မှင်စာခြောက်သံ

etoneOctober 20, 20101min23330

ငယ်ငယ်ကတည်းက ဖြစ်ပျကခဲ့တဲ့အဖြစ်ပျက်ဆိုပေမဲ့ အခုထက်တိုင်နားထဲစွဲနေတဲ့ အသံလေးတစ်ခုရှိတယ်

“ငါတို့လည်းစားမယ် … ငါတို့လည်းစားမယ်… ငါတို့လည်းစားမယ် … ဟေးးးးးးးးးးးးးးးးးးးးးးးးးးးး ငါတို့လည်းစားမယ်တဲ့… ” ကလေးပိစိလေးတွေ အသံသေးအသံကြောင်နဲ့ အုပ်စုဖွဲ့အော်သံပါ ။ ကြောင်ပေါက်လေးတွေအော်တဲ့ အသံမျိုးလေးလိုလိုပဲ … ။ ကြောင်လေးတွေစကားပြောတတ်လို့အော်ရင် အဲ့ဒီလို အသံထွက်ပါလိမ့်မယ် ။

**********************************************

Etone ငယ်ငယ်က ခြံထဲမှာပဲ ထမင်းစားခဲ့တာ … ။ခြံကလည်း မှော်ဘီတို့ ၊ ထောက်ကြံတို့ကလိုမျိုး တောအုံကြီးတွေအပင် အိုကြီးတွေမများပါဘူး ။ အရိပ်ရ ဗံဒါပင်ရယ် ၊သရက်ပင်ရယ်၊ အလှပန်းပင်နည်းနည်းရယ်၊ အိမ်နောက်က ဘောလုံးပန်းပင်ကြီးရယ်၊ အုန်းပင် သုံးလေးပင်လောက်ရယ်ပါ ။ ပြောရရင် အရိပ်ရပေမဲ့တောကြီးလိုထူထပ်နေတာမဟုတ်ဘူးပေါ့ ။ခြံဖွဲ့စည်းပုံကလည်း သာမန်ပါပဲ …။ အဘေးတွေ ခေတ်ကတည်းက နေလာခဲ့တဲ့ခြံကြီးပါ ။ စမ်းချောင်းမြို့နယ် ၊ အောင်သပြေလမ်းနဲ့ မဟာမြိုင်လမ်းဒေါင့်ကခြံပေ့ါ .. အခုတော့လည်းပိုင်ရှင်သစ်တွေက ပြင်ဆောက်ပြီး တိုက်နှစ်လုံးရအောင်ဆောက်ထားပါတယ် … ကြားမိတာတော့.. ကလေးထိန်းကျောင်းလား ။ preschool လားဖွင့်တယ်ဆိုပဲ။

Etone ငယ်ငယ်က ထမင်းကျွေးရခက်လွန်လို့  ခြံထဲမှာဆော့ရင်ထမင်းကျွေးတဲ့အလေ့ကိုမေကြီးက လုပ်ထားပါတယ် ။ ထမင်းစားချိန်ဆိုရင် ဝေ့လည်ကြောင်ပတ်လုပ်ပြီး ဟိုပုန်းဒီပုန်းလုပ်နေတတ်လို့ မြင်သာတဲ့ခြံထဲမှာ ကစားစေပြီး ထမင်းကျွေးတာပါ ။ ကြိုက်တတ်တဲ့ဟင်းတွေ ချက်ကျွေးပြီး အမျိးမျိူးစားအောင် ကျွေးပါတယ် ။  ဒီနေ့လည်း မေကြီးက အမဲသားကြော်နှပ်လေးလုပ်ပေးပြီး ထုံးစံအတိုင်း ထမင်းကျွေးဖို့ လက်ကိုဆွဲပြီး ခြံထဲခေါ်လာပါတယ် ။ ခြံထဲမှာခုန်ပေါက်ကစားနေတဲ့ သမီးနောက်က မေကြီးက လည်း တောက်လျှောက်လိုက်လို့ပေါ့.. ခွံ့လိုက် ပြေးလိုက် နဲ့ကျွေးရတာပါ ။ Etone အစ်ကိုကတော့ အိမ်အပေါ်ထပ်က အခန်းမီးတွေလိုက်ဖွင့်နေတဲ့အချိန်လေ ။ သူက မှောင်ရင် ခြင်ကိုက်တယ်ဆိုပြီး အမြဲတမ်း မီးတွေလိုက်ဖွင့်နေတတ်တဲ့လူပေါ့ ။

