ကူးစက်မြန် မျက်စိနာ ဝေဒနာ

ဆူးOctober 20, 20101min1446

မျက်စိနားခြင်းသည် အလွန်ကူးစက်တက်သော ဝေဒနာဖြစ်သော်လည်း ဂရုတစိုက်ဖြင့်ကုသပါက အလျင်အမြန် ပြန်လည်ကောင်းမွန် စေနိုင်ကြောင်း သိရသည်။ မုတ်သုံရာသီ ရောက်လာသည်နှင့် မျက်စိနာဝေဒနာ ဖြစ်ပွားလေ့ရှိပြီး ကူးစက်မြန်သည့် ဝေဒနာလည်းဖြစ်သည်ဟု ဆိုသည်။ မျက်စိနာဝေဒနာခံစားရပါက နေကာမျက်မှန်တပ်ထားခြင်းဖြင့် လူနာအနေဖြင့် မျက်စိကို ပွတ်ခြင်းမှ ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။

မျက်စိနာဝေဒနာ စတင်ခံစားရပါက မျက်စိယားယံ၍ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ မျက်ရည်နှင့် မျက်ချေးထွက်ခြင်း၊ မျက်သားနီခြင်းနှင့် မျက်ခွံများ ရောင်ကိုင်းခြင်းတို့ကို ဖြစ်ပေါ်လာလေ့ရှိသည်။ ထို့ပြင် အလင်းရောင်ကို မကြည့်နိုင်ခြင်းကိုလည်း ဖြစ်ပွားတက်ပြီး ဗိုင်းရပ်စ်ကြောင့်ဖြစ်သော မျက်စိဝေဒနာခံစားရသူတို့သည် အမြင်မှုန်ဝါးခြင်းကိုလည်း ခံစားရစေနိုင်သည်ဟု သိရသည်။ မျက်စိနာခြင်းသည် အသက်အန္တရယ်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိသော်လည်း ကူးစက်မှုပျံနှံ့လွယ်တက်သည့် ဝေဒနာဖြစ်သည်။ မျက်စိနာ ဝေဒနာခံစားနေရသူများသည် သီးသန့်ကိုယ်ပိုင် အသုံးအဆောင် ပစ္စည်းများကိုသာ အသုံးပြုသင့်သည်။ လက်ကိုင်ပဝါ သို့မဟုတ် မျက်နှာသုတ်ပဝါဖြင့် မျက်စိကိုတို့ခြင်း သုတ်ခြင်းပြုမည့်အစား တစ်ခါသုံးတစ်ရှူးကိုသာ အသုံးပြုသင့်သည်ဟု သိရသည်။

လူတို့၏ ကိုယ်ခံအားစနစ်က မျက်စိနာအလျင်အမြန်ပျောက်စေရန် အထောက်အကူ ပြုစေသည်ဟု ဆိုသည်။ မျက်စိနာခြင်းသည် သုံးရက်မှ ငါးရက်ခန့်သာ ရှည်ကြာတက်ပြီး ပဋိဇီဝဆေးနှင့် မျက်စဉ်းက မျက်စိယားယံခြင်းနှင့် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းတို့ကို သက်သာစေမည် ဖြစ်သည်ဟုဆိုသည်။

ဒီ အချိန်ဆို မိုးကုန်သလောက် ဖြစ်နေရမှာ.. မုန်တိုင်းတွေဘဲ ဝင်ဝင်နေပြီး မိုးကမစဲတော့ ရောဂါတွေ ကူးစက်နေတာ ဖြစ်မှာပေါ့။ ပတ်ဝန်းကျင်က လူတွေတောင် ရဲရဲ မကြည့်ရဲလောက်အောင်ကို အဖြစ်က ဆိုးနေတယ်။ အခုတလော မျက်စိနာနေတဲ့ လူတွေ သိပ်ပေါနေတယ်။ စာဖတ်သူတွေ အသိမိတ်ဆွေတွေ လတ်တလော မျက်စိနာတဲ့ ဝေဒနာ ခံစားနေရတဲ့ သူရှိရင် ဗဟုသုတများကို ဆရာလုပ်ပြီး ကောင်းစွာ ညွန်ကြားနိုင်ပါစေ။

