မြန်မာနိုင်ငံ ဆိပ်ကမ်းသို့ တစ်နှစ်လျှင် အဝင်အထွက်ရှိသည့် ကွန်တိန်နာအလုံးရေမှာ သိန်းဂဏန်းမျှသာရှိ

khinmintatthuOctober 20, 20101min672

မြန်မာနိုင်ငံ၏ ဆိပ်ကမ်းသို့ တစ်နှစ်လျှင် အဝင်အထွက်ရှိသည့် ကွန်တိန်နာအရေအတွက်မှာ သိန်းဂဏန်းမျှသာရှိကြောင်း ပင်လယ်ရေကြောင်း စီးပွားရေးနှင့် သယ်ယူပို့ဆောင်မှုဆိုင်ရာ လေ့လာသူအချို့က ပြောကြားသည်။
ယင်းပမာဏမှာ ဒေသတွင်းနိုင် ငံဖြစ်သော စင်ကာပူဆိပ်ကမ်းသို့ နှစ်စဉ်အဝင်အထွက်ရှိသည့် ကွန်တိန်နာ အလုံးရေများနှင့် နှိုင်းယှဉ်မည်ဆိုပါက နည်းလွန်းနေသည့်အပြင် အမှန်တကယ် အလုပ်များသော နိုင်ငံတကာ ဆိပ်ကမ်းကြီးများသို့ နေ့စဉ်အဝင်အထွက်ရှိသော ကွန်တိန်နာပမာဏပင်လျှင် သိန်းချီရှိကြောင်း Shipping Business ပိုင်းဆိုင်ရာ လေ့လာ သူဦးကျော်မျိုးဝင်းကပြောပါသည်။
“ဒီမှာ သင်္ဘောအပိုင်ရှိလို့ပဲဖြစ် စေ၊ ကွန်တိန်နာ အပိုင်ရှိလို့ပဲဖြစ်စေ ကုန်သွယ်ကြတဲ့နေရာမှာ Shipping Line တစ်ခုအနေနဲ့ တစ်ပတ်ကိုမှ ကွန်တိန်နာအလုံးရေ နှစ်လုံး၊ သုံးလုံးလောက်ပဲ ကုန်သွယ်မှုရှိကြတယ်။ မြန်မာနိုင်ငံရဲ့ကုန်သွယ်မှုကဏ္ဍအနေနဲ့ နိုင်ငံတကာနဲ့ယှဉ်ရင် နည်းနေသေးပေမယ့် တစ်နည်းအားဖြင့် ဆိပ်ကမ်း အခန်းကဏ္ဍကိုသာ မြှင့်တင်နိုင်ရင် ကုန်သွယ်မှုလည်း အလိုလိုမြင့်တက်လာမှာပါ ” ဟု လန်ဒန်ရှိ School of Logistics and Supply Chain Management) ၏ တရားဝင်ကိုယ်စားလှယ် ICS (Institute of Chartered Shippers) မှ ဦးကျော်မျိုးဝင်းက ရှင်းပြခဲ့ပါသည်။
နိုင်ငံတကာတွင် Maersk အမည်ရှိသော သင်္ဘောလိုင်းသည် ကမ္ဘာ့ထိပ်တန်း သင်္ဘောလိုင်းတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ ကွန်တိန်နာအလုံး အရေအတွက်အားလုံး၏ ၄ဝ မှ ၄၆ ရာခိုင်နှုန်းမှာ ယင်းသင်္ဘောလိုင်းပိုင် ကွန်တိန်နာများဖြစ်ကြရာ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ဆိပ်ကမ်းများတွင် နေ့စဉ်အဝင်အထွက်ရှိကြသည်။