မေကြီးကိုစချင်လို့ ခြံနောက်က ဘောလုံးပန်းပင်ကြီးနဲ့ကွယ်ပုန်းနေမိတယ်… ။ မေကြီးကလည်း ခေါ်တယ်” သမီးရေ လာစားဟေ့… ” ” မစားချင်ရင် သူများကို ကျွေးလိုက်မှာနော် ။ ” etoneက သူများကိုကျွေးမယ်ဆိုရင် မကြိုက်ရင်တောင်လုစားတတ်တာသိနေတော့ မေကြီးက ပြောနေကြပါ ။

ဒီတစ်ခါတော့ဖြစ်ချင်တာဖြစ် လုံးဝမထွက်ဘူးလို့ စိတ်တင်းထားပြီး ပုန်းမြဲပုန်းခဲ့တယ် … အချိန်က ညနေစောင်းပေါ့ … ခြောက်နာရီထိုးခါနီး (နာရီတောင်မကြည့်တတ်သေးပါဘူး ရှိတာမှ 4နှစ်လောက်ပဲရှိသေးတာ … လူကြီးတွေပြောတဲ့အချိန်ကိုမှတ်ထားတာ) ကိုယ်ကလည်းပုန်းနေတော့ မေကြီးက တစာစာအော်ခေါ်တယ် .. မစားရင် သူများကိုကျွေးလိုက်မယ်ဘာညာပေါ့… ။ လေးငါးခွန်းခေါ်သည့်တိုင် ပုန်းနေမိတယ် ။ …

