ဘုရားသုံးဆူပြီးသည်နှင့်အိမ်တော်ရာဘုရားပွဲဖြစ်ပါတယ် အိမ်တော်ရာ

ဘုရားပွဲသည်ကြီးလည်းကြီးစည်လည်းစည် သမိုင်းအရလည်းတန်ဖိုးကြီး၍

မရောက်ဖူသေးသူများ အတွက်ရည်ရွယ်ပြီးဆက်လက်တင်ပြပေးလိုက်

ပါတယ်

အိမ်တော်ရာစေတီတော်နှင့်ညအလှ

မြန်မာပြည်သူအများသိသောအမည်က အိမ်တော်ရာစေတီပါ

ပုဂံမင်း မင်းသားအဖြစ်နှင့်နေတော်မူဖူးသော နေရာတွင်စေတီတည်သော

ကြောင့် အိမ်တော်ရာစေတီဟု အမည်တွင်ပါသည်။

ပုဂံမင်းရေစက်ချဘွဲ့အမည်မှာ မဟာလောကရံသီ ဘုရားဖြစ်ပါသည်

မြောက်ဘက်မုဒ်အ၀င်ရှိနဂါးရုံဘုရား

ရွှေဘိုမင်း၏သားတော် ပုဂံမင်းသည် သီရိသုဓမ္မတိလောကပ၀ရမဟာဓမ္မရာဇာ

အမည်ဖြင့် မြန်မာသက္ကရာဇ် ၁၂၀၈ ခုနှစ်တပေါင်းလဆန်း ၁၃ ရက်စနေ

နေ့တွင်နန်းတက်တော်မူသည်

မြန်မာသက္ကရာဇ်၁၂၀၉ ခုနှစ်နတ်တော်လဆန်း ၃ ရက် ဗုဒ္ဓဟူးနေ့တွင်

ပန်းတိမ်မြို့ ပန်းပဲမြို့စား ပန်းပဲဝန် အတွင်းဝန်မင်းကြီး မင်းလှကျော်ခေါင်

အားကြီးကြပ်စေပြီးစေတီတော်မြတ်ကြီးကိုတည်ဆောက်စေခဲ့ပါသည်

တည်ဆောက်ပြီးချိန်တွင် ဆင်းတုတော် ၁၂၀၀ကျော်ေ၇ွှသားဖြင့်ပြုလုပ်

ထားသောဘေးလောင်းတော် ဘိုးလောင်းတော် ရုပ်ပွားတော်များကိုဌါပနာပြီး မြန်မာသက္ကရာဇ် ၁၂၁၀တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက် ကြာသာပတေးနေ့တွင်

ဘုံခုနှစ်ဆင့်ရှိ ထီးတော်ကြီးကိုတင်လှူပူဇော်ပြီး ရေစက်သွန်းချလှူဒါန်း

ခဲ့ပါသည်

ယခုခေတ်မြို့သတ်မှတ်ချက်အရ အိမ်တော်ရာစေတီသည်၂၇ လမ်းနှင့်

၂၈လမ်းကြား ၈၆လမ်းနှင့်၈၈လမ်းကြာတွင်တည်ရှိပါသည်

နှစ်စဉ်ဘုရားပွဲကျင်းပခဲ့ရာ ယခု ၁၃၇၂ ခုနှစ်တိုင် ၁၆၃ကြိမ်

ရှိပြီဖြစ်သည် အိမ်တော်ရာစေတီသည်မြို့လည်တွင်တည်ရှိပြီးသွားလာရေး

လွယ်ကူသောကြောင့်ဘုရားပွဲတော်အချိန်တွင်လာရောက်လည်ပတ်ကြည့်

ရှုသူအထူစည်ကားလှပေသည်

ဘုရားပွဲတော်ကို ၁၉.၁၀.၂၀၁၀နေ့ နှင့်၂၀.၁၀.၂၀၁၀

မြန်မာသက္ကရာဇ်၁၃၇၂ ခုနှစ်

သီတင်းကျွတ်လဆန်း ၁၁၊ ၁၂ ရက်တွင်ကျင်းပပြီး ၁၃ ရက်အာရုံတက်တွှင်သံဃာ ၆၀၀ကိုဆွမ်လောင်းလှူပြီး ဘုရားပွဲတော်ကျင်းပပြီးစီးပါသည်။

ပွင့်တော်မူဘုရားဆင်းတုတော်

ဘုရားပွဲတော်အချိန်

ရှင်အာနန္ဒာ သပိတ်ထဲဆုတောင်း၍အကြွေစေ့များပစ်ကြဟန်

မတိုင်မှီဈေးသည်များ ပျော်ရွှင်စရာကစားဖွယ်မျာ

ဘုရားပုရ၀ဏ်အတွင်းနှင့် ဘုရားအနောက်ဘက် ၈၈ လမ်းမပေါ်တွင်ခင်းကျင်း

ရောင်းချကြပါသည် ဈေးသည်များမှာ ကောက်ညှင်းကျည်တောက်သည်

အိုးပုတ်သည် ၊ ဆန်ဖြင့်ပြုလုပ်သောမြန်မာမုန့်မျိုးစုံဆိုင်များ၊ မုန့်ဟင်းခါးသည် ၊ လဘ္ကရည်ဆိုင် စသည်ဖြင့်မျိုစုံလှပေသည်

