အင်ဒိုနီးရှားက ဗုဒ္ဓဘား ပိတ်ရန်တရားရုံးအမိန် ့ချ

ဆူးOctober 20, 20101min1307

အင်ဒိုနီးရှားနိုင်ငံမှ ဗုဒ္ဓဘားဆန့် ကျင်ရေးစည်းရုံးလှုံ့ ဆော်ရေးအဖွဲ့၏ အကြိမ်ကြိမ် တိုင်တန်း လျှောက်ထား ပန်ကြားခဲ့မှုများကြောင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ ဒိစတြိတ်၊ ဗဟိုတရားရုံးက မြို့တော်မှ ဗုဒ္ဓဘားအမည်ရှိ အရက်ဘားကလပ် ဆိုင်ကိုပိတ်ပစ်စေရန် အမိန့်ချမှတ်ခဲ့ ပါတယ်…
“ထိုဘားကို စီမံခန့်ခွဲ အုပ်ချူပ်နေသူများဟာ ဗုဒ္ဓမြတ်စွာ၏ အထိမ်းအမှတ် အသွင်အပြင် လက္ခဏာများနှင့် အဆောင်အယောင် ပုံသဏ္ဍာန်များကို သုံးစွဲနေကြောင်း ပြစ်မှုထင်ရှားသဖြင့် ယခုဖွင့်လှစ် ရောင်းချနေသည့် အရက်ဘားကို အလျင်အမြန် ပိတ်ပစ်ရမည်ဖြစ်ကြောင်း” ထိုအမှုကို ကြားနာခဲ့သည့် တရားသူကြီးအဖွဲ့ ခေါင်းဆောင် ဂျီဝိုဆန်တိုဆိုက ပြောကြားခဲ့သည်ဟု အန်တာရာသတင်းဌာနမှ ဖော်ပြခဲ့ ပါတယ်…

ဗုဒ္ဓဘားရဲ ့အသွင်အပြင်၊ အခင်းအကျင်း…

အဆိုပါအရက်ဘားကိုစီမံခန့်ခွဲသည့် ကုမ္ပဏီဖြစ်သည့် ပီတီနီရီတာဗစ်စတာ ခရီအေးတစ် ကုမ္ပဏီ၊ ဂျကာတာ ခရီးသွားလုပ်ငန်းအေဂျင်စီနှင့်၊ ဂျကာတာမြို့တော် အုပ်ချူပ်ရေးမှူး တို့ကို တရားလိုများအား လျော်ကြေး ရူပီငွေ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၀၇၄၁) ပေးစေရန်လည်း တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်… ထိုလျော်ကြေးငွေ ပမာဏဟာ ဗုဒ္ဓဘား ဆန့်ကျင်ရေးအဖွဲ ့က တောင်းဆိုထားခဲ့သည့် ပမာဏထက် နှစ်ဆကျော် ပိုမိုနေပါသေးတယ်…

တရားရုံးရဲ ့စီရင်ချက်ဟာ မျှတမှုရှိကြောင်း ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဆူဂျီယန်တို ဆာလာမန်က ပြောကြားလိုက်ပြီး “ဒီစီရင်ချက်ကို ကြားသိရတဲ့အတွက် မိမိတို ့အနေဖြင့် အလွန်ပင် ဝမ်းမြောက်ရကြောင်း၊ အကယ်၍ တရားရုံးကသာ အဆိုပါ အရက်ဘားကို ပိတ်ပစ်ဖို့ မဆုံးဖြတ်ခဲ့လျှင် မိမိတို့အနေဖြင့် ကိုယ်တိုင်ပိတ်ပစ်အောင် ပြုလုပ်ကြရလိမ့်မည်ဖြစ်ပြီး ယခုလို စီရင်ချက်ချလိုက်တဲ့အခါမှာတော့ ဥပဒေနှင့်အညီ ပိတ်ပစ်ခြင်းပဲဖြစ်လို့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်…”လို့လည်း ထပ်မံပြောကြားခဲ့ပါတယ်… အရက်ဘားစီမံခန့်ခွဲမှု ကုမ္ပဏီ၏ အကျိူးဆောင် ရှေ့နေ ကာနီယာဂီယာဆန်းကတော ့၎င်းရဲ ့အမှုသည်ဟာ ထိုအမိန် ့စီရင်ချက်ကို အယူခံဝင်ဦးမှာဖြစ်တယ်လို့ ဆိုပါတယ်….

