အဖေနဲ့ ကျွှန်တော်

ဆူးOctober 20, 20101min1074


ကျွန်တော်

၄ နှစ်သားတုန်းက ငါ ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ် ။

၅ နှစ် … ငါ ့ဖေဖေကြီး မသိတာ ဘာမှမရှိဘူး ။

၆ နှစ် … ငါ ့အဖေက မင်းအဖေထက် တတ်တယ်ကွ။

၈ နှစ် … တို ့အဖေက အကုန်လုံးတော ့လည်း အတိအကျ မသိဘူး။

၁ဝ နှစ် … အဖေတို ့ ငယ်ငယ်တုန်းကနဲ ့ အခုနဲ ့က တခြားစီပဲ။

၁၂ နှစ် … အင်း အဲဒါတော ့အဖေလည်းဘယ်သိပါ့မလဲသူက အသက်ကြီးပြီဆိုတော ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော ့ဘူး။

၁၄ နှစ် … အဖေတော ့ ထည် ့မပြောနဲ ့၊ သူက ရှေးရိုးသမားကြီး။

၂၁ နှစ် … အဖိုးကြီးလား ထားပါ ၊ အောက်နေပြီ ၊ လုံးဝ အောက်နေပြီ။

၂၅ နှစ် … အဖေတော ့ နည်းနည်းပါးပါးသိမယ်၊ မသိလို ့လဲ မဖြစ်ဘူးလေ၊ လူကြီးပဲဟာ။

၃ဝ နှစ် … အဖေ့ကို နည်းနည်းပါးပါး မေးကြည် ့ရင်ကောင်းမယ်ထင်တယ်၊ ဘာပဲပြောပြောသူက အတွေ ့အကြုံ အများကြီးရှိတယ်။

၃၅ နှစ် … အဖေနဲ ့ တိုင်ပင်ပြီးမှ ဒီကိစ္စကို ငါ တစ်ခုခုလုပ်နိုင်မယ်။

၄ဝ နှစ် … အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲ မသိဘူး သူက အတွေ ့အကြုံစုံတယ်၊ အမြော်အမြင်လည်း ရှိတယ်။

၅ဝ နှစ် … ဒီကိစ္စ အခုနေသာ အဖေနဲ့ တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက် ပေးရ ပေးရငါပေးပါတယ်၊ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်းသတိမထားမိခဲ့တာ သိပ်နှမြောစရာ ကောင်းတယ်၊ တကယ်ဆို ငါ ့အဖေဆီက အများကြီးရလိုက်ဖို ့ကောင်းတယ်။

မှီငြမ်း ကိုးကား ကူးချ
http://www.sitagucenter.org/index.php?option=com_content&view=category&layout=blog&id=83&Itemid=61

4 comments

  • cherrywine

    October 21, 2010 at 4:39 am

    ဖတ်ဖူးပြီးသားစာလေးပါ။တကယ်လို အဲ့လိုမျိုး
    ကြုံတွေ့ခဲ့ဖူးပါတယ်။အဖေနဲ့ဝေးဝေးနေရလေ
    ကောင်းလေလို့တောင် တွေးခဲ့မိပါတယ်။အခုမှ
    သာ ငါ့အဖေများရှိရင်ဘယ်လောက်ကောင်းမလဲ
    ဖေဖေသာရှိရင် ဘယ်လိုပြောမလဲဆိုတာ သိချင်
    နေခဲ့ပါတယ်။

  • bigcat

    October 22, 2010 at 12:34 am

    တိတတ်တဲ့ တမီးလေးခြူးအတွက် ဖေဖေများကိုယ်စား ဦးကြောင်ကြီးမှ ကြွက်တကောင်ကို ဆုအဖြစ်ချီးမြှင့်လိုက်ပါတယ်။

  • ဆူး

    October 22, 2010 at 3:34 am

    ဦးကြောင်ကြီး ပြောသလိုပါဘဲ ဒီစာပိုက်လေး မြင်တော့ ဘဝတပါးပြောင်းသွားတဲ့ အဖေကို သတိရတယ်။ အဲဒါကြောင့် တင်လိုက်တာပါ။ အဖေ ဆိုတဲ့ အသံကြားရင် နှစ်တွေ ကြာနေပေမဲ့.. ယခု အချိန်အထိ မျက်ရည်မခမ်းသေးဘူး။

Leave a Reply