Ref:The Flower News

6 comments

  • etone

    October 20, 2010 at 7:26 am

    အခုတလော မျက်စိနာတဲ့လူအတော်များပါတယ် တစ်ချို့ဆိုရင် မျက်စိကြီးတစ်ခုလုံးယောင်ပိန်းနေတတ်တယ် ။ ထူးခြားတာက နှစ်ဖက်စလုံးနာနေတဲ့လူများတာပဲ မျက်လုံးတစ်ခုက တစ်ခုကို ကူးပုံရတယ် ..။
    etone ကတော့မျက်စိနည်းနည်းယားလာရင် V.ROHTO လေး ခပ်လိုက်တာပဲ သူက တခြား မျက်စင်းဆေးတွေထက်ပိုပြီး ကောင်းတယ်လို့ထင်တယ် ။ သုံးနေကြဆိုတော့ ဘာဖြစ်ဖြစ် အဲ့ဒီမျက်စင်းက အဆင်ပြေတယ် ။ မျက်စိနာတဲ့လူကို မျက်နှာချင်းဆိုင်မကြည့်ရဘူး ဘာညာဆိုတဲ့အတွေးတွေက တကယ်တော့လုံးဝမှားပါတယ် ။ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီး မျက်စိနာတဲ့လူရဲ့ မျက်လုံးကို ကိုသွားမထိရင် ဘာမှမဖြစ်နိုင်ပါဘူး ။ လက်ကိုလည်း သန့်ဖို့ သတိထားပေးပေါ့ … ဒါဆိုရင် မျက်စိနာမကူးစက်နိုင်တော့ဘူး ။

  • Ba Gyi Taw

    October 20, 2010 at 9:00 am

    နောက်ထပ်ဆေးတမျိုး maxisporin ပါ ။ ရောင်းဈေး က ဒီမှာ (၂၄၀၀) ကျပ်ပါ ။

  • moethidasoe

    October 20, 2010 at 9:35 am

    မျက်စဉ်းတွေ သိပ် အရေးထားရင် နည်းနည်း ပြဿနာရှိပါတယ် ..
    အကောင်းဆုံးက လက်ပါ .. လူတုပ်ကွေးတုန်းကလဲ အဓိက ဂရုစိုက်ရမှာက လက် ဖြစ်ခဲ့ပါတယ် ..
    မျက်စိနာနေတဲ့လူက အခြားလူတွေကို မကူးစေချင်ရင် (စိတ်စေတနာလေးထားပြီးတော့)
    ကိုယ့်မျက်စိကို ကိုင်မိတဲ့အခါ အခြား ဘယ်ကိုမှ မကိုင်ခင် လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးပါ ..
    ဘာပြုလို့ဆိုတော့ အဲဒီလက်မှာ ပေကျန်သွားတဲ့ မမြင်နိုင်တဲ့ အညစ်အကြေးတွေ .. ဗိုင်းရပ်ပိုးတွေ ပါနေလို့ပဲ ..

    အဲဒီလိုပဲ မျက်စိ မနာသေးတဲ့လူတွေကလဲ မဖြစ်ချင်ရင် .. ကိုယ့်မျက်နှာ .. မျက်စိကို မကိုင်တွယ်မီ
    လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးပါ .. ဒါဆိုရင် ကာကွယ်ရေး အဆင်ပြေသွားမှာပါ ..

    ဖြစ်လာပြီဆိုရင်လဲ အရမ်းကာရော လက်နဲ့ ပွတ်တာကို မလုပ်မိဖို့ .. စပ်တာ နာတာ သက်သာစေတတ်တဲ့
    ရေခဲဖတ် တင်တာလောက်ကို အဓိကထား လုပ်ဖို့ အရေးကြီးပါတယ် ..

    ကြည့်ရုံနဲ့တော့ မကူးပါဘူး ..

  • khinmintatthu

    October 20, 2010 at 9:38 am

    ဒီရောဂါကလည်း ကူးစက်မြန်တဲ့ ရောဂါတစ်မျိုးပါ… ရောဂါဝေဒနာရှင်တစ်ဦးဆီကနေ အကောင်းပကတိတစ်ယောက်ဆီသို့ အလျင်အမြန် ကူးစက်နိုင်သောရောဂါဖြစ်သည်။ ထိုရောဂါမှာ ရာသီအကူးအပြောင်း၊ ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် ရောဂါဖြစ်ပွားနိုင်သည်…. မျက်စိနာရောဂါသည်များအနေဖြင့် ရာသီဥတုအကူးအပြောင်းနဲ့ အခုလို ရာသီဥတုဖောက်ပြန်နေမှုများတွင် ကိုယ့်ကိုယ်ကို ဂရုတစိုက်နေကြဖို့တော့ လိုအပ်ပါတယ်… ထိုမျက်စိနာရောဂါကိုလည်း မပေ့ါကြဖို့ သတိပေးအပ်ပါသည်… လူတွေမှာ အရေးအကြီးဆုံး ကိုယ်အင်္ဂါထဲမှာလည်း မျက်လုံးက အဓိကပါဝင်နေတာကြောင့် ပိုမိုဂရုစိုက်သင့်ကြောင်း အသိပေးအပ်ပါသည်။

  • doekalay

    October 20, 2010 at 9:49 am

    မျက်စိနာရင်ဆရာဝန်နှင့်ပြစေချင်ပါတယ်။ မျက်စိဟာအရေးကြီးတဲ့ အတွက်မိမိသဘော နဲ့ဘာမှမထည့်စေချင်ပါဘူး။

  • search123

    October 20, 2010 at 10:31 am

    မျက်စဉ်းတွေ က ခပ်တိုင်းလည်း မကောင်းဘူးလို့ကြာဖူးပါတယ်။ရေတိမ် ဖြစ်တတ်တယ်တဲ့။

Leave a Reply