ထူးခြားဂဏန်းများ Strange

7

numbers

ရတနာသုံးပါး
နေ့စဉ်ပွား
ရှိခိုးဦးချပါသည်ဘုရား။

နှစ်လုံးသုံးလုံး
ဘယ်မမုန်း
စိတ်ကူးယဉ်လို့
မဆုံးပါခင်ဗျား။

သားကြီးသုံးသား
နင်းလို့ပြား
ဘုရား၊ကျောင်း၊စစ်သား
များပါခင်ဗျား။

ဂိုဏ်းကြီးသုံးဂိုဏ်း
လွန်စွာရိုင်း
စွမ်းအားရှင်
ကြံ့ဖွတ်နဲ့
စရဖတို့ပါခင်ဗျား။

ချုပ်ကြီးနှစ်မျိုး
အလွန်ဆိုး
တပ်ချုပ်နှင့်ဒုချုပ်ကြီး
တို့ပါခင်ဗျား။

ဖွဲ့ကြီးနှစ်ဖွဲ့
ကိုက်တော့မတဲ့
ကြံ့ဖွတ်နဲ့တစည
ပါတီတို့ပါခင်ဗျား။

ငရဲရှစ်ထပ်
မကြောက်တတ်
စစ်ဗိုလ်လူမိုက်
များပါခင်ဗျား။

နတ်ပြည်ခြောက်ရွာ
လက်မခံပါ
စစ်သားလုံးဝ
မရှိပါခင်ဗျား။

စစ်တပ်အုပ်စိုး
နိုင်ငံဖြိုး
အိပ်၊စား၊ကာမမှု
များပါခင်ဗျား။

7 comments

  • char too lan

    October 20, 2010 at 5:07 am

    ဦးကြောင်ကြီး
    မေးမြန်းစရာလေးရှိလို ့ ခဏလောက်လိုက်ခဲ့ပါ

    • bigcat

      October 22, 2010 at 12:37 am

      ချာတူးရေ.. ကြောင်ကြီးကို ခေါ်ရင် ကြောင်စာငါးကြော်များများကျွေးရမယ်၊ ကြောင်ချီးကြုံး ရမယ်နော်။

      • char too lan

        October 22, 2010 at 6:36 am

        ဟားဟား 😀
        ဦးကြောင်ကြီးတော်တော်စကားတတ်တယ်
        အဲလောက်ကတော့ လုပ်ပေးကြမှာပါ ဦးကြောင်ကြီးသာမေးတာတွေ
        အမှန်ဖြေလိုက် !! မဟုတ်ရင် ခဏပြောပီး သက်တမ်းတွေတိုးတိုးခံနေရမယ်
        😀 😛

  • ဆူး

    October 22, 2010 at 6:10 am

    ကြောင်ချီးကို ကော်ဖီ ထုတ်ဖို့ ခေါ်တာ လိုက်သွား.. များများ စားပြီးသာ ပါပေးလိုက်.. 🙂 😉 ☻☺

    • char too lan

      October 22, 2010 at 6:43 am

      အန်တီဆူး ဝင်လှော်နေပြန်ပီ ဒီမှာခံနေရပါတယ်ဆိုမှ
      ဝိုင်းအနိုင်ကျင့်နေတယ် ငိုလိုက်တော့မယ်….. ဗြဲ……………..
      :'( :'(

  • အာဖျံ ကွီး

    October 22, 2010 at 8:20 am

    ဘာရယ် … ချာတူး နဲ. ကြောင်ကြီး ပြင်ဦးလွင်ကို ကော်ဖီထုတ်ဖို. သွားကြမရ် ဟုတ်လား … အော် … ချာတူးရေ … သိပ်လဲငိုမနေပါနဲ.ဟ … ဆူးကအရင်းအနှီးစိုက်ပေးလိမ့်မရ် … ဟာဟ …

  • ဆူး

    October 22, 2010 at 9:56 am

    ကော်ဖီစိုက်ခင်း အတွက် ခြံနဲ့ အိမ်ကို အာဖျံကွီး က ယောက္ခမခြံ ဆီတောင်းပေးမယ်တဲ့.. ချာတူးလန် စိတ်မပူနဲ့..
    အာဂျား…အာဂျား

Leave a Reply