The Central Jakarta District Court ordered Wednesday that the city’s Buddha Bar be closed immediately, after several petitions were filed by the Anti-Buddha Bar Forum (FABB).“The establishment must be immediately shut down as the management has been proven guilty of using ornaments and symbols of the Buddha which violate the law,” presiding judge FX Jiwo Santoso said Wednesday as quoted by Antara.The court also ordered the bar’s management company PT Nireta Vista Creative; the Jakarta Tourism Agency and Jakarta’s Governor to pay the plaintiffs Rp 1 billion (US$110,741) in compensation – more than twice the amount requested by the FABB.Buddhist monk Sugianto Salaman said the verdict was reasonable. “We are happy to hear the verdict. If the court had not ordered the bar’s closure, we would have been done it ourselves. The verdict is the legal way of shutting it down,” he added.

PT Nireta Vista Creative’s attorney, Kurnia Girsang, said that his client would challenge the sentence.
Posted by peter kyaw | at 5:00 AM |
Labels: news: Jakarta Post

7 comments

  • unclegyi1974

    October 20, 2010 at 3:06 pm

    စီးပွါးရှာစရာရှားလို့
    အရက်နဲ့ဗုဒ္ဓ တွဲပြီးစီးပွားရှာရတယ်လို့
    အင်လေသူတို့ကဗုဒ္ဓဘာသာနိုင်ငံမှမဟုတ်တာ

  • winkyawaung

    October 20, 2010 at 4:19 pm

    သာဓု ခေါ်ဆိုထိုက်သော သတင်းပါခင်ဗျား..။

  • char too lan

    October 21, 2010 at 3:10 am

    ဆူးရေ……
    ဒီသတင်းကောင်းအတွက်ကျေးဇူးပါဗျာ
    ဟိုတခါ ပြင်သစ်မှာလား ဆိုင်ခွဲဖွင့်တယ်ကြားကတည်းက စိတ်တိုနေတာ
    အဲဒီပိုင်ရှင်ကနိုင်ငံတော်တော်များများမှာ ဆိုင်ခွဲတွေဖွင့်ထားသေးတာတဲ့ ဘယ်လောက်ဆိုးလဲကြည့်လေ ခုလိုလုပ်ပစ်တာကောင်းတယ်

  • အာဖျံ ကွီး

    October 21, 2010 at 3:52 am

    ဒီလို အမိန်.ချသင့်တာ ကြာပါပီ၊ ဗုဒ္ဓဘာသာကို အရေးထားသလိုလို ဘာလိုလိုနဲ. အရက်ဘား ကို ဗုဒ္ဓဘားလို. နံမယ် တပ်ရတရ်လို.၊ ဘယ့်နှယ်ဗျာ … တို.ဘုရားတော့ သူတို.နဲ.တွေ.မှ အရက်ဆိုင် ကြီးကြပ်ရေးမှုုး ဖြစ်ရတရ်လို.

  • etone

    October 21, 2010 at 4:52 am

    ကောင်းတယ်။ ဒါမျိုးလေးလည်းဖြစ်ဦးမှ ။ ဗုဒ္ဓဘာသာက ဆူဆူပူပူ၊ရမ်းရမ်းကားကား တွေသိပ်မလုပ်လို့ သူတို့က လုပ်ချင်သလိုလုပ်ပြီးစော်ကားနေတယ် ။ အခုတော့မှတ်ပြီလား … ။ တခြားဆိုင်ခွဲတွေလည်း အဲ့ဒါမျိုးဖြစ်သင့်တယ် .. ဒါနဲ့ လျှော်ကြေးရတဲ့ငွေတွေရော ဘယ်မှာလှူတယ်ကြားမိလဲ ။

  • draungkyawkyawoo

    October 21, 2010 at 5:25 am

    သတင်းက မင်္ဂလာရှိပါတယ် ။ ဖြစ်သင့်တာကလည်း ဒီလိုပါဘဲ ။

Leave a Reply