“နိုင်ငံတွေ အချင်းချင်းကုန် သွယ်ကြတဲ့အခါ သယ်ယူပို့ဆောင်ရေးဆိုတဲ့ ကဏ္ဍကိုထည့်သွင်းစဉ်းစားရတယ်။ အဲဒီအခါမှာ မိမိနိုင်ငံရဲ့ ရင်းမြစ်ကို အကျိုးရှိရှိအသုံးချနိုင်ဖို့လိုပါတယ်။ ဥပမာ စင်ကာပူကို ကွန်တိန် နာနဲ့ရောက်လာတဲ့ ၁၀ဝ ရာခိုင်နှုန်း ပစ္စည်းတွေကို ၂ဝ ရာခိုင်နှုန်းပဲ သူ့ နိုင်ငံက သုံးတယ်။ ကျန်တဲ့ ၈ဝ ရာ ခိုင်နှုန်းကို တခြားနိုင်ငံတွေ ပြန်လည်ပို့ပေးနိုင်အောင် ဆိပ်ကမ်းဝန်ဆောင်မှု၊ ကွန်တိန်နာဝန်ဆောင်မှုသူ့နိုင်ငံ ကလုပ်တယ်။ တကယ်တော့စင်ကာ ပူက ဘာသယံဇာတရင်းမြစ်မှမရှိတဲ့ နိုင်ငံတစ်ခုပါ။ ကိုယ့်နိုင်ငံအနေနဲ့ ဆိုအများကြီးလုပ်နိုင်တဲ့ အတိုင်းအတာ တွေရှိနေပါတယ် “ဟု ဆွီဒင်နိုင်ငံ၏ Shipping Management ဘာသာရပ်တွင် မဟာဘွဲ့ရရှိထားသူတစ်ဦး က သုံးသပ်ပြောကြားခဲ့ပါသည်။
နိုင်ငံ၌ ပင်လယ်ရေကြောင်း စီးပွားရေး ယခုထက်ပိုမိုဖွံ့ဖြိုးလာမည်ဆိုပါက ယင်းမှရရှိလာမည့် ဆိပ်ကမ်းဝန်ဆောင်မှုစရိတ်၊ နိုင်ငံတကာ သင်္ဘောများဝင်ရောက်လာမည့်အတွက် ယင်းဒေသတစ်ဝိုက် စီးပွားရေး ပွင့်လင်းလာမည့်အပြင် ယင်းနှင့်ဆက်စပ်သော လူငယ်များ၊ ပညာရှင်များ၏ အလုပ်အကိုင်များစွာလည်း ရှိလာမည်ဖြစ်သည်ကို ပင်လယ်ရေကြောင်း စီးပွားရေးကျွမ်းကျင်ပညာရှင်တစ်ဦး က သုံးသပ်ပြောကြားခဲ့ပါသည်။
ယခုအခါ ဆိပ်ကမ်းအသီးသီး သို့ရောက်ရှိလာကြသော ကွန်တိန်နာများထဲရှိ Cargos အများစုမှာ ကုန်ကြမ်းအဆင့် အနေအထားများသာ အများစုဖြစ်ကြပြီး ကုန်ချောအဆင့်သို့ ရောက်ရှိရန် နိုင်ငံတွင်း၌သာ ပြုလုပ်ခြင်းရှိကြောင်းနှင့် ဆိပ်ကမ်းသို့  သင်္ဘောရောက်ရှိမှု ပမာဏသည် ရာဂဏန်းအဆင့်သာရှိကြောင်း လေ့လာသူအချို့က ဆိုပါသည်။