ပျော်ရွှင်ဖွယ်တာယာလိမ့်ပွဲ

ပျော်ရွှင်ဖွယ်များအဖြစ် သာရေကွင်းပစ်၊ ဘောလုံးပစ်၊ တာယာဂွေလိမ့်ကစာနည်၊ ပစ္စည်းများမဲဖောက်ခြင်း ၊ ခြားရဟတ်များ

စသည်ဖြင့်အမျိုးစုံလှပေသည်

ဘုရားပွဲ နှစ်ည တွင် မြတရာအငြိမ့် နှင့်ဖျော်ဖြေသည်ကို

မြတရာအငြိမ့်အဖွဲ့ကလဲအားကြိုးမာန်တက်

တွေ့ရှိရပေသည် အခြားဖျော်ဖြေပွဲအဖြစ် စည်တော်ကြီးအဖွဲ့၊ ခြင်းအလှခတ်

ပြိုင်ပွဲများကျင်းပကြသည်ကိုမြင်တွေ့ရပေသည်

စည်တော်ကြီးနဲ့ရိုးရာမပျက်တူပျော်နွဲ

ဘုရားပုရ၀ဏ်

မြန်မာသံစဉ်နဲ့လ၀န်းအိမ်

်အတွင်းဆောက်လုပ်ထားသောဇရပ်များ ဓမ္မရုံများတွင်

အရှေ့မုဒ်ရှိဘုရာကိုဆွမ်းတော်ပွဲများကြည်ညိုဖွယ်ကပ်လှူထားစဉ်

လူများလှူဘွယ်ပစ္စည်းများဖြင့်တွေ့ရ၍ မေးကြည့်ရာ

ဇရပ်ဒကာ ဓမ္မရုံဒကာများ နှင့် ၄င်းတို့၏ အဆက်အနွယ်မျာဖြစ်ကြကြောင်း

ဘုရားပွဲည တွင် မိတ်ဆွေများအားဧည့်ခံကျွေးမွေး ခြင်းဖြစ်ကြောင်းသိရှိခဲ့

ရပါသည် နောက်နေ့အာရုံတက်တွင်သံဃာများအားဆွမ်လောင်းလှူ ပြီးမှ

အိမ်ပြန်ကြကြောင်းသိရှိရပါသည်

အိမ်တော်ရာဘုရားပွဲနှင့်ပက်သက်၍ထူခြားချက်မှာ နယ်မှလူများအလာများ

သည်ကိုတွေ့ရှိရပါသည် ထို့ကြောင့်ပင်ထင်ပါသည်လူကြီးများပြောသည်

ကိုကြားဖူးသည်မှာ ယခင်ကအငြိမ့်းများဇာတ်များအသစ်ဖွဲ့စည်းပြီးစတင်

ကပြပါကအိမ်တော်ရာမှစတင်ကပြကြကြောင်း ကြေးမဆိုကြကြောင်း

နယ်မှလူများအကြည့်များကြ၍ အိမ်တော်ရာဘုရားပွဲတွင်အောင်မြင်ပေါက်

သွားပါကသူတို့အတွက်အမြတ်ဖြစ်သောကြောင့်ဟုပြောဆိုသံကြားဖူးပါသည်

အိမ်တော်ရာဘုရားပွဲကို ရှေးအစဉ်အဆက်ကပင်ဘုန်းတော်ကြီးများကသာစီမံအုပ်ချုပ်ခဲကြကြောင်းတွေ့

ရှိရပါသည် မန္တလေးမြို့တည်ခုနှစ်သည်မြန်မာသက္ကရာဇ်၁၂၂၁ ဖြစ်၍

မန္တလေးထက်ရှေးကျသောအိမ်တော်ရာစေတီကို မန္တလေးရောက်ကြလျှင်

ဖြင့်ရောက်အောင်ဝင်ဖူးကြည့်ကြပါလို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်

အသဲတယားယားနဲ့အော်လို့ကောင်းတဲ့ခြားရဟတ်

မတူရင်မတုနဲ့

ဘုရားပွဲညေ၇ာက်ခိုက်မှတ်တမ်းတင်ထားသောပုံလေးများလဲမရောက်

လိုက်သောသူများအတွက်တင်ပေးလိုက်ပါတယ်

ဘုရားသုံးဆူ တုန်းကအားပေးကြသောအဖွဲ့သားများကိုလည်းကျေးဇူး

အထူးတင်ရှိပါကြောင်း ဒီနေရာကနေတပါတည်းပြောကြားလိုက်ပါကြောင်း

ုံ

About unclegyi1974

sun moon has written 27 post in this Website..

1974Ipass10st 1980IpassBSC(physc)