သိပ်မကြာပါဘူး ..လေလှိုင်းထဲက အသံတစ်သံကြားမိတယ် …. ” ငါတို့လည်း စားမယ် …ငါတို့လည်း စားမယ် … ဟေးးးးးးးးးးးးးးးးးးးးးးးးးးးး ငါတို့လည်းစားမယ်တဲ့ ” ကလေးအော်သံလိုလို ကြောင်အော်သံလိုလို ညှောင်နာနာအသံနဲ့  အုပ်စုလိုက်နောက်က ပြေးလာပြီး အော်တဲ့အသံမျိုးပါ … တညီတညာစာဆိုသံနဲကလည်း ဆင်ပါတယ် ။ ခဏတော့ မှင်သက်ပြီးနားထောင်နေမိတယ် နောက် အသံက တစ်ခါအော်ရင် သုံးခွန်းအော်ပြီး အဆတ်မပြတ်ဖြစ်လာတဲ့ အချိန်မှာတော့ မိသားစုထဲကအသံမဟုတ်မှန်းသိလိုက်ပါပြီ ။ တခြား ဘေးအိမ်ကအသံလည်းမဖြစ်နိုင်တာသိပါပြီ… ။ပိုပြီးသေချာသွားတာကတော့…. သရဲခြောက်ခံရခြင်းပါ …တနည်းအားဖြင့်မှင်စာ ခြောက်ခံရတာပေါ့… ။ အိမ်မှာရှိတဲ့ မိသားစု (၃ယောက်)ကြားလိုက်ရပါတယ် ။ အိမ်အပေါ်ထပ်က မီးချောင်းတွေလိုက်ဖွင့်နေတဲ့အစ်ကိုရယ် … ခြံထဲမှာ သမီးပျောက်ကိုရှာနေတဲ့အမေရယ် ၊ သစ်ပင်နဲ့ကွယ်ပုန်းနေတဲ့ etone ရယ်အားလုံး ပီပီသသ ကြားလိုက်ရတာပါ ။ တခြားအိမ်သားတွေကတော့ ပြန်မရောက်သေးလို့ ဒီအဖြစ်ပျက်ကို မသိလိုက်ရပါဘူး။ သစ်ပင်နောက်မှာကွယ်နေတဲ့etone လည်း ရှိသမျှအားကိုစုစည်းပြီး ရင်တုန်ပန်းတုန်နဲ့ အိမ်ထဲတစ်ချိုးထဲဝင်ပြေးပါတော့တယ် ။ မေကြီးလည်း နောက်ကနေ အပြန်အိမ်ထဲဝင်လာတာတွေ့လိုက်ပါတယ် … လက်ထဲမှာတော့ပန်းကန်ကိုင်မထားပါဘူး … ယောင်ပြီးပစ်ချပေးလာပုံပါ…  အိမ်အပေါ်ထပ်က အစ်ကိုကလည်း ဒရောသောပါး လှေးခါးက ပြေးဆင်းလာပါတယ် ။ သားမိသုံးယောက်ဆုံတော့မှ မေးကြီးက ဖက်ထားပေးတယ် ခဏကြာတော့… ရေတိုက်ပြီး ပြေရာပြေကြောင်းလျှောက်ပြောပါတယ် … ဘေးအိမ်က ကလေးတွေစတာဘာညာပေါ့…  သိတယ်မို့လား etone လည်းခေသူမှမဟုတ်တာ …  ခဏခဏအလည်သွားနေတဲ့ ဘေးအိမ်မှာ ဘယ်ကလေးမှမရှိဘူး ဆိုတာရယ် … ။ တခြားအိမ်သားတွေပြန်လာတော့မေကြီးပြောပြတာရယ်အရ  မှင်စာခြောက်ခံရခြင်းပါ … ။ တစ်သက်မှာ တစ်ခါဆိုသလို မှတ်မိနေခဲ့တဲ့ မှင်စာအသံလေးကတော့ ဘယ်တော့မှပျောက်ပြယ်သွားမှာမဟုတ်ပါဘူး ။

30 comments

  • ဆူး

    October 20, 2010 at 11:16 am

    သူငယ်ချင်းရဲ့ ကိုယ်တွေ့ ဖြစ်ရပ်ကို အားပေးသွားပါသည်။ စာအရေးအသား ကောင်းပါသည်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 20, 2010 at 12:23 pm

    ကြော်ငြာဝင်ဦးမှ
    နောင်များမကြာမီမှာ ကျွန်ုပ်မိုက်ကယ်ဂျော်နီအောင်ပု သရဲများကို ဆော်ပလော်တီးခဲ့ပုံတွေကို တင်ဆက်ပါဦးမယ်
    အမှန်အကန်တွေနော် အင်မဟုတ်ဘူး

  • ဆူး

    October 20, 2010 at 12:28 pm

    အင်မဟုတ်သောာ ဇတ်လမ်းများ ဖတ်ရှူ အားပေးသွားမည်။
    မှတ်ချက-် အဘွားကြီး ချီး မပါခိုင်းနဲ့တော့နော်..

