မြန်မာပြည်မှာ အများကြီးပါ..

winkyawaungOctober 20, 20101min976
စစ်သူကြီး နပိုလီယံ

ငါလိုလူစား အများကြီးပါ..

ခေတ်ကြီးကိုတော့ အပြစ်ဆို
ကိုယ့်ကိုယ်ကိုတော့ အကောင်းပြော..
အပြစ်ပြောတဲ့သူတွေကို မချစ်ဘူး ။

ဟိုဘက်အိမ်က မောင်ကြံ ဆိုတဲ့ကောင်
ကြောင်တောင်တောင် ဖြစ်နေပြီတဲ့မောင်
သူ့ကိုယ်သူ “နပိုလီယံ” တဲ့..။

“ဟ“ ဟုတ်ပမလား ကဗျာဆရာ…
မကြာသေးမီက နိုင်ငံခြားပြန်
ကုမ္မဏီကြီးတွေမှ ဒါရိုက်တာ။

ရှုး.. ရှုး.. တိုးတိုးပြောစမ်းပါ
အပြင်မှာ ဘယ်သူတွေရှိသလဲကွာ
သူဘာပဲပြောပြော..သူငယ်ချင်းရာ
နပိုလီယံအစစ်ဆိုတာ…..ကျူပ်ပါဗျာ ကျူပ်ပါဗျာ…။

ဆရာကြီးဦးရွှေအောင် အား ဤကဗျာဖြင့် ကန်တော့လိုက်ပါသည်။

6 comments

  • winkyawaung

    October 20, 2010 at 5:47 pm

    အပယ်ခံ ကဗျာကလေး တစ်ပုဒ်ဖြစ်ပါတယ်..။

  • kai

    October 20, 2010 at 8:12 pm

    ဒါဆိုရင်တော့ နိဂုံးမကောင်းဘူး..။ တကျွန်းပို့ခံရပြီးဇတ်သိမ်းမယ်..။

  • winkyawaung

    October 21, 2010 at 3:07 am

    မြန်မာပြည်က အရူးတွေကို တကျွန်းပို့လည်း ရောဂါက ပျောက်မှာ မဟုတ်ပါဘူး.။ ပိုပြီးတောင် ဘဝင်မြင့်သွားနိုင်ပါတယ်ဗျာ..။

  • ghost

    October 21, 2010 at 3:35 am

    သူငယ်ချင်းတို့ရေ နပိုလီယံ ကြားရင် စိတ်ဆင်းရဲနေပါမယ်ကွာ အာဏာရူးတာတူပေမဲ
    ၁။လက်နက်မရှိတဲ့ပြည်သူ…
    ၂။ဘုန်းကြီးတွေ
    နပိုလီယံ သတ်ပြီးအောင်ပွဲခံတာ မကြားမိပါဘူး။

  • char too lan

    October 21, 2010 at 6:15 am

    ghost ပြောတာထောက်ခံတယ် !!

  • draungkyawkyawoo

    October 22, 2010 at 9:15 am

    မောင်ကြံကလည်း ကိုကြီးကြောင်တို့ အမျိုးပဲကိုး ။

Leave a Reply