လက်သန်းလေးကိုကြည့်ပြီး ဗေဒင်ဟောကြည့်ကြမယ်

Good IdeaOctober 20, 20101min1486
ကဲ သူငယ်ချင်းတို့ရေ ကိုယ့်လက်ဝါးပြင်ကို မျက်နှာချင်းဆိုင်ထားပြီး လက်သန်းကလေးကို သေချာကြည့်ရအောင်-
ဪ- သတိ- ယောက်ျားလေးဆို “ဘယ်” လက်ကို ကြည့်၊ မိန်းကလေးဆို “ညာ” လက်ကိုကြည့်ရမှာနော်-
လက်သန်းလေးကို ကြည့်တော့ အဆစ် (၃) ဆစ်ပါတာမြင်တွေ ့ကြရမှာပါ-
အဲဒီ အဆစ်ကလေး ၃ ဆစ်ရဲ့ အရှည်အတိုကို ကြည့်ပြီး ဗေဒင်ဟောကြည့်ကြရအောင်။
ပုံ(၁)

ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ ပထမအဆစ်ဟာ အရှည်ဆုံးဖြစ်နေခဲ့မယ်ဆိုရင်- ဒီလို လက်သန်းပိုင်ရှင်ဟာ အချိန်တိုင်းမှာ စွဲဆောင်မှုအားအပြည့်ရှိသူဖြစ်ပြီး၊ အပြောကောင်းသူများဖြစ်တတ်ပါတယ်၊ အကင်းပါးပြီး လူကဲခတ်တော်တာကြောင့် အလွယ်တကူ လူလိမ်မခံရနိုင်ပါဘူး တဲ့။

ပုံ(၂)

ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ ဒုတိယအဆစ်သာ အရှည်ဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့- ဒီလို လက်သန်းပိုင်ရှင်များဟာ သူတပါးကို
ဂရုဏာအပြည့်နဲ့ ပြုစုယုယတဲ့တဲ့ပညာကို မွေးရာပါတတ်မြောက်ခဲ့တဲ့သူမျိုးတွေဖြစ်ပါသတဲ့-
ဒါ့အပြင် သူတို့ဟာ တဖက်သားကိုလည်း အင်မတန် စိတ်ရှည် သည်းခံတတ်ကြတယ်တဲ့၊
ဒီလို လက်သန်းပိုင်ရှင်မျိုးကို ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များနဲ့
ကျန်းမာရေးဌာန ဝန်ထမ်းများမှာ အတွေ ့ရများတတ်ပါတယ် တဲ့။

ပုံ(၃)

ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ အောက်ဆုံးအဆစ်သာ အရှည်ဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့- ဒီလို လက်သန်းပိုင်ရှင်များကတော့
လွတ်လပ်မှုကို အင်မတန်နှစ်သက်သူများဖြစ်တတ်ကြပြီး၊ လူ ့ဘဝရဲ့ အချုပ်အချယ်မရှိ လွတ်လပ်တဲ့ အရသာကို ကောင်းကောင်းကြီးခံစားတတ်သူများဖြစ်ကြပါတယ်တဲ့၊
ဒီလက်သန်းပိုင်ရှင်များဟာ အဟောအပြောပိုင်းဆိုင်ရာမှာ ပါရမီထူးကဲကြပြီး၊
အမှန်တရားကို မြတ်နိုးတန်ဖိုးထားတတ်ကြပါတယ် တဲ့။

ပုံ(၄)

ဖေါ်ပြပါပုံအတိုင်း လက်သန်းလေးရဲ့ အပေါ်ဆုံးအဆစ်ဟာ အတိုဆုံးဖြစ်ခဲ့မယ်ဆိုရင်- ဒီလိုလက်သန်းပိုင်ရှင်တွေကတော့ မွေးရာပါ
အရှက်အကြောက်ကြီးသူများဖြစ်တတ်ကြပြီး၊ အရာရာကို ထုတ်ဖေါ်ပြောကြားတတ်ခြင်းမျိုးမရှိပဲ အစဉ်အမြဲ စိတ်ထဲတွင် မြိုသိပ်ထားလေ့ရှိတတ်ကြတယ်(အုံ ့ပုန်းလို့ပြောလို့ရမယ်ထင်ပါတယ်)- ဒီလို လက်သန်းပိုင်ရှင်အများစုကတော့ ကံမကောင်းတတ်ကြပါဘူး တဲ့။