forword: mail

2 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 20, 2010 at 11:51 am

    စင်္ကာပူက လမ်းလေးဂွမှာ ရှိတယ်လေ သူတို ့နဲ ့မနှိုင်းနဲ ့
    (ဆိပ်ကမ်း အခန်းကဏ္ဍကိုသာ မြှင့်တင်နိုင်ရင် ကုန်သွယ်မှုလည်း အလိုလိုမြင့်တက်လာမှာပါ ” )
    လုပ်သင့်တာတွေကို လာမပြောနဲ ့လုပ်သင့်တာကို မလုပ်တဲ့ကောင်တွေကို ဘယ်လိုလုပ်ပြစ်ရမယ်ဆိုတာ (သေခြာ လုပ်လို ့ရတာဖြစ်ရမယ်)
    ကိုပြောကြည့် ။
    ထားဝယ်ရေနက်ဆိပ်ကမ်းလုပ်နေပြီလေ စင်္ကာပူလောက်တော့သနားတယ် ခင်ဗျားတို ့မြန်မာပြည်သူတွေကိုလည်း သနားတယ်
    အခုမှ ရွာပေါင်းတစ်ဒါဇင်ကျော်လောက်ဘဲ နမူနာဖျက်ရသေးတယ် ကျုပ်တို ့ရွာသူကြီးဖြစ်ဘို ့ ယှဉ်ပြိုင်ပေးတဲ့ ပါတီတွေကိုလည်း
    စောက်ကျိုးနည်းအောင်ကျေးဇူးတင်တယ် တရုပ်စီက အကြွေး လေးဘီလီယံရထားတာကိုတောင် မနပ်ဘဲ လာပြိုင်တဲ့ ကောင်တွေ
    ရွာသူကြီးမဖြစ်ထိုက်ဘူး အော်ပီကျယ်ပြောသလို ထိုက်တန်သူကတော့
    ဟဲဟဲဟဲ
    တစ်ဖြည်းဖြည်း ဖြစ်လာမှာပေါ့ ခင်ဗျားတို ့တရုပ်စကား တတ်အောင်သင်ထားကြ
    ဆီပုလင်းလေးလည်း ခါးကြားထိုးထားဘို ့မမေ့နဲ ့ဦး

  • kai

    October 21, 2010 at 6:56 am

    တကယ်လို့…တကယ်လို့ပေါ့လေ..
    ၁၉၉ဝက အနိုင်ရပါတီအန်အယ်ဒီကအာဏာရခဲ့ရင် … သူတို့မှာရှိတဲ့ပလင်န်တခုလို့ကြားဖုးတာလေး..မျှချင်လို့ပါ။
    ဘယ်လိုလဲဆိုတော့…
    ကော့သောင်းလောက်နားကနေပြီး ဟိုဖက်ကတောင်တရုတ်ပင်လယ်ဖက်ကို ယိုးဒယားနဲ့ညှိပြီး…လူလုပ်တူးမြောင်းဖေါက်ဖို့တဲ့..။
    အဲဒါဆို… ဂျပန်၊တရုတ်၊ထိုင်ဝမ်၊ ဟောင်ကောင်က ကုန်သင်္ဘောတွေအကုန် …အဲဒီတူးမြောင်းဖက်ကဖြတ်ဝင်ပြီး ..အနောက်ဖက်သွားကြမှာပဲ..။
    ဘယ်သူမှ ..ပင်လယ်ဓါးမြရန်ကြောက်ရပြီး..လှိုင်းမငြိမ်တဲ့… တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီး… စင်္ကာပူကအထိ အောက်ဆင်း..ပြီးမှပြန်တက်ပြီးကွေ့ဝိုက်မသွားပါဘူး..။
    ဆီလည်းအများကြီးပိုကုန်တယ်..။ အချိန်လည်းကုန်တယ်..လေ..။
    အဲလိုသာဖြစ်ရင်..အဲဒီကော့သောင်းနယ်က …သဘောင်္ဖြတ်ခနဲ့တင်..ဘီလီယန်ချီဝင်ငွေတွေရသွားနိုင်တယ်..။
    မယုံရင် အောက်ကလင့်ကနေ မြေပုံလေးသေချာကြည့်..
    http://www.nationsonline.org/maps/south_east_asia_map.jpg

    ဆိုတော့..
    စင်္ကာပူက…မြန်မာတွေကို အဲဒီကစပြီး.ငြိုးတေးတော့တာပဲ..။
    နိုင်ငံစီးပွားရေးထိနိုင်တာကိုးနော့…။

Leave a Reply