ှုှSay thank you to SUPHAYALAT ….all ladies

fattyOctober 20, 20101min1508

တကယ်တန်းကျတော့ မြန်မာ့ထုံးတမ်းစဉ်လာမှာ ယောကျာင်္းတယောက်ဟာ လက်ရှိဇနီးတယောက်အပြင် နောက်ထပ်ဇနီးမယားတယောက် တရားဝင်ယူခွင့်ရှိတာကိုတွေ့ရပါတယ်။
မယားပြိုင်ပေါ့ ။ ဟာသလုပ်ပြီးပြောကြရင်တော့ … လက်ရှိ ဇနီးသည်ကို ရာထူးတိုးပေးလိုက်တယ်ပေါ့။ အိမ်ထောင်သယ်ဇနီးများ ယောကျာင်္းသားနဲ့ရင်ဘောင်တန်းပြီးလုပ်ငန်းခွင်
ဝင်နေရသူများ … မကြာမကြာပြောတတ်ကြတာက …. ဒီမှာ ..ရှင့်လစာနဲ့လောက်လို့လား … ရုံးအလုပ်ကတဖက် ..အိမ်အလုပ်ကတဖက် ..ရုံးမှာကလည်း လုပ်လိုက်ရတာ ..
ဦးနှောက်ကိုခြောက်လို့ … အိမ်ကျလဲနားရမလားအောင့်မေ့တယ် … စားဘို့သောက်ဖို့စီစဉ်ရတာနဲ့ .. တနေ့နေ့ ဘာချက်ရမလဲစဉ်းစားရတာနဲ့ ………..။

အစရှိသဖြင့် … ပူညံပူညံမကြာခဏကြားရတတ်ပါ၏။ အဆိုပါ ဇနီးသည်များ တခုသတိပြုစေချင်တာကတော့ … သိပ်ကြီးပူညံပူညံ မလုပ်မိကြရန်နှင့် အခန့်မသင့်ပါက
ကုမ္ပဏီက ရာထူးတိုးမပေးဘဲ ကိုယ့်ယောကျာင်္းက ရာထူးတိုးပေးလိုက်မှာကို ထည့်သွင်းစဉ်းစားကြစေလိုပါသည်။

ကြားဖူးကြပေမည် … မင်းတုန်းမင်း မိဘုရားဘယ်နှစ်ယောက်တောင်ရှိလဲဆိုတာ …. ယောကျာင်္းကောင်းမောင်းမတထောင် ဆိုစကားနှင့်ညီပါပေသည်။ မင်းတုံးမင်းကြီး၏ နန်းတွင်းဆေးတော်ကြီးကလဲနာမည်ကြီးလှပါပေသည်။ အဘယ်မျှနာမည်ကြီးသလဲဟူမူ …. ပါးစပ်ရာဇဝင်အရ … မင်းတုံးမင်းကြီးမှီဝဲသောဆေးတော်ကြီးထဲ့သည့် ဘူးခွံသည်
ဆေးကုန်ရျ် လွှင့်ပြစ်လိုက်ပါက …ပုလင်းလွတ်သည် ဘယ်တော့မှလဲမသွားဘဲအမြဲထောင်လျှက်ပင်ရှိသည်ဟူ၏။

ကျနော့ဆိုလိုရင်းရောက်အောင်ကြိုးစားရျ်ချုပ်ပါမည်။ … ယခုခေတ်ယောကျာင်္းတို့သည် အံ့ဩဘွယ်ကောင်းအောင်ပင် တလင်တမယားစံနစ်ကို ကျင့်သုံးကြပါသည်။
အင်မတန်ကောင်းမွန်သောကိုယ်ကျင့်တရားပင်ဖြစ်သည်ဟုဆိုချင်ပါသည်။ ပူညံပူညံလုပ်တတ်သော ဇနီးသည်များကျေးဇူးတင်ဖို့ကောင်းသည်။

တကယ်တန်းမှာမူ … မင်းတုန်းမင်းအပြီး သီပေါဘုရင်လက်ထက်ကစပြီး စုဖုရားလတ် လက်ချက်ကြာင့် တစ်လင်တစ်မယားစံနစ် အရိုးစွဲလာရခြင်းဖြစ်ပါကြောင်း မှတ်သား
ရပါသဖြင့် ……. စုဖုရားလတ်အား thank you ဟုဆိုသင့်လှပါကြောင်း …။

8 comments

  • ဆူး

    October 20, 2010 at 5:39 am

    ဦးလေး ဝတုတ် အိမ်မှာ နားငြီးလာလို့ ဒီမှာ လာပေါက်ကွဲနေပြီနဲ့တူတယ်။ အိမ်ပြန်ရင် အိမ်က စုဖုရားလတ် အတွက် တခုခု လက်ထိုးဖို့ ဝယ်သွားပြီး .. ငြိမ်းချမ်းရေး ယူလိုက်ပေါ့..

