အရိုးကျည်းပေါင်းတက်ခြင်းအကြောင်း တစေ့တစောင်း(၂)

AKKOOctober 20, 20101min601

ကုသမှုနည်းလမ်းများ

(၁) အကိုက်အခဲပျောက်ဆေးစားခြင်း(NSAID)

လောလောဆယ်နာနေသော ဒုက်ခကို ပယ်ရှားပေးပါသည်။သို ့သော် အစာအိမ်လေနာရှိသူ များ အစာအိမ်သွေးယိုဖူးသူများအနေဖြငိ့ ဆရာဝန်နှင့် ကိုယ်တိုင်တိုင်ပင်ပြီး သောက်သင့်ပါသည်။

ယခုအခါ အစာအိမ်ကို ထိခိုက်မှု နည်းစေသော အကိုက်အခဲပျောက်ဆေးသစ်များပေါ်လာပြီ ဖြစ်သဖြင့် ရေရှည်အတွက် သုံးစွဲသင့်ပါသည်။ (ဥပမာ- Meloxicam, rofecoxid)

(၂) ရောဂါဟန် ့တားဆေးစားခြင်း

အဓိကပြသာနာမှာ အရိုးနုပါးပြီူး အဆစ်ရိုးတွင်အက်ကြောင်းထင်ကာ ကျည်းပေါင်းပြန်တက် ရာမှ မျက်နှာပြင် မညီမညာဖြစ်ပြီး အရိုးခြင်းပွတ်ကာ နာခြင်းဖြစ်သည်။ ယခုအခါ အရိုးနုကိုပြန်ထူစေ သော ဆေးပေါ် လာပြီဖြစ်သဖြင့် ရောဂါကို ဟန် ့တားနိုင်ပြီး အကိုက်အခဲပျောက်ဆေးရည်များ ရေရှည် သုံးစွဲနေရမှုကို ကာကွယ်နိုင်ပါပြီ။

(ဥပမာ- Glucosamine, 750-1500mg/dayx2လ)

(၃) ခွဲစိပ်ကုသခြင်း

အရိုးကိုပြန်တည့်ပေးခြင်း၊ အဆစ်အစားထိုးခြင်းဖြင့် အိပ်ယာထဲလဲနေသောသူကို လမ်ပြန်လျှောက်နိုင်အောင် လုပ်ပေးနိုင်ပါသည်။

(၄) ထောက်ကူပစ်စည်းသုံးခြင်း

ဒုတ်ကောက် လည်ပင်းကော်လာ ဖိနပ်အောက်ခတို ့ကို စနစ်တကျသုံးလျှင်ကောင်းသည်။

(၅) လေ့ကျင့်ခန်းပြုလုပ်ခြင်း အနေအထိုင် ဆင်ခြင်ခြင်း

အရေးအကြီးဆုံးဖြစ်သည်။ နာတာရှည်ရောဂါဖြစ်သဖြင့် ရောဂါနှင့်နေတတ်အောင် လေ့ကျင့် သွားဖို ့လိုပါသည်။ကြားတွင်သွားရည်စာမစားရ။ အသားစားပါ။ အဆီစမ်မစားရ။ ဒူးဘေးရှိကြွက်သား များသန်မာလာအောင် ဒူးလေ့ကျင့်ခန်းလုပ်ပါ။ စိတ်ပါလျှင် တခါတည်း အကြာကြီးလုပ်ပြီး စိတ်မပါလျှင် မေ့ထားခြင်းမျိုးမရပါ။ နေ ့စဉ်အကြိမ်ရေနည်းနည်းနှင့် မှန်မှန်မပျက်လုပ်ရမည်။

ဒူးကွေးထိုင်ခြင်းသည် အဆစ်ပေါ်တွင် ဒါဏ်ဖြစ်စေသဖြင့် တတ်နိုင်သမျှရှောင်ပါ။ ဘုရားရှိခိုးခြင်း တရားထိုင်ခြင်း အိမ်သာတက်ခြင်းတို ့တွင် ပဆစ်ကုပ်ထိုင်ခြင်း တင်ပလင်ခွေထိုင်ခြ်င်း ဆောင့်ကြောင့်ထိုင်ခြင်းတို ့ကို ရှောင်လွဲပြီး ကုလားထိုင် ခွေခြေတို ့ကို အသုံးပြုပါ။

One comment

  • ttm

    February 1, 2012 at 11:04 am

    အရိုးကြီးပေါင်းတက်ရောဂါကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲသိရင်ပြောပြကြပါ။

Leave a Reply