာမတစ်ယောက်ပြောဖူးတဲ့စကားကို အခုမှ တဖြေးဖြေး သဘောပေါက်တယ်။ လှပဆန်းကျယ်တဲ့ကုတင် တစ်လုံးကိုဝယ်နိုင်ပေမယ့်။ ကောင်းမွန် အေးချမ်းစွာ အိပ်စက်ခြင်းဆိုတာ ကိုရနိုင်ဖို့ခဲယဉ်းတယ်ဆိုတာ ကိုယ်တွေ့ဖြစ်လာတော့မှ နားလည်တယ်။

  • Rose Minn

    December 28, 2011 at 11:21 am

    အိပ်စက်ခြင်းက အားဖြစ်စေတယ်ဆိုတာ တော့သိပါတယ်။ ဆရာမတစ်ယောက်ပြောဖူးတဲ့စကားကို အခုမှ တဖြေးဖြေး သဘောပေါက်တယ်။ လှပဆန်းကျယ်တဲ့ကုတင် တစ်လုံးကိုဝယ်နိုင်ပေမယ့်။ ကောင်းမွန် အေးချမ်းစွာ အိပ်စက် အနားယူခြင်းဆိုတာကို ဝယ် လို့မရနိုင်ဘူး ဆိုတာ ကိုယ်တွေ့ဖြစ်လာတော့မှ နားလည်တယ်။ အသက်ရလာလေလေ အတွေးများလေပါပဲနော်။

  • Rose Minn

    December 28, 2011 at 11:21 am

    အိပ်စက်ခြင်းက အားဖြစ်စေတယ်ဆိုတာ တော့သိပါတယ်။ ဆရာမတစ်ယောက်ပြောဖူးတဲ့စကားကို အခုမှ တဖြေးဖြေး သဘောပေါက်တယ်။ လှပဆန်းကျယ်တဲ့ကုတင် တစ်လုံးကိုဝယ်နိုင်ပေမယ့်။ ကောင်းမွန် အေးချမ်းစွာ အိပ်စက် အနားယူခြင်းဆိုတာကို ဝယ် လို့မရနိုင်ဘူး ဆိုတာ ကိုယ်တွေ့ဖြစ်လာတော့မှ နားလည်တယ်။ အသက်ရလာလေလေ အတွေးများလေပါပဲနော်။ မအိပ်နိုင်လေလေပဲ။

  • Rose Minn

    December 28, 2011 at 11:23 am

    ကိုးနတ်ရှင် မကောင်းလို့ 3ခုဖြစ်သွားတယ် sorry ပါ။ သူကြီးရေအပေါ်က နှစ်ခုကိုဖြတ်ပေးပါနော်။

  • ကြေးမလောင်

    December 28, 2011 at 12:35 pm

    အိပ်ရတာ ပျော်စရာ ကောင်းတယ်။
    အိပ်တာ ကြိုက်တယ်။

  • nayminn

    December 28, 2011 at 12:42 pm

    မောင်ပေါက်ကျိုင်းရာဇဝင် ပြန်လှန်ရမယ်..။

Leave a Reply