  • april

    October 20, 2010 at 7:23 am

    စုဖုရားလတ်ကို ကျေးဇူးတင်တာတော့ ဟုတ်ပါပီ..ရာထူးတိုးခံရတဲ့ ဇနီးသည်တွေကို ကျတော့ ဦးဖတ်တီးက တာဝန်ယူပေးမှာလား 😛

    • ဆူး

      October 20, 2010 at 9:10 am

      April ရေ.. fatty ကို ဦးဖတ်တီးလို့ မခေါ်နဲ့… သူက `တ´ နဲ့ သတ်ရင် ဖတ်စာအုပ် မှာသုံးတဲ့ ဖတ် ဖြစ်တဲ့ အတွက် မှီငြမ်း ကိုးကားခြင်း ခံရမှာ ကြောက်ပါသည်။ `က´ နဲ့ သတ်ရင် ဖက်ရွက်ကဲ့သို့ ဖက်ကလေးကို ပေါ့ပါးပြီး လွယ်လွယ်ကူ ထုတ်ပိုး သယ်ယူ နိုင်ပါတယ်တဲ့။ ပေါ့ပါးလွတ်လပ်တဲ့ လူနေမှု ဘဝ အတွက် ဦးဖတ်တီးလို့ မပေါင်းဘဲ ဦးဖက်တီးလို့ ပေါင်းပါလို့ ဆူးကို ပြောဘူးတယ်။ ဆူးကတော့ ဦးလေး ဝတုတ်လို့ခေါ်တယ်။ ကြုံတုံး.. ဦးလေးဝတုတ် အစား ပြောပြလိုက်သည်။

  • fatty

    October 20, 2010 at 8:24 am

    ဟဲဟဲ … ထင်တဲ့အတိုင်း ရန်တော့ထောင်ချင်ပုံရတယ် ..အားနာကြလို့နေမှာ ….
    အိမ်ပြန်ရင် အိမ်ကစုဖုရားလတ်ကို …လက်နဲ့မထိုးဖြစ်ကြောင်းပါ။
    ရာထူးတိုးသွားရင် …. လခရောဘယ်လောက်တိုးမှာလဲလို့မေးလိုက်ပေါ့ ….။

  • kai

    October 20, 2010 at 8:30 am

    ကျုပ်အထင်တော့…ပိုက်ဆံမရှိလို့..ဗမာတွေသွေးမပြသေးတာပါ။
    တိုင်းပြည်များချမ်းသာပြီး.. ဗမာတွေအလုပ်အကိုင်အဆင်ပြေ..။ လစာလောက်ငှကြည့်ပါလား..။
    အကုန်ရာထူးတွေတက်ကုန်မယ်..။
    အခုပဲကြည့်လေ..။ ငွေကြေးအဆင်ပြေတဲ့သူတွေများ… ၁။ ၂။ ၃။ ၄။တွေနဲ့..။
    အကျင့်ကိုက…..။

    ဆိုတော့..။
    အဲဒီ… လက်ထပ်ခြင်းဆိုင်ရာဓလေ့ထုံးတမ်းဥပဒေတွေ ခေတ်မှီအောင် ပြင်သင့်ပြီထင်ကြောင်းပါ..။

  • etone

    October 20, 2010 at 8:42 am

    တစ်လင်တစ်မယားစနစ်ကိုတော့ကျင့်သုံးပါတယ် ဒါပေမဲ့ ခိုးကြောင်ခိုးဝှက် အငယ်နှောင်းလေးတွေ ကြူတာရယ် … စပွန်ဆာပေးတာရယ် …. ။ အီစီကလီလုပ်တာရယ် … ။ မာဆတ်သွားတာရယ် … ပင်တိုင်ပန်းကုံးဆွတ်ရတာရယ်တွေအားလုံးပဲလုပ်တာမို့လား ။ မမိသေးချင်တော့ တစ်လင်တစ်မယားပေါ့…… မိတော့မှ အပြင်းပြေတွေ ၊ ခဏပါကွာဆိုတာတွေဖြစ်လာလိမ့်မယ် ။

  • char too lan

    October 20, 2010 at 10:35 am

    (ယခုခေတ်ယောကျာင်္းတို့သည် အံ့ဩဘွယ်ကောင်းအောင်ပင် တလင်တမယားစံနစ်ကို ကျင့်သုံးကြပါသည်။
    အင်မတန်ကောင်းမွန်သောကိုယ်ကျင့်တရားပင်ဖြစ်သည်ဟုဆိုချင်ပါသည်။ ပူညံပူညံလုပ်တတ်သော ဇနီးသည်များကျေးဇူးတင်ဖို့ကောင်းသည်။)………
    ဦးဖက်တီး ယောင်ကျားတွေဖက်က ဘက်လိုက်ပြောနေတာလား ???
    ယောင်ကျားတွေကလည်း ယောင်ကျားတွေပါပဲလေ~~~
    😀 😛

  • bigcat

    October 21, 2010 at 12:59 am

    ကျုပ်တို့မြန်မာတွေ သင်ခန်းစာ မယူတတ်ပုံများတော့ ရှေးမင်းတွေလက်ထက်မျာ ဖအေတူမအေကွဲ မင်းသားတွေ ထီးလုနန်းလုလို့ တိုင်းပျက်ပြည်ပျက်ဖြစ်ခဲ့ရတာကို သင်ခန်းစာမယူတတ်ဘဲ နောက်တက်လာတဲ့ မင်းတွေက သူ့အရင်မင်းတွေထက် မိန်းမယူတဲ့နေရာမှာ ပိုသာဖို့ကြိုးစားတယ်။ အင်းလေ အခုလည်း အတူတူပါပဲ၊ မဆလခေတ် သွားလေသူ ဦးနေဝင်းခေတ် ထက်သာအောင် အခု နအဖက လုပ်နေတာပဲလေ။

Leave a Reply