Zimbabwe Elephant trying to get some fruits(Open with mozilla firefox to see this post, if not can’t see it)

smytu1996October 20, 20101min876

ခြေစုံရပ်ပြီး သစ်ပင်ပေါ်မှ အသီးစားရဖို့ အတွက် ကြိုးစားနေတဲ့ ဇင်ဘာဘွေ တောအုပ်ထဲက ဆင်ကြီး

ဦးဦး မှော်ဆရာ မေးလ်ဂရု1.jpg

အသက် ၄ဝ ခန့်ရှိ ဆင်ထီးကြီးတစ်ကောင်သည် စတန့်ထွင် ဖန်တီးမှု တစ်ခုဖြင့်

သာမန်ဆင်များ တစ်ကောင်အနေဖြင့် သစ်ပင် ပင်စည်ကို
လှုတ်ခါပြီး အသီးရယူလေ့ရှိသော်လည်း သဘာဝကို လွန်ကဲလျက် သူကြားမြင်
သင်ကြားခဲ့ဖူးသောပုံစံဖြင့် အသီးခူးရန် ကြိုးစားနေခဲ့ခြင်း သတင်း ယနေ့
ကမ္ဘာ့မီဒီယာများတွင် ထူးထူးခြားခြားအဖြစ် ဖေါ်ပြလျက် ရှိနေသည်။

ဆင်ကြီး၏ လုပ်ဆောင်ချက်ကို ဇင်ဘီးယားနိုင်ငံ လိုးဝါးဇင်ဘယ်ဇီ အမျိုးသားဥယာဉ်
အိုးမွန်တို တောတွင်းစခန်း တွင်း စခန်းချလျက်ရှိသည့် အသက် ၂၈ နှစ်ရှိ
အန်တီနီမှ လျပ်တစ်ပြတ် ဓါတ်ပုံရိုက်ယူ ခဲ့ခြင်း ဖြစ်သည်။ ဥယာဉ်ထဲတွင်
တောတွင်းစခန်းချ နားနေကြသော ဧည့်သည်အများစုသည် မိမိတို့ အုပ်စုအလိုက်
စခန်းချနေကြစဉ် ဆင်ကြီး၏ အထင်ကြီးစရာ ကောင်းလောက်သော လုပ်ဆောင်ချက်ကို
အံ့ဩဖွယ် တွေ့ကြုံခဲ့ရခြင်း ဖြစ်သည်။

ဦးဦး မှော်ဆရာ မေးလ်ဂရု 2.jpg

ဆင်ကြီးသည် အဆိုပါ သစ်သီးပင်ကြီးပေါ်သို့ တစ်ကြိမ်တည်းသာ လှမ်းခူးရန်
ကြိုးစားခဲ့ခြင်း မဟုတ်ဘဲ အခြားသော သစ်ပင် အစိတ်အပိုင်းများကိုလည်း
ငါးကြိမ်တိုင်တိုင် ခူးယူရန် ကြိုးစားခဲ့သည်။

ဓါတ်ပုံရိုက်ယူခဲ့သော လူငယ်လေးမှ ပြောကြားခဲ့ရာတွင် “ကျွန်တော်သိသလောက်
ကျွန်တော်တို့ အရပ်ဒေသနားမှာ ဒီလိုဆင်မျိုးတွေဟာ ဘယ်တော့မှ အခုလို
သစ်သီးခူးလေ့မရှိပါဘူး။ သူကတော့ အခုလို ခူးတတ်နေတာ တစ်နေရာရာက မြင်ပြီး
သင်ယူလာတာ ဖြစ်ပါလိမ့်မယ်။ ဒီဆင်ကြီးက ဆင်ပျိုတွေ အုပ်စုရဲ့ ခေါင်းဆောင်
ဆင်တစ်ကောင်လဲ ဖြစ်ပါတယ်။ အာဖရိက ဆင်တွေဟာ ၁၃ ပေ အမြင့်အထိ
မတ်တပ်ရပ်နိုင်ကြပြီး ခြောက်တန်အထက် အလေးချိန်ရှိကြပါတယ်။ သူတို့ရဲ့
လွှသွားနဲ့ တူတဲ့ သွားလေးချောင်းဟာ အလေးချိန် ၁၁ ပေါင်အထိ ရှိပါတယ်။
အတိုင်းအတာ အားဖြင့် ၁၂ လက်မ ရှည်လားလေ့ ရှိပါတယ်။ သူတို့ရဲ့ နှာမောင်းတွေ
ကလည်း သူတို့ရဲ့ သွားတွေလိုဘဲ အသုံးပြုနိုင်ပါတယ်။ နှာမောင်းတွေရဲ့
အလေးချိန်က ပေါင် တစ်ရာအထိ ရှိနိုင်ပြီး အတိုင်းအတာအားဖြင့် ရှစ်ပေအထိ
ရှည်လျှားကြပါတယ်။ နှာမောင်းတွေမှာ အရိုးအဆစ် ပါဝင်ခြင်း မရှိဘဲ
ကြွက်သားပေါင်း တစ်သိန်းကျော် အခန်းတွေနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်။
ဒီကြွက်သားတွေရဲ့ ထောက်ကူမှုနဲ့ ဘယ်လောက်သေးငယ်တဲ့ ပစ္စည်းကို မဆို စွဲစွဲ
မြဲမြဲ ဆုတ်ကိုင်နိုင်တာကတော့ အံ့ဖွယ်ပါဘဲ။” ဟုပြောကြားခဲ့သည်။

6 comments

  • etone

    October 20, 2010 at 7:46 am

    အင်း ဟုတ်တယ် ပုံတွေမမြင်ရဘူး ။ ပုံလေးပါမြင်ရရင်ပိုပြီး ကောင်းမှာပဲ။

  • char too lan

    October 20, 2010 at 9:04 am

    photo photo photo
    မြင်ပါရစေ သယ်ရင်းရေ………………..

  • khinmintatthu

    October 20, 2010 at 9:25 am

    ပုံတွေမြင်အောင် ပြန်ပြီးတင်ပေးစေလိုပါသည် ခင်ဗျား… ပရိသတ်ကြီးရဲ့ တောင်းဆိုမှုလေးကို ပြန်လည်ဖြည့်ဆည်းပေးစေလိုပါသည်။

  • smytu1996

    October 20, 2010 at 10:30 am

    I already check to see the images..
    if use other browsers, u canot see it.
    Only i use mozilla, i can see all the image,
    Pls take care not to use googlecrome or Ie or safari, it will not ok .
    Thanks for all,,
    wth regards,
    smnn

Leave a Reply