သမ်းပြတာမဟုတ်ပါ
———————-
“ရှင် တော်တော် ရိုင်းပါလား ကျမရှေ့မှာ
ပါးစပ်ကို လက်ဝါးနဲ့မကာပဲ သမ်းပြတာ နှစ်ကြိမ်
ရှိသွားပြီ…”
“အထင်မလွဲပါနဲ့ဗျာ ကျနော် တစ်ခုခု
ပြောမယ်ကြံတိုင်း ခင်ဗျားက ရေပက်မ၀င်အောင်
ပြောနေတာကိုးဗျ ။”
++++++++++++++++++++++++++++++++++

ယောက်ျားဆိုတာ
——————-
“ဟော ဟိုထိုင်နေတဲ့လူဟာ ခုနက
ကျမကို တစ်ချိန်လုံးလိုလို စိုက်ကြည့်နေတာ
အခု မမရောက်လာမှ ခပ်တည်တည် နေဖော်
ရတော့တယ်”
“ဘယ်သူလဲ ဟိုလူလား အဲဒါ
မမ အမျိုးသားလေ ။”
+++++++++++++++++++++++++++++++

ဈေးပိုရအောင်လို့
—————–
“သမီးရေ ဟိုအဒေါ်ကပြောတယ် သမီးမောင်လေးကို
ရောင်းမလား ပိုက်ဆံ အမျာကြီးပေးမယ်တဲ့ ”
“ဟင့်အင်း မရောင်းဘူးမေမေ”
“ငါ့ သမီးကမောင်လေးကို သိပ်ချစ်တာ
ပဲကိုး”
“မဟုတ်ဘူးမေမေ ဒီထက်ပိုက်ဆံ
ပိုရအောင် နည်းနည်းကြီးလာမှေ၇ာင်းမလို့ ။”
+++++++++++++++++++++++++++++++++++++++++

ကင်မရာ မ၀ယ်နိုင်သူမို့
————————
“ဟိုလူကြီးဟာ ကန်တော်ကြီးစောင်းမှာထိုင်ပြီး
ပုံဆွဲနေတာဘာလုပ်ဖို့လည်း ဖေဖေ”
“အဲဒါ ရှုမျှော်ခင်းပုံကို ပန်းချီဆွဲနေတာ သားရဲ့
ကင်မရာမ၀ယ်နိုင်တော့လည်း ခုလိုပဲ အပင်ပန်း
ခံရတာပေါ့သားရယ် ။”
++++++++++++++++++++++++++++++++++++++++

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!