ပုံ(၅)

ဒီပုံထဲကလို လက်သန်းလေးရဲ့ ဒုတိယ အဆစ်ကသာ အတိုဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့- ဒီလိုလက်သန်းပိုင်ရှင်မျိုးကတော့ အင်မတန် သစ္စာရှိတတ်သူများဖြစ်တတ်ကြပြီး၊ မာနထောင်လွှားခြင်းကင်းမဲ့ကာ အမြဲနှိမ့်ချဆက်ဆံတတ်ကြတဲ့သူမျိုးဖြစ်ကြတယ်တဲ့၊ နောက်ပြီး သူတို ့ဟာ အင်မတန်လည်း ခေါင်းမာတတ်ကြသောကြောင့် အမှားအမှန်ခွဲခြားနားမလည်နိုင်ပဲ မိုက်ရူးရဲဆန်တတ်ကြပါတယ် တဲ့။

ပုံ(၆)

ကဲ ဒီနောက်ဆုံးပုံလေးထဲကအတိုင်း လက်သန်းရဲ့ အောက်ဆုံးအဆစ်ကသာ အတိုဆုံး ဖြစ်နေခဲ့မယ်ဆိုရင်တော့- ဒီလို လက်သန်းပိုင်ရှင်မျိုးကတော့ မွေးရာပါ
ရိုးလွန်း၊ အေးလွန်း၊ ဖြူစင်တတ်လွန်းသူများဖြစ်ကြပြီး၊ သူတပါးအပေါ်မှာလည်း အင်မတန် အယုံလွယ်လွန်း၊ အကောင်းမြင်တတ်လွန်းသူများဖြစ်ပါတယ်၊
တကယ်တော့ ရိုးလွန်း အေးလွန်းတယ်ဆိုတာ ကောင်းတယ်ဆိုပေမဲ့ ခုခေတ်မှာတော့
ဥပမာ စီးပွါးရေး နယ်ပယ်အနေနဲ့ပြောမယ်ဆိုရင် လူလည်၊ လူလိမ်တွေ
ပေါများနေပြီဖြစ်တဲ့အတွက် ရိုးလွန်း၊ အေးလွန်းသူများအတွက်တော့ အလွယ်တကူ
အလိမ်ခံရနိုင်ပါကြောင်း..။

ဖော်ဝက်မေးလ်မှ ကူးယူဖော်ပြသည်။

6 comments

  • kopauk mandalay

    October 20, 2010 at 2:43 pm

    လက်သန်းအဆစ် တစ်ခုနဲ့ တစ်ခုတူနေရင်ရောဗျာ။

  • kyansitthar101

    October 20, 2010 at 3:18 pm

    လက်သန်း အဆစ် လေးဆစ်ပါတဲ့လူတွေ့ဖူးတယ်
    သူ့ကို ဘယ်လိုပြောမလဲ

  • Gong Zhu

    October 20, 2010 at 5:19 pm

    ကျေးဇူးပဲနော် … ဗေဒင်ဝါသနာပါတယ် … တစ်ခြားသိရင်လည်းပြောပြပေးပါဦးလို့ …

  • naw2lay

    October 21, 2010 at 3:56 am

    ပုံတွေမမြင်ရဘူး ထပ်တင်ပေးပါဦးနော်

  • julymoe.boy

    October 21, 2010 at 7:22 am

    လက်သန်းကိုကြည့်ပြီးဗေဒင်ဟောလို့ရတယ်ဆိုတော့အခြား
    အခြးားလက်ချောင်းတွေ့ကြည့်ပြီးတော့လည်းဟောလို့ရတာပေါ့နော်

  • chitlay

    October 21, 2010 at 9:25 am

    ပုံတွေပါမြင်ရရင် ပိုကောင်းမယ်။

Leave a Reply