အရိုးကျီးပေါင်းတက်ခြင်းအကြောင်း တစေ့တစောင်း(၁)

AKKOOctober 20, 20101min1367

ဒူးနာခြင်းသည် အရိုးကျည်းပေါင်းတက်ခြင်းကြောင့်ဟုတ်/မဟုတ်ဘယ်လိုသိမလဲ

အောက်ပါမေးခွန်းများအတွက် အဖြေအားလုံး သင့်အတွက် မှန်လျှင်သေချာသည်။ ၁နှစ်အတွင်း တစ်လဆက်တိုက် ဒူးနာဖူးပါသလား။ ၂ လှေခါးအတက်အဆင်း အခက်အခဲ ရှိပါသလား။ ၃ အခြားအဆစ်များမနာဘဲ ဒူးတစ်ဖက် (သို ့) နှစ်ဖက် ကသာ အဓိကနာပါသလား။

ရောဂါသေချာအောင် ဘာလုပ်နိုင်သေးသလဲ

ဒူးကိုဓါတ်မှန်ရိုက်ကြည့်ခြင်းဖြစ် အဆစ်အတွင်း အကွာအဝေး လျှော့ကျသွားခြင်း အရိုးများပိုဖြူ လာခြင်း အရိုးအတက်ထွက်ခြင်း စသည့် သွင်ပြင်များကိုသိရှနိုင်ပါသည်။ သို ့သော် ဓါတ်မှန်တွင် ကျည်းပေါင်းတက်သွင်ပြင်ရှိသော သူတိုင်းနာကျင်မှုမရှိပါ။ ရောဂါလက်ခဏာနှင့်ဓါတ်မှန်တွေ ့ရှိချက် ကို်ညီမှသာ အလေးထားကုသရန် လိုသည်။

ရောဂါလက်ခဏာများ

ဒူးနာ ခါးနာ ဇက်ကြောနာခြင်း မနက်အိပ်ယာထစတွင် သိပ်မနာသေးဘဲ  အဆစ်ကို အသုံးများပြီးသောအချိန် ညနေစောင်းတို ့တွင် ပိုနာခြင်း ကြာလာလျှင် အဆစ်၏ ကွေ ့နိုင်ဆန် ့နိုင်စွမ်း လှည့်နိုင်စွမ်းကျဆင်းပြီး အဆစ်ခိုင်လာခြင်း ကိုင်ကြည့်လျှှင် အဆစ်တွင်း အရည်ဝင်နေခြင်း နာခြင်း အရိုးချင်း ပွတ်သံခံစားနိုင်ခြင်းတို ့တွေ ့ရမည်။ အခြားလေးဖက်ိနာ အဆစ်ရောင်သမားများတွင် တွေ ့ရှိရသော သွေးစစ်ချက်တို ့သည် မြင့်တက်လေ့မရှိပါ။

7 comments

  • ဆူး

    October 20, 2010 at 8:44 am

    ဆရာ.. ဒီတော့ပစ်နဲ့ တိုက်ရိုက်မသက်ဆိုင်ပေမဲ့ နီးစပ်တဲ့ မေးခွန်း မေးချင်တယ်။ အသက်အရွယ်ကြီးပိုင်း အမျိုးသမီးတွေက အရိုးပွ ရောဂါ ခံစားကြရတတ်တယ် ဆိုတော့ အရိုးပွ ရောဂါ မဖြစ်အောင် ဘယ်လို ဓါတ်စာမျိုးစားသင့်လဲ။
    နို့နှင့် နို့ထွက်ပစ္စည်းများနှင့် ထုတ်လုပ်တဲ့ နို့မှုန့် နွားနို့ တို့ နေ့စဉ် သောက်သုံးသင့်ပါသလား။
    နို့မှုန် ထဲမှာတော့ အသက် ၅ဝနှစ် အထက် လူကြီးပိုင်းသောက်တဲ့ Anlene 50+ နို့မှုန့်ကတော့ အရိုးပွ ရောဂါအတွက် ကာကွယ်တယ်လို့ ကြေညာတာတွေ့ပါတယ်။ တရုတ်က လာတဲ့ နို့မှုန့် ဖြစ်မှာ စိုးရိမ်တယ်.. ဆိုင်သမားကတော့ စင်္ကာပူလို့ ပြောတာဘဲ။ ထားလိုက်ပါတော့.. တကယ်လို့ နို့မှုန့် သို့မဟုတ် တခြား ဓါတ်စာ မှာ စိတ်ချ လက်ချ နေ့စဉ် စားသင့်တာလေး ပြောပြပေးပါ။ မြန်မာပြည်မှာ အလွယ်တကူ ဝယ်ယူ နိုင်တာမျိုး ဆိုရင် ပိုကောင်းမယ် ထင်ပါတယ်။

    ဆရာ ပထမဆုံး ပိုစ်မှာ ကျန်းမာရေး မေးချင်ရာမေး ဆိုတာ လေး တွေ့မိလို့.. အခု မေးလိုက်ပါသည်။

  • char too lan

    October 20, 2010 at 10:18 am

    ဆူးရေ……….
    မေးတာမေးရတယ် ဒေါက်တာကပြန်မဖြေဘူးဗျ
    🙁

    • draungkyawkyawoo

      November 2, 2010 at 2:42 am

      ကိုချာတူးလန်ရေ ဆရာမသုံးဖြစ်လို့မရေးဖြစ်တာပါ ။ အခုတော့စာပြန်ပြီးပါပြီနော်။

  • ဆူး

    October 20, 2010 at 10:26 am

    မဖြေတော့လည်း မဖြေဘူးလို့ဘဲ မှတ်တမ်းတင်ထား လိုက်ပါတယ်။

  • mg wine

    December 7, 2011 at 9:29 pm

    အဲဒီနို့မုန့်သောက်ပြီး အရိုးပွတာတော့ သက်သာသလားဘာလားမသိဘူး
    ဝလာတယ်လို့တော့ သောက်ဖူးသူ ဝေဒနာရှင်ကပြောပြပါတယ်

  • windtalker

    December 7, 2011 at 9:36 pm

    သေချာ ဖတ်သွားပါတယ် ဒေါက်တာ
    အခုထိတော့ ဒေါင်ဒေါင်မြည်နေတုန်းဘဲ
    ကျန်းမာရေး ရယ်လို ့သီးသန် ့မလိုက်စားဖြစ်ပေမယ့်
    တတ်နိုင်သမျှလေးတွေ ဆင်ခြင်ရအောင်
    ကျန်းမာရေးဆောင်းပါးလေးတွေ ဆက်ရေးပေးပါဦးဗျ

Leave a Reply