    • etone

      October 21, 2010 at 3:35 am

      ဆူးပြောတာဟုတ်တယ် ။ အဖွားကြီးဇာတ်လမ်းလိုတော့မလုပ်နဲ့နော် ။

  • snique

    October 20, 2010 at 3:01 pm

    အသံဆိုတော့ စိတ်ဝင်စား တယ် ကျွန်တော့်ကို သေချာ ပြောပြနိုင်မလား ဟင် တစ်ခြားလောက သားတွေရဲ ့ အသံ ကို ကြားလိုက်တယ်ဆိုတော့ နားနဲ ့ကြားတာလား စိတ်ထဲက ကြားလိုက်တာလားလဲ သိချင်လို ့ပါ။ ဒီလိုလေ လူ နားရဲ ့ လက်ခံနိုင်စွမ်း megahertz က အဲဒီလို တစ်ခြားလောကသား တွေ အသံမကြားနိုင်ဘူး လို ့သိထားလို ့ပါ။ ကြောက်ပေါက်လေးတွေ အသံနဲ ့ဆင်တယ်ဆို တာ ကတော့ သိလိုက်ပြီ။ ပြီးတော့ နောက် တစ်ခေါက် အော် ၃ ခွန်းထွက်တယ်ဆိုတာ က ဟိုလေ reverb effect ထည့်ထားသလို လား ဒါမှ မဟုတ် သုံးယောက်ပြိုင်အော် သလို ကိုပြောတာလား ဟင်၊ ကန် ့လန် ့တိုက်တာ မဟုတ်ဘူးနော် ကျွန်တော် က အသံပိုင်းစိတ်ဝင်စား တဲ ့သူ အသံနဲ ့လဲ အလုပ်လုပ် နေ တဲ ့သူမို ့လို ့ မေးကြည့်တာပါ။

    • etone

      October 21, 2010 at 3:46 am

      သေချာရေးထားပါတယ်… အသံနဲ့ကြားတာပါ နားကကြားတာမျိုးပါ စိတ်ထဲမှာကြားတာထင်တာမဟုတ်ပါဘူး ။
      သဘာဝလွန်ဖြစ်ရပ်တစ်ခုအနေနဲ့ အဲ့ဒီအချိန်ကတည်းက လက်ခံခဲ့တာလေ ။ အသံအားဖြင့်ပေးပြီးခြောက်လှန့်တာမဟုတ်ပေမဲ့ သူတို့လည်းစားချင်လို့ အသံပေးတာပါ …။ ( စားလည်းစားချင်မှာပေါ့ မေကြီးက ဟင်းချက်ကောင်းတာကိုး 😀 ကြော်ငြာဝင်တာ ) အသံက တစ်ခါအော်ရင် သုံးကြိမ်စီကြားရတာပါ … အသံပြိုင်စာအော်တဲ့အသံမျိုးလေးပါ ။ တက်ညီလက်ညီ တပြိုင်နက်သုံးကြိမ်အော်တာမျိုးပါ … မှတ်မိတာကတော့ နားထောင်လို့ကောင်းပါတယ် …။ နားထောင်နေယုံနဲ့ လူသံမဟုတ်တာလည်း သိနိုင်ပါတယ်… ကြောင်က စကားပြောတတ်ပြီး လူလိုပြောသလိုဆင်ပါတယ် … ။

  • kopauk mandalay

    October 20, 2010 at 3:42 pm

    သူရဲ အမျိုးမျိုးထဲမှာ တစ်ချို့က အသံဘဲပေးနိုင်တယ်။ ဝါနုတဲ့ သူရဲပေါ့။
    တစ်ချို့ကတော့ ကိုယ်ထင်ပြနိုင်တယ် သူကတော့ ဝါရင့်တဲ့သူရဲပေါ့။
    အသံစိတ်ဝင်စားသူဆိုတော့ ပြောလိုက်ပါအုံးမယ်။
    တစ်ခါက သတင်းတစ်ပုဒ်ထွက်လာပါတယ်၊။
    ရှေးက ဘုရားတွေ တရားဟောတဲ့အသံကို လေထဲကနေပြန်ဖမ်းမိတယ်ဆိုလားဘဲ။
    ဖြစ်နိုင်ပါသလားလို့ သိသူက ဖြေစေချင်ပါတယ်။

