ရယ်ရယုံ (၅၃)

etoneOctober 20, 20101min610

ယာဉ်နံပါတ်နဲ့ ရင်နံပါတ်
———————————————–

“ဟဲလို ဟဲလို ကျမကို ကူညီပါရှင်
ပလာဇာမှာဈေးဝယ်ပြီး တက္ကစီနဲ့ အိမ်ကို
ပြန်လာတာ ကားပေါ်မှာ အဝတ်အစားတွေ
ပါသွားလို့ အင်္ကျ ီတွေက အထည်ကို သုံးသောင်း
လောက်တောင် တန်တယ်ရှင့်”

“ဟုတ်ကဲ့ ကူညီပြီးရှာပေးပါ့မယ်
ဒါ့ထက် ယာဉ်နံပါတ် မသိဘူးလား ခင်ဗျာ”

“သိပါတယ်ရှင် ရင်၃၆ ၊ ခါး၂၂ ၊ တင် ၃၈
ရှိပါတယ်ရှင်”။

+++++++++++++++++++++++

အာဂယောက္မ
——————

“ဟင်…..ခိုးရာလိုက်တယ်လည်းဆိုသေး
ဘာမှလည်းယူမလာပါလား ”

“ဒီည တစ်ညတည်းပဲ ကိုကိုရယ် ဘာယူရ
ဦးမှာလဲ ။

မေမေက မှာလိုက်တယ် ခိုးပြေးတယ်ဆို
တာ စတိလောက်ဆိုတော်ရော့ပေါ့တဲ့ မနက်ကျရင်
နှစ်ယောက်စလုံး စောစော ပြန်လာကြတဲ့ ကိုကို့
ကို ခိုင်းစရာရှိတယ်တဲ့ ”။

++++++++++++++++++++++++++

မေ့မတဲဲ့့အကြောင်း
——————-

“မလွှဲသာလွန်းလို့သာ ကွာရှင်းလိုက်ရပေမဲ့
ငါ့မိန်းမကို တော်တော်နဲ့မေ့လို့ရမှာ မဟုတ်ဘူး
သူငယ်ချင်းရာ”

“အိုကွာ အချိန်က ကုစားသွားမှာပါ
သိပ်ပြီးစွဲလမ်း မနေပါနဲ့”

“ဒီလိုကွ သူ့ကိုမေ့လို့မရတဲ့ အကြောင်းက
ငါ့နာမည်နဲ့ သူယူထားတဲ့ အကြွေးတွေ နောက်
တစ်နှစ်လောက်ထိ ဆပ်ပေးရ ဦးမှာမို့ပါ..။”

++++++++++++++++++++++++++++++

ဘယ်သူ့လက်ချက်လဲ
———————-

“တောက်….နာသကွာ ရုပ်ရှင်ရုံထဲမှာ
ဒီလောက် မီးပျက်မယ်မှန်း သိရင် အချစ်ရဲ့
မျက်နှာလေးကို တဝကြီး နမ်းပစ်တာပေါ့
အခုတော့ မီးကပြန်လာနေပြီ”

“ဟင်….ဒါဖြင့် မီးပျက်တုန်းက နမ်းတာ
ကိုကို မဟုတ်ဘူးပေါ့နော် ။”

++++++++++++++++++++++++++++++++++++