ဘာနေဗြူးမှာ အေစီကို အနိုင်ယူခဲ့သည့် ရီးယဲလ်

khinmintatthuOctober 20, 20101min932

ယမန်နေ့ ညပိုင်းက ယှဉ်ပြိုင် ကစားခဲ့သည့် ဥရောပ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်များတွင် အသင်းကြီး ၂သင်း ထိပ်တိုက် တွေ့သည့် ရီးယဲလ် – မီလန်တို့ ပွဲ၌ ရီးယဲလ် အသင်းက ၂ဂိုးပြတ် ဖြင့် အနိုင်ရရှိသွားခဲ့သည်။


အုပ်စု (G) ပွဲစဉ် အဖြစ် အသင်းကြီး ၂သင်း ထိပ်တိုက် တွေ့ဆုံမှု အဖြစ် ရီးယဲလ် မက်ဒရစ်နှင့် အေစီမီလန်တို့ ရင်ဆိုင် ခဲ့ကြရာ အိမ်ရှင် အသင်းက ပထမပိုင်းတွင် စက္ကန့် ၆ဝအတွင်း သွင်းယူခဲ့သည့် ၂ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့သည့် ၁၃မိနစ်တွင် ရော်နယ်ဒို၏ ဖရီးကစ်မှ အဖွင့်ဂိုး စတင် ရရှိခဲ့သည့် ရီးယဲလ် တို့သည် စက္ကန့် ၆ဝအတွင်းတွင် နောက်ထပ် တစ်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့သည်။ ယင်းဂိုးအား ရော်နယ်ဒို ခင်းပေးသည့် ဘောလုံးမှ တဆင့် အိုဇေးလ်က ကန်သွင်းခဲ့ရာ နောက်ခံလူနှင့်ထိ လမ်းကြောင်းပြောင်း ဝင်သွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် ရီးယဲလ် အသင်းကပဲ ဆက်လက် ဖိကစားခဲ့ပြီး အိမ်ရှင် တိုက်စစ်မှူးများ အနေဖြင့် ရရှိသည့် အခွင့်အရေး များအား အသုံးမချ နိုင်၍သာ ယခုထက် ပို၍ ဂိုးမပြတ် ခဲ့ခြင်း ဖြစ်သည်။

2 comments

  • intro

    October 20, 2010 at 1:46 pm

    ဒိုဒိုတို့ ပွဲပေါ့

  • kopauk mandalay

    October 20, 2010 at 3:19 pm

    အဲဒီဘောလုံးပွဲတွေကို ကြည့်ရင် ဂိုးသွင်းပြီးရင်အောင်ပွဲခံပုံတွေက တအားကို မာန်တက်နေသလိုခံစားရတယ်ဗျ။
    ဒီဘောလုံးပွဲတွေက လဲ တရုပ်သို်င်းကားတွေထဲကလို နှစ်တစ်ရာ ရန်ကြွေးကို တစ်ယောက်နဲ့တစ်ယောက် ပြန်ယူနေကြသလိုဘဲနော်။

Leave a Reply