    • ဆူး

      October 21, 2010 at 3:35 am

      လေးပေါက် မေးတဲ့ မေးခွန်း ဆူးဖြေပေးမယ်.. သမာဓိအား သိပ်ကောင်းလွန်းရင် သူကိုယ်ပိုင် သမာဓိအားနဲ့ အတိတ်အချိန်ကို သမာဓိအားနဲ့ ပြန်ပြီး နားထောင်တာ ဖြစ်ပါလိမ့်မယ်။ ဘုရားဟောတွေ ဘာတွေလဲ ဆိုတာ အသံနဲ့ နားထောင်ကြည့်လို့ ရသလို ဘုရား ဆိုတာ ဘယ်လိုပုံလဲ ဆိုတာ သူသမာဓိ အားနဲ့ ကြည့်လို့ရပါတယ်။
      ဘုရားညီတော် အရှင်အနုရုတ္တာ သမာဓိအားတွေ ဘယ်လောက် ကောင်းလဲ ဆိုရင် ကမာ္ဘ ၄ဝ အထိ ပြန်ကြည့်နိုင်တယ်။ အဲဒီ မာန်ကလေးကြောင့် တရားမရလို့ ရှင်သာလိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဆုံးမတော့မှ တရားရသွားတယ် ဆိုတာ ကြားဖူးပါတယ်။ (ကြားဖူးတဲ့ နေရာကတော့ ကျော်ဟိန်းကို အရှင်နန္ဒမာလာဘိဝံသ ဟောတဲ့ စကားတွေ ထဲမှာပါ။)
      သမာဓိအား ဘယ်လောက် ကောင်းသလဲ ပေါ်မူတည်တယ်။ ကမာ္ဘကြီး ကိုတောင် ပြောင်းပြန် လည်အောင် လုပ်နိုင်ပါတယ်။ အဲဒီလို သမာဓိ အားကောင်းသူတွေ သူတို့ ဖြစ်ချင်တာတွေကို လုပ်နိုင်တဲ့အတွက် သူတို့ကို စေတလုံး ပိုင်ရှင်လို့ မှတ်ယူပြီး မသေတော့ဘူး ဆိုပြီး ယုံကြည်ပြိး အတ္တဝါဒတွေ ဖြစ်လာကြတာပါ။ သမာဓိ အားမှာ အလွန်တရာ ထူးချွှန်သူဟာ သေရင်လည်း ကမာ္ဘနဲ့ချီ အသက်ရှည်တဲ့ ဗြဟ္မဖြစ်တဲ့အတွက် သူတို့ အယူအဆတွေ ခိုင်မာလာကြတာ။ ပြောရင်းနဲ့ ဇတ်တော်တွေ အကုန်ရေးမိသွားအုန်းမယ်။ ဝိဇ္ဇာ ဆိုတဲ့ ပုဂိ္ဂုလ်တွေကလည်း ဒီလိုဘဲ သူတို့တော့ ဗြဟ္မဖြစ်နိုင်လောက်တဲ့ သမာဓိတော့ မရသေးဘူး သို့သော် သူတို့ ရဲ့ အားထုတ်မှု အား အတော်ကောင်းတယ်လို့ ပြောရမလား.. သူတို့ မှာ သံယောဇဉ် များတဲ့ အတွက် အထက်မရောက် အောက်မရောက် နတ် မဟုတ် ပြိတ္တာထက် မငယ်တဲ့ အဆင့် ဖြစ်နေကြတာပေါ့.. လွယ်လွယ်ပြောရရင်တော့ ပြိတ္တာ အကြီးစားပေါ့.. သူတို့ သမာဓိအားနဲ့ ပြိတ္တာတို့ ခံကြရမဲ့ ဝဋ်တွေ မခံရအောင် သူတို့ နေနေကြရတာ။

