ရယ်ရယုံ (၅၂)

etoneOctober 20, 20101min330

ကျမ ပေါက်က ကျင်းနေတာ …………….
ပခုက္ကူဘက်က မြို့လေးတွေ နမယ်တစ်လုံးစီပဲရှိတာ သိမှာပေါ့ ။ ပခုက္ကူကနေ
မြောက်ဘက်တက်သွားရင် ပေါက် ၊ မြိုင် ၊ ကျင်း အဲလို
တစ်လုံးတည်းမြို့တွေ အများကြီးပဲ ။ ဘတ်စ်ကားတွေလဲပြေးတယ် ။တစ်ခါတော့
……စကားဝဲတဲ့ အဖွါးကြီးတစ်ယောက် ကားပေါ်တက်လာတယ် ။
ခဏကြာတော့ စပယ်ယာက မေးတယ် ။ ဘယ်မှာနေလို့ ဘယ်ဆင်းမတုန်းတဲ့
။ဇာတ်ဆရာလေသံနဲ့ …..။ အဖွါးကြီးကလဲ စကားမြန်တယ်။
သူပြောချင်တာက………… ကျမ ပေါက်မှာနေတယ် ။ ခုတော့ ကျင်းမြို့မှာ
နေတာကြာပြီ ။ ရှေ့နားကျရင် ဆင်းမယ် ချပေးလို့ ပြောတာ
စကားကမြန်တော့ ….. ကျမ ပေါက်က ကျင်းနေတာ ကြာပြီ ။ ရှေ့နားကျ ချပေးတဲ့
စပယ်ယာခမျာ ဘာပြောရမှန်းတောင်မသိတော့ဘူး။

လျှောက်တင်စမ်း

တစ်ရံရောအခါက ဘုရင်အိုကြီးတစ်ပါးမှာ အင်မတန်မှချောမောလှပတဲ့
မိဖုရားလေးတစ်ပါးရှိသတဲ့ကွယ်။ မိဖုရားနဲ့ ပက်သက်သမျှ အမြဲ
သဝန်တိုတတ်တယ် ။
တစ်နေ့တော့ မသွားမဖြစ် ခရီးတစ်ခုထွက်ရတော့မယ်ဆိုတော့
မိဖုရားလေးကိုစိတ်မချလို့တဲ့လေ …………………………….

အထူးစီရင်ပြုလုပ်ထားတဲ့ ဓါးစကြ်ာလေးကို မိဖုရားလေးရဲ့ လုံခြုံရေးနယ်နိမိတ်မှာ
တပ်ဆင်ထားခဲ့ပါတယ် ။ အမတ်တွေကိုလဲ အခန်းသော့ပေးထားပြီး အလှည့်ကျ
စောင့်ကြပ်ဖို့ စိတ်ချစွာ မှာရစ်တယ်လေ……………………….

တစ်လခန့်ကြာတော့ ဘုရင်ကြီးပြန်ရောက်လာတယ် ။
လျို့ဝှက်ခန်းတစ်ခုထဲမှာ အမတ်တွေ အားလုံးကိုခေါ်ပြီး
ပုဆိုးချွတ်ခိုင်းတယ်။ ဟဲဟဲ
ဘယ်လောက်သစ္စာရှိစွာ စောင့်ရှောက်ခဲ့ ကြသလဲ သိချင်လို့ပေါ့……………

အမတ်ချုပ်ကြီးကလွဲလို့ အမတ်တွေအားလုံး တုံးတိလေးတွေ
ဘုရင်ကြီးတော်တော် ဒေါကန်သွားရောဟေ့။အမတ်ချုပ်ကြီးတစ်ယောက်ပဲ သစ္စာ ရှိတယ်ပေါ
အမတ်ချုပ်ကြီးကိုမေးတယ် ……အမတ်ချုပ်ကြီး အဲဒီ သစ္စာမရှိတဲ့ အမတ်တွေကို
ဘယ်လိုကွပ်မျက် အပြစ်ပေးရမလဲလျောက်တင်စမ်း……………
xxxxxxxxxxxxxxအမတ်ချုပ်ကြီး ဘာမှမပြောဘူး xxxxxxxxxxxxxxxxxxx
ဘုရင်ကြီး နောက်ထပ်မေးတယ် ့
xxxxxxxxxxxxxxxxအမတ်ချုပ်ကြီး ဘာမှမပြောဘူးxxxxxxxxxxxxxxxxxxx
ဘုရင်ကြီး ဒေါသပိုထွက်လာတယ် ။
အမတ်ချုပ်ကြီး ဘယ်လိုအပြစ်ပေးရမလဲ မြန်မြန် လျှောက်တင်စမ်းဟဲ့ …………

အမတ်ချုပ်ကြီး အသံထွက်လာတယ် ……အွမ့်အွန် အွမ် အွန့်
အမတ်ချုပ်ကြီး လျှာက ပြတ်နေတော့ အသံမပီသရှာဘူး…………..