ကိုယ်ရေးအကျဉ်း

cherrywineOctober 21, 20101min530

ငါဟာ ဘာပါလိမ့် …
ပြောင်မြောက်တဲ့ ဟာသနဲ့
အချိန်တိုင်း သရုပ်ဆောင်နေ။
တစ်ခါတစ်ရံလည်း ညှို့တက်သေးရဲ့
သားကောင်ကို အမြဲရှာဖွေနေတဲ့
မုဆိုးလို …။
ဘီးလူးခေါင်းစွပ်တဲ့ မင်းသားလိုလဲ
ကြောက်မလားလို့ ဖြဲခြောက်ချင်သေး။
ဖြစ်ချင်တာကတော့ …
အေးမြတဲ့ ရွက်စိမ်းလေးပါပ။ဲ
ပန်းဖြစ်ရတာ ကောင်းပေမဲ့
ကြောက်မိတယ် .. ။