    • snique

      October 24, 2010 at 5:33 am

      ဟုတ် အကို အဲဒီကိစ္စ ကျွန်တော်လဲ ကြားလိုက်ပါတယ် သဘာဝ အရ ဆိုရင်မဖြစ်နိုင်ပါဘူး ဒါပေမဲ့ time slip ဆိုတဲ့ ကိစ္စ တစ်ခု ရှိနေတာ အကို တို ့လဲ သိမှာ ပါ တစ်ခါတစ်ခါ ဟို အရင် က အဖြစ်အပျက်တွေ ကို ့ရှေ ့မှာ ပေါ်တင်ကြီးလာဖြစ်ပျက်နေတာ မျိုးတွေလေ ဖြစ်ရပ်တွေ တော့အများ ကြီးရှီတယ်ဗျ ကျွန်တော် သေချာမမှတ်မိတော့ လို ့ ထည့်မရေးတော့ပါဘူး အကြမ်းအားဖြင့် ပြောရင် အဲဒီအချိန်တုံး က ဖြစ်ခဲ့ တဲ့ mental wave တွေက အဲဒီနေရာ မှာ ရှိနေတုန်းပါ ပဲ။အဲဒီ wave တွေကို ပြန်ပြီး absorbing လုပ်နိုင်မဲ့ mind freak တစ်ယောက်ဖြစ်ခဲ ့ရင်တော့ ရမယ် ထင်ပါရဲ ့။ သိပံ ပညာ နဲ ့တော့ အခုထိမမိ သေးဘူး လို ့သိထားပါတယ်။ အဲဒါတွေကို ပြန်လိုက်ဖမ်းနို်င်တဲ့ ပညာလဲ တော့ ကျွန်တော် မသိသေးဘူး ခင်ဗျ။

  • Gong Zhu

    October 20, 2010 at 5:18 pm

    မှင်စာဆိုတာ ဘယ်လိုမျိုးလေးလဲ … သေးသေးလေးလား …

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 21, 2010 at 2:31 am

    (ရှေးက ဘုရားတွေ တရားဟောတဲ့အသံကို လေထဲကနေပြန်ဖမ်းမိတယ်ဆိုလားဘဲ )
    အဲ့ဒါကတော့ ဒီလိုရှိတယ်ခင်ဗျား ဥပမာ အသံတစ်ခုကို ပြုလိုက်ရင် တန်ပြန်အသံဆိုတာရှိပါတယ် အက်ကိုးသံလို ့
    လွယ်လွယ်ပြောလို ့ရပါတယ် ဟေး လို ့အော်လိုက်ရင် းးးးးးးးးးးးးးးးးးးးး ဆိုတဲ့အသံဆိုတဲ့ပဲ့တင်သံဟာ အချိန်တစ်ခုထိတုန်ခါနေတတ်ပါတယ်
    ဒီတော့ကာ ဩဇာရှိလှတဲ့ ဘုရားရှင်ရဲ ့အသံတော်ဟာ စင်္ကြာဝဠာ ထဲမှာ ပဲ့တင်သံအဖြစ်ဖြင့် ရှိနေနိုင်သေးတယ်လို ့ သိပ္ပံပညာရှင်တွေက ယူဆခဲ့ကြပြီး
    ဒီပဲ့တင်သံကို ရှာဖွေကြည့် ဘို ့ကြိုးစားနေကြတယ်ဆိုလား။

  • bigcat

    October 21, 2010 at 2:44 am

    အီတုံးလုပ်တာနဲ့ ကျုပ်ဝယ်ထားတဲ့ အိမ်နဲ့ခြံတော့ ဈေးကျပါပြီ။

    • ဆူး

      October 21, 2010 at 3:43 am

      ဆူးပြန်ဝယ်မယ် ညနေညနေ ပျင်းနေတာ အပျင်းပြေ ဆော့ဖို့ အဖော်ရတာပေါ့… စိန်ပြေးတမ်းတို့ တူတူပုန်းတမ်း တို့ ကစားဖို့ သူငယ်ချင်းတွေက အသက်ကြီးကုန်လို့..

