”Ten Things I Hate About Myself”

manawphyulayOctober 20, 20101min1968

၁။ လူကဲခတ် ညံ့ဖျင်းခြင်း
၂။ လုပ်ချင်တာ သိပ်များနေခြင်း
၃။ လူတိုင်းကို ယုံကြည်စိတ်ရှိခြင်း
၄။ တစ်ယောက်ထဲ အလုပ်များနေခြင်း
၅။ သူတစ်ပါးကို အမြဲကူညီတတ်ခြင်း
၆။ လုပ်ချင်ရာကို မဖြစ်မနေ လုပ်တတ်ခြင်း
၇။ အပေါင်းအသင်း အရမ်းပဲ သံယောဇဉ်ကြီးခြင်း
၈။ သူတပါးမကျေနပ်လည်း မှန်ရာကို ပြောတတ်ခြင်း
၉။ မိမိ သိနေတာကို ပြန်လည်ဖောက်သည်ချတတ်ခြင်း
၁၀။ လူအများ၏ ဂရုတစိုက် အသိအမှတ်ပြုမှုကို လိုအပ်ခြင်း

ဤသို့ဖြင့်…
လူ များကို ယုံကြည်၊ အလုပ်များ ကူညီတတ်ပြီး သံယောဇဉ်ကြီးသူ မိမိ၊ အားလုံးရဲ့ အသိအမှတ်ပြုမှုကို မျှော်လင့်နေပါတယ်။

စာရေးသူ – မနောဖြူလေး

8 comments

  • weiwei

    October 20, 2010 at 5:22 am

    မနောကို အသိအမှတ်ပြုပါတယ် … မနောရေးတယ့် ပို့စ်တွေကို ဖတ်ကြည့်ရုံနဲ့ ခုနရေးထားတယ့်အချက်တွေတော်တော်များများနဲ့ ကိုက်ညီနေတာကို အကဲခတ်နိုင်ပါတယ် … လုပ်ချင်တာတွေကိုတစိုက်မှတ်မှတ်လုပ်နေတာ ကောင်းတယ့်အကျင့်ပါ … အားလုံးရဲ့အသိအမှတ်ပြုမှုကို မျှော်လင့်နေတာကတော့ ပင်ပန်းပါတယ် .. ဖြစ်နိုင်ရင်တော့ မျှော်လင့်ချက်နဲ့လုပ်နေတာမဟုတ်ဘဲ လုပ်ချင်လွန်းလို့ လုပ်နေတယ်ဆိုရင် ပိုကောင်းတာပေါ့နော် …

  • april

    October 20, 2010 at 7:06 am

    မနောရေးတဲ့ Postလေးတွေက စိတ်ကူးစိတ်သန်း ကောင်းပါတယ်။မနောရေးတဲ့ Postလေးတွေကို aprilအပါအဝင် mandalay gazetteရဲ့ အခြား memberတွေလည်း အားပေးနေလိမ့်မယ်လို့ ထင်ပါတယ်။

  • char too lan

    October 20, 2010 at 9:45 am

    Mandalay ကစာတွေဖတ်ရင်းနဲ့ မနောကိုအမှတ်တရရှိနေပါတယ်
    ကျနော့်အတွက်တော့ မနော ဆူး အေပရရ် ဦးကြောင်ကြီး ဦးဖက်တီး
    ဘကြီးတော် အိတုံ လူတလုံး အင်ထရို လေးပေါက်(မန်းလေး) ကိုဘရုတ်
    ကိုကေအေအိုင် မိုက်ကယ်ဂျော်နီအောင်ပု ကုန်းကျု ့ကော်ဘရာ ကိုထူး စသည်ဖြင့်……………………..များစွာသောညီအကိုမောင်နှမတွေဟာ နေ့တိုင်းလိုလို mandalaygazette ဆိုတဲ့အိမ်ကြီးမှာပျော်ရွှင်စွာ ဆုံကြရတယ်လို့ ထင်ပါတယ်

  • kopauk mandalay

    October 20, 2010 at 12:02 pm

    မနောရေ
    ကျနော်ကတော့ ခင်ဗျားပြောသလို တော့ ကိုယ့်ကိုယ် မကျေနပ်ဘူးလို့ လဲ မမြင်ဘူး။
    မကြိုက်ဘူးထင်ရင် ပြင်မယ် ။
    ကိုယ်လုပ်သင့်တယ်ထင်လို့လုပ်ပြီးမှ သူများအသိအမှတ်ပြုခြင်းမပြူခြင်းကိုတော့ သိပ်ထည့်မတွေးပါဘူး။
    ကိုယ်လုပ်တာ သူများအတွက် မကောင်းတောင် မထိခို်က်ရင်တော်ပြီဗျာ။
    သိပ်ကိုမှန်တာပေါ့ ချာတန်လူးရယ်

    ဒီဆိုက်ထဲမှာ ကို်ယ်စိတ်ထဲမှာရှိတာလေးကိုရေး။
    ကော်မင်းပေးတာလေးတွေကိုဖတ်လို့ ပီတိဖြစ်။
    သူများရေးတာတွေကိုူကော်မင်ပြန်ပေး၊
    သိပ်ကိုပျော်စရာကောင်းပါတယ်။
    ပေါက်တတ်ကရတွေရေးတဲ့ ကိုပေါက်မန်းတလေး။

  • Gong Zhu

    October 20, 2010 at 5:41 pm

    သမီးကတော့ မယုံကြည်တတ်ခြင်း … အဲ့ဒါ ကောင်းလား …

  • kaung kin pyar

    March 23, 2012 at 3:33 pm

    ကောင်းကင်ဆိုရင် ၁ဝ ချက် မကဘူး။ ချသာရေးရရင် A4 ၂ မျက်နှာကုန်မယ်…။ ;(

    • Swal Taw Ywet

      March 23, 2012 at 4:50 pm

      Don’t worry, Kaung Kin Pyar,
      If you really need, use the whole SKY.OK?

      With respect,
      Swal Taw Ywet.

  • padonmar

    March 23, 2012 at 9:01 pm

    မနောလေး
    အန်တီကတော့ ၁ သိန်းမရခင်မနောထက် ၁ သိန်းရပြီး မနော (CJ မနော၊ဆည်းဆာရိပ်မနော…..)ကို
    ပိုနှစ်သက်ပါတယ်။
    မနေ့က မနောထက် ဒီနေ့မနောက ပိုတော်တယ်လို့ ပြောချင်တာပါ။
    အဲဒီလို အားပေးသွားမယ်နော်။

Leave a Reply