  • draungkyawkyawoo

    October 21, 2010 at 5:26 am

    ငယ်ငယ်ကအတွေ့ ကြုံပေါ့ … ။ ဒါတွေလည်းဖြစ်တတ်ပါတယ် ။ လောကကြီးက ဆန်းကြယ်တာကိုး ။

  • moethidasoe

    October 21, 2010 at 5:58 am

    အိတုံက ဗိမ္မိသာရနဲ့ အမျိုးတော်တယ်နဲ့ တူတယ် .. ပြိတ္တာတွေရဲ့ တောင်းဆိုသံကို ကြားခဲ့ရတာ ..
    ဘဝတကွေ့မှာ တွေ့ခဲ့ဘူးတဲ့ အမျိုးတွေ မကျွတ်မလွတ်သေးတာတွေက .. ကိုယ်ထင်မပြသော်လဲ
    အသံပြုပြီး တောင်းဆိုတယ် ဆိုတာ ဘုရားဟော ရှိခဲ့တာပဲ .. အမျှဝေလိုက်ပါကွယ် .. အမျှ အမျှ အမျှ ..

  • char too lan

    October 21, 2010 at 8:25 am

    bar pe` pyit pyit sate win sar sa yar kg tal
    Ba Gyi Pu yay mal. post tway ko le` south nay par tal
    Suu pw ta lo tot ma lote par ne`. naw
    kya naw tar Etone nay yar mhar so taw taw kyuth twarr mhar
    kya naw ka ta say kyuth tal bya ! 😀

  • Harry2010

    October 21, 2010 at 8:27 am

    Etone , ကျွန် တော် အရင် တုန်း က ၆၉ အောင်သပြေ လမ်း မှာ နေ တာ, Etone တို့ဘေး အောက် ဘက် က ၂ ထပ်အိမ် မှာနေတာ။ ကျွန် တော် တော့ သရဲ ခြောက်တယ် လို့မ ကြားမိဘူး။

    • etone

      October 21, 2010 at 9:27 am

      အင်း ဟုတ်ပါတယ် အဲ့ဒီနေရာက ဘယ်တုန်းကမှ ဘာမှခြောက်တယ်လို့အသံမထွက်ပါဘူး ။ အခုထက်တိုင်ပေါ့… Etone ဖြစ်ခဲ့ရတာ မိသားစုသုံးယောက်တစ်သက်မှာ တစ်ကြိမ်ဖြစ်ရပ်ဆန်းပါ ။
      ကိုယ့်မိသားစုဝင်တွေပဲ ပြောဖြစ်တာပါ အပြင်ကိုတော့ မပေါက်ကြားပါဘူး..။ အဲ့ဒီတစ်ခါပဲ ကြားဖူးတာပါ ။ အဘေးတွေနေကတည်းက etone တို့မပြောင်းခင်အထိ ဆက်မဖြစ်တော့ပါဘူး ။ ဒါကြောင့် သရဲခြောက်တယ်လို့အသံမထွက်တာပါ .. ။မှင်စာလေးတွေလမ်းသွားရင် ဗိုက်ဆာလို့ဝင်တောင်းတာလို့ထင်တာပဲ ။ ခြံ နဲ့ အိမ်နဲ့ ခိုအောင်းပြီးနေမှာမဟုတ်ပါဘူး ။

  • အာဖျံ ကွီး

    October 21, 2010 at 8:31 am

    အင်း အာဖျံကွီး လဲ အိတုံ လိုပဲ ငယ်ငယ်တုန်းက တစ်ခါ တွေ.ဘူးတရ် … ဒါပေမဲ့ အာဖျံကွီး ကရုပ်ပါမြင်ခဲ့ရတာ

    • snique

      October 24, 2010 at 5:38 am

      လုပ်ပါဦး ဘယ်လို ရုပ်မျိုး လဲ Post တင်လေ စိတ်ဝင်စားလို ့ း)

  • fatty poak

    October 21, 2010 at 9:41 am

    ချောလားဟင်……မှင်စာက…..အာဖျံကွီး။။။။။။။။။:P

  • kopauk mandalay

    October 24, 2010 at 3:45 pm

    မှင်စာတွေ့ချင်ရင်မန်းလေးကိုလာပါ။
    မှင်စာနဲ့အမျိုးတူတဲ့ လူနီရှိတဲ့နေရာကိုလိုက်ပို့ပေးမယ်။
    လာမယ်ဆိုအကြောင်းကြားလိုက်နော်……………………………

    • etone

      May 15, 2012 at 1:19 pm

      လေးပေါက်ရေ ..မန်းလေးက မှင်စာဆိုတာ… ဖြဲမကို ပြောတာများလားဟင် .. အဟိဟိ 😛

  • Thit Sar Lin

    May 15, 2012 at 1:28 pm

    နာတို့လည်းစားမယ်…နာတို့လည်းစားမယ်..
    ဒီတခါ ဘဲကင်တို့ကြေအိုးတို့ဆွဲပြီဆိုရင် နာလည်းလာခြောက်မယ်..ဟီးဟီး…
    နာတို့လည်းစားမယ်..နာတို့လည်းစားမယ်

    • etone

      May 15, 2012 at 1:48 pm

      အစားသောက်လျော့နေလို့ .. ဘဲကင်လည်းမဆွဲနိုင် ၊ ကြေးအိုးလည်းမျက်စောင်းမထိုးနိုင်ပါဘူး… ။ အခုလောလောဆယ်တော့ ဝမ်းနှုတ်ဆေးစားနေတယ် … စားဦးမလား .. 😆

  • aye.kk

    May 15, 2012 at 5:27 pm

    အိတုံရေ..
    ထူးခြားဆန်းကျယ်တဲ့ဖြစ်ရပ်က..
    ကိုယ်တွေ ့ကြုံဘူးမှသာလက်ခံယုံကြည်ကြပါတယ်..
    လောကမှာထူးဆန်းတဲ့ကိုယ်တွေ ့ဖြစ်ရပ်တွေကို..
    ကိုယ်ကိုယ်တိုင်ကြုံဘူးကြမှသာသိကြလက်ခံကြတာပါ…
    နာမ်လောကရဲ ့ဆန်းကျယ်မှုကိုအန်တီကိုယ်တိုင်..
    မျက်မြင်ကိုယ်တွေ ့ကြုံဘူးခဲ့တာရှိလို ့လက်ခံနိုင်စွမ်းရှိပါတယ်..။

  • ရာမည

    January 31, 2014 at 9:30 am

    ကူးယူဖေါ်ပြခွင့်ပြုပါခင်ဗျာ

    • အရွယ်စုံ ဆိုဒ်စုံ ချစ်သဲတုန်

      January 31, 2014 at 9:34 am

      why not 🙂

  • မဟာရာဇာ အံစာတုံး

    January 31, 2014 at 2:57 pm

    မေကြီး လွတ်ကျခဲ့တဲ့ ထမင်းရော ..
    ကုန်သွားဒလား ..
    ဒီအတိုင်း ကျန်ခဲ့ဒလား ငင်င်င် ..

  • Paing Lay

    January 31, 2014 at 4:08 pm

    အနော့် ဘော်ဒါ တစ်ယောက်ရဲ့ ညီလေးငယ်ငယ်တုန်းကဆိုရင် အသံကြားရရုံတင်မကဘူး ရုပ်ပါမြင်ရတယ်ဗျ…….။ ပြီးတော့ လက်ယက်တောင် ခေါ်လိုက်သေးတယ် :harr: ပြောရင်း နဲ့ ကြက်သီးတောင်ထတယ်ဂျို့ 